ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင် 10 Mar - 2023
မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၀

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဟာ ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း ထိုင်းနိုင်ငံ တစ်ဝန်း အကျဉ်းထောင်တွေက စံချိန်စံညွှန်းတွေနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ် ၆၅ စာမျက်နှာပါ တစ်နှစ်တာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ထောင်ကထွက်လာသူတချို့ရဲ့ ပြောဆိုမှုအရ ငွေကြေးပေးပြီး ဝယ်နိုင်ရင် ထောင်တွေထဲမှာ ဆေးလိပ်သောက်ခန်း၊ လေအေးပေးစက်ပါတဲ့ အခန်း၊ တီဗီ စိတ်ကြိုက်ကြည့်နိုင်တဲ့အခန်းတွေမှာ နေလို့ရတယ်လို့ သိရပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ထိုင်းအကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဆစ်သီဆူတီးဝေါင်က မဟုတ်မမှန် သတင်းများသာဖြစ်တယ်လို့ ငြင်းဆိုသွားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မတိုင်ခင်က ထိုင်းအကျဉ်းထောင်တွေမှာ သီးခြား သတ်မှတ်ပေးထားတဲ့ အဆောင်ပြင်ပ နေရာမှာ ဆေးလိပ်သောက်ခွင့်အတိုင်းအတာတစ်ရပ်ပေးခဲ့ပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကြောင့် ၂၀၁၉ ခုနှစ်ကနေစလို့ ထောင်တိုင်းဟာ ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဆေးရွက်ကြီး ရောင်းချသူတွေကိုပါ နှိမ်နင်း အပြစ်ပေးတယ်လို့ ဆူတီးဝေါင်က ရှင်းပြ ပါတယ်။

လေအေးပေးစက် တပ်ထားတဲ့ အကျဉ်းခန်း တစ်နိုင်ငံလုံးမှာမရှိဘဲ အခန်းတိုင်း ပန်ကာသာ သုံးခွင့်ပေးကြောင်း၊ ရုပ်မြင်သံကြားကြည့်ရှုခွင့်ကို အထူးသတ်မှတ်အချိန်၊ သတ်မှတ် အစီအစဉ်တွေမှာသာ ဉာဏ်ပညာ မြင့်မားတိုး တက်စေရေး၊ တရားနာနိုင်ရေးတွေအတွက် ပြသပြီး ကိုယ့်စိတ်ကြိုက် လိုင်းပြောင်းကြည့်ခွင့်မျိုး မရှိဘူးလို့ ဆက် လက်ရှင်းလင်းပြောကြားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တစ်နှစ်တာအစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံထောင်းသားစာရင်း ၆ ရာခိုင်နှုန်းလျော့ကျသွားကြောင်း၊ ဆေးခြောက်မှုနဲ့ကျခံနေရသူ ၃၀၀၀ ကို လွှတ်ပေးလိုက်လို့လည်း ထောင်သားနှုန်း ကျဆင်းသွားရတာဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ထောင်ပေါင်း ၁၄၃ ခုမှာ ၁၀၆ ခုက နိုင်ငံတကာ အကျဉ်းထောင်စံချိန်စံညွှန်းတွေနဲ့ မညီဘဲ အခန်းကျဉ်းထဲ ထောင်သားများစွာ ပြည့်ကျပ်နေထိုင်ရတာမျိုး၊ ငါးဖမ်း ပိုက်ထုတ်လုပ်မှုမှာ ထောင်သားတွေလုပ်အားကို အနိုင်ကျင့်အသုံးပြုနေဆဲဖြစ်ကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှတ်တမ်းအရ ထိုင်းမှာ နိုင်ငံခြားသားအကျဉ်းသား ၇၂၈၈ ယောက်ရှိနေပြီး ထောင်သားအားလုံးရဲ့ ၂.၈ ရာခိုင်နှုန်း ရှိကြောင်း၊ ပြည်ပအကျဉ်းသားတွေထဲမှာ မြန်မာအကျဉ်းသားအများဆုံး အဖြစ် ၄၆ ရာခိုင်နှုန်းအထိရှိနေပြီး မြန်မာပြီးရင် လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ နိုင်ဂျီးရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ပါကစ္စတန် အကျဉ်းသားတွေ အစဉ်အလိုက် များပြားတည်ရှိတယ်လို့ ဆိုပါတယ်။

Ref: thethaiger
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဟူသီအဖွဲ့ထံ ဒုံးကျည်ပစ္စည်းများနှင့် IRGC တပ်မှူးများကို အီရန် ပို့ဆောင်ခဲ့

မဲခေါင်၊ ဇူလိုင် ၂၄ ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

မဲလ်ဘုန်းတွင် အမျိုးသမီး ၂ ဦးကို နေ့ခင်းကြောင်တောင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ရန် ကြိုးစားသူကို ခွေးတစ်အုပ်လိုက်ဆွဲ

မဲခေါင်၊ ဇူလိုင် ၁၇ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကိုယောင်းဆင်ခြေဖုံးရပ်ကွက်ရှိ ဂါဒီနာချောင်းဧရိယာတွင် အမျိုးသမီး ၂ ဦး မနက်ခင်းလမ်းလျှောက်ထွက်စဉ် အမျိုးသားတစ်ဦး ခြုံထဲမှ ခုန်ထွက်လာပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက် မှုပြုလုပ်ရာ ခွေးတစ်အုပ်က လိုက်ဆွဲသဖြင့် အသည်းအသန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လိင်တူချစ်သူ ဆန့်ကျင်ရေးသမား နာဇီလက်သစ်ဝါဒီ မာလာဆဗန်ဂျာလိုင်းဘစ်ချ် လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံမည်

မဲခေါင်၊ ဇူလိုင် ၁၇ ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now