ငြိမ်းချမ်းရေးသတင်း

စစ်ကောင်စီ၏ အင်အားသုံး ထိုးစစ်ဆင်မှုကို ကောင်းမွန်စွာခုခံနိုင်ကြောင်း ကိုးကန့်ထုတ်ပြန်

မဲခေါင် 6 Sep - 2021
ကိုးကန့်တပ်ဖွဲ့ – MNDAA ဒေသဖြစ်သည့် မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသတွင် စက်တင်ဘာလ ၅ရက်၌ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်ဖြင့် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဖွဲ့က ကောင်းမွန်စွာ ခုံခံနိုင်ကြောင်း ကိုးကန့်ဘက်က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၅ရက် နံနက်ပိုင်းက ဟဲ့ရှမ်နှင့် လုံခမ်ဒေသအခြေချ စစ်ကောင်စီ၏ အမြှောက်တပ်က MNDAA တပ်များကို ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်သလို လူအင်အား ၂၀၀ခန့်ကို မြေပြင်စစ်ကြောင်း ၃ကြောင်းခွဲကာလည်း ထိုးစစ်ဆင်ခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးကျည်ဆန် ၆၀၀ ခန့်ပစ်ခတ်ခဲ့ပြီး MNDAA ဘက်က စစ်သည်တစ်ဦးကျဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စက်တင်ဘာလ ၅ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ ထိုးစစ်ကို

ကိုးကန့်တပ်ဖွဲ့ – MNDAA ဒေသဖြစ်သည့် မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသတွင် စက်တင်ဘာလ ၅ရက်၌ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်ဖြင့် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဖွဲ့က ကောင်းမွန်စွာ ခုံခံနိုင်ကြောင်း ကိုးကန့်ဘက်က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၅ရက် နံနက်ပိုင်းက ဟဲ့ရှမ်နှင့် လုံခမ်ဒေသအခြေချ စစ်ကောင်စီ၏ အမြှောက်တပ်က MNDAA တပ်များကို ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်သလို လူအင်အား ၂၀၀ခန့်ကို မြေပြင်စစ်ကြောင်း ၃ကြောင်းခွဲကာလည်း ထိုးစစ်ဆင်ခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးကျည်ဆန် ၆၀၀ ခန့်ပစ်ခတ်ခဲ့ပြီး MNDAA ဘက်က စစ်သည်တစ်ဦးကျဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၅ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ ထိုးစစ်ကို MNDAA က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီအထိနာပြီး နောက်ပြန်ဆုတ်သွားကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် MNDAA ဘက်သို့ အပြင်းအထန်တိုက်ခိုက်နေပြီး ဒရုန်းယာဉ်များသုံးကာ ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ကိုးကန့်ဘက်က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ငြိမ်းချမ်းရေးသတင်း

ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးဟောင်း စန်းပွင့် ကွယ်လွန်သည့်အပေါ် “ဝ” တပ်ဖွဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဩဇာအာဏာကြီးမားခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင့် ဗိုလ်မှူးကြီး(ငြိမ်း)စန်းပွင့် ကွယ်လွန်ခဲ့သည့်အပေါ် အထူးတုန်လှုပ်ပြီး နှမျောတသဖြစ်ရကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ “ဝ”က သဝဏ်လွှာတစ်စောင်
ငြိမ်းချမ်းရေးသတင်း

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်၏ စွပ်စွဲပြောဆိုမှုများက ငြိမ်းချမ်းရေးအတွက် အလွန်ထိခိုက်ဟု RCSS တုံ့ပြန်

RCSS အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲပြောဆိုမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ထိခိုက်ရသည်ဟု RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက
ငြိမ်းချမ်းရေးသတင်း

မိုင်းကိုင်တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုင်းကိုင်မြို့နယ်အနီး လွယ်တွမ်းတောင်ကြော တစ်လျှောက်တွင် RCSS နှင့် တပ်မတော်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်ကမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ရက် ညနေ ၃နာရီခွဲခန့်က တပ်မတော်ဘက်မှ ရဟတ်ယာဉ်
ငြိမ်းချမ်းရေးသတင်း

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့်ပြီဟု ဗိုလ်မှူးကြီးစိုင်းငင်းပြော

နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ NRPC တွင် ဖေဖော်ဝါရီလ ၁၈ရက်တွင် ကျင်းပခဲ့သည့်