ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

မဲခေါင်၊ မတ် ၂၁

စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

လာမယ့် ဩဂုတ်လထဲမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေရဲ့ နှစ်ပတ်လည်ညီလာ ခံအဖြစ် တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာ BRICS အစည်းအဝေးကျင်းပဖို့ရှိနေပြီး ပူတင် ပုံမှန် တက်ရောက်လေ့ရှိတဲ့ အစည်းအ‌‌ဝေးဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ရောမဥပဒေ (Rome Statute) ကို လက်မှတ်ရေးထိုးထောက်ခံထားတဲ့အတွက် ပူတင် နိုင်ငံထဲ ရောက်လာပါက ဖမ်းဆီးပေးရမယ့် တာဝန်ရှိနေပါတယ်။

ဒါပေမယ့် တောင်အာဖရိကနိုင်ငံဟာ ယူကရိန်းကျူးကျော်စစ် ဆင်နွှဲတဲ့ရုရှားကို ကုလသမဂ္ဂ ရှုတ်ချပွဲအဖြစ်

လက်မှတ်ကောက်ခံရာမှာ ကြားနေအဖြစ်သာ မသိချင်ယောင်ဆောင်နေခဲ့တဲ့ ၃၄ နိုင်ငံထဲ ပါဝင်နေခဲ့သလို အရင်ကလည်း ICC ၀ရမ်းထုတ်ခဲ့တဲ့ ဆူဒန်သမ္မတဟောင်း အိုမာအယ်လ်ဘာရှီယာ လာတုန်းကလည်း ဖမ်းဆီး ခြင်းမပြုခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဇွန်လက ဂျိုဟန်နက်စ်ဘတ်မြို့ အာဖရိကသမဂ္ဂ အစည်းအဝေးမှာ အယ်လ်ဘာရှီယာ တက်ရောက်လာချိန် ICC ရဲ့ ဖမ်း၀ရမ်းအတိုင်း လုပ်ဆောင်ဖို့ အဲဒီအချိန်က သမ္မတဂျက်ကော့ဘ်ဇူးမား ကိုယ်တိုင် ငြင်းဆိုခဲ့ဘူးပါတယ်။

ဒီနေ့အထိလည်း တောင်အာဖရိကဟာ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေဆဲဖြစ်ပြီး BRICS အစည်းအဝေးမှာလည်း ပူတင်ကို ဖမ်းပေးဖို့ ငြင်းဆိုလိမ့်မယ်လို့ theeastafrican မီဒီယာက သုံးသပ်ဖော်ပြခဲ့ပါတယ်။

Ref: theeastafrican

#MeKongNews

#BRIC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ
ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။