ကမ္ဘာ့သတင်း

ထိုင်ဝမ် အစွန်အဖျားကျွန်းတွေကိုပေးတဲ့ ရေအောက်အင်တာနက်လိုင်းတွေ တရုတ်သင်္ဘော ၂ စီး ဖြတ်တောက်သွား

မဲခေါင် 8 Mar - 2023
မဲခေါင်၊ မတ် ၈ ထိုင်ဝမ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံအဖြစ် ရပ်တည်နေချိန် တရုတ်က သူတို့ပိုင်နယ်မြေလို့ တစ်လျှောက်လုံး သတ်မှတ် ခြိမ်းခြောက်နေတဲ့ အနေအထားမှာ ဒီလပိုင်းထဲ တရုတ်သင်္ဘော ၂ စီးက ထိုင်ဝမ် အစွန်အဖျားဒေသ ကျွန်းတွေကို ပေးတဲ့ ရေအောက် အင်တာနက် ကေဘယ်ကြိုးတွေကို ဖြတ်တောက်သွားကြောင်း APnews က ဖော်ပြသွားခဲ့ပါတယ်။

မဲခေါင်၊ မတ် ၈

ထိုင်ဝမ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံအဖြစ် ရပ်တည်နေချိန် တရုတ်က သူတို့ပိုင်နယ်မြေလို့ တစ်လျှောက်လုံး သတ်မှတ် ခြိမ်းခြောက်နေတဲ့ အနေအထားမှာ ဒီလပိုင်းထဲ တရုတ်သင်္ဘော ၂ စီးက ထိုင်ဝမ် အစွန်အဖျားဒေသ ကျွန်းတွေကို ပေးတဲ့ ရေအောက် အင်တာနက် ကေဘယ်ကြိုးတွေကို ဖြတ်တောက်သွားကြောင်း APnews က ဖော်ပြသွားခဲ့ပါတယ်။

ကျွန်းနိုင်ငံငယ်လေး ဖြစ်တာကြောင့် ရေအောက် အင်တာနက် ကေဘယ်လိုင်းကို အားထားပြီး အလုပ်အားလုံး လည်ပတ်နေရတဲ့ ထိုင်ဝမ်ရဲ့ အစွန်အဖျားက ကျွန်းတွေဟာ တရုတ် ကုန်းမကြီးနဲ့ နီးကပ်စွာ တည်ရှိနေချိန် တရုတ် သင်္ဘောတွေက အင်တာနက် ကေဘယ်ကို ဖြတ်တောက်သွားလို့ စီးပွားရေး၊ လူမှုရေး အားလုံး ဒုက္ခရောက် နေရပြီ ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ အကြီးဆုံး အင်တာနက် ထောက်ပံ့ပေးတဲ့ ချောင်ဟွာ တယ်လီကွန်း ကုမ္ပဏီက သူတို့ လူဦးရေ ၁၄,၀၀၀ နေထိုင်တဲ့ ထိုင်ဝမ် အစွန်အဖျားက မတ်ဆုကျွန်းကို ပေးထားတဲ့ ပင်လယ် ရေအောက် အင်တာနက် ကေဘယ်ကြိုး ၂ ချောင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့က တရုတ်ငါးဖမ်းသင်္ဘော တစ်စီးက ဖြတ်တောက်သွားပြီး တရုတ်ဘက် မောင်းဝင်သွားကြောင်း၊ နောက် ၆ ရက်အကြာမှာ တရုတ်ကုန်တင်သင်္ဘော တစ်စီးက ကျန်ရှိနေ သေးတဲ့ ကေဘယ်တစ်ခုကို ဖြတ်သွားလို့ အင်တာနက်တွေ ဒီကျွန်းပေါ် မရနိုင်တော့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမှာ အကန့်အသတ်ရှိလွန်းတဲ့ မိုက်ခရိုဝေ့ဗ် ရေဒီယို ထုတ်လွှင့်မှုစနစ် ကြားခံသုံးပြီး စာတစ်ကြောင်းပို့ဖို့ နာရီနဲ့ချီ စောင့်ဆိုင်းရတဲ့ စနစ်ကို ဒေသတွင်း ကျွန်းသူကျွန်းသားတွေ သုံးနေရပြီး ဈေးရောင်းတာ၊ ဆေးခန်းကြိုတင်တုံကင်ယူတာ၊ နိုင်ငံခြား ခရီးသွား လုပ်ငန်းတွေ ကြိုတင် လက်မှတ် စီစဉ်တာ၊ မိသားစုချင်း ဆက်သွယ်တာတွေမှာ အားလုံး ကမောက်ကမ ဖြစ်နေရပါတယ်။

တရုတ် အစိုးရဟာ ယူကရိန်းကို ရုရှား ကျူကျော်မှု စတင်ပြီးနောက်ပိုင်း ထိုင်ဝမ်ပိုင်နက်တွေထဲ အစဉ်အမြဲ ဆိုသလို တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်ပြီး ခြိမ်းခြောက်မှုတွေ မြှင့်တင် လုပ်ဆောင်နေတဲ့ အတွက် ထိုင်ဝမ်ကို စစ်တိုက်ပြီး သိမ်းပိုက်ဖို့ ပိုနီးစပ်လာကြောင်း နိုင်ငံရေး သုတေသီတွေက သုံးသပ် နေကြပါတယ်။

ယူကရိန်းကို ရုရှား စတင်ကျူးကျော်တော့လည်း အင်တာနက် နည်းပညာ သုံးမရအောင် ဦးဆုံး ဗျူဟာချမှတ်ပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ပုံစံအတိုင်း တရုတ်ကလည်း ထိုင်ဝမ်ကို အင်တာနက် ဖြတ်တောက်မှုတွေ စတင်လာတာ ဖြစ်မယ်လို့ ယူဆနေသူတွေလည်း အများအပြား ရှိပါတယ်။

Ref: apnews
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဟူသီအဖွဲ့ထံ ဒုံးကျည်ပစ္စည်းများနှင့် IRGC တပ်မှူးများကို အီရန် ပို့ဆောင်ခဲ့

မဲခေါင်၊ ဇူလိုင် ၂၄ ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

မဲလ်ဘုန်းတွင် အမျိုးသမီး ၂ ဦးကို နေ့ခင်းကြောင်တောင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ရန် ကြိုးစားသူကို ခွေးတစ်အုပ်လိုက်ဆွဲ

မဲခေါင်၊ ဇူလိုင် ၁၇ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကိုယောင်းဆင်ခြေဖုံးရပ်ကွက်ရှိ ဂါဒီနာချောင်းဧရိယာတွင် အမျိုးသမီး ၂ ဦး မနက်ခင်းလမ်းလျှောက်ထွက်စဉ် အမျိုးသားတစ်ဦး ခြုံထဲမှ ခုန်ထွက်လာပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက် မှုပြုလုပ်ရာ ခွေးတစ်အုပ်က လိုက်ဆွဲသဖြင့် အသည်းအသန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လိင်တူချစ်သူ ဆန့်ကျင်ရေးသမား နာဇီလက်သစ်ဝါဒီ မာလာဆဗန်ဂျာလိုင်းဘစ်ချ် လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံမည်

မဲခေါင်၊ ဇူလိုင် ၁၇ ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now