ကမ္ဘာ့သတင်း

စစ်အာဏာသိမ်းလွန်းတဲ့နိုင်ငံဖြစ်တာတောင် ဒီမိုကရေစီအညွှန်းကိန်းမှာ ထိုင်း အဆင့်အမြင့်ဆုံး မြင့်တက်

မဲခေါင် 5 Mar - 2023
မဲခေါင်၊ မတ် ၅ မကြာသေးခင်က Economist Intelligence Unit (EIU) ထုတ်ပြန်တဲ့ ကမ္ဘာ့ ဒီမိုကရေစီစံညွှန်းအညွှန်း ကိန်းမှာ ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းလွန်းတဲ့ နိုင်ငံဖြစ်တဲ့ကြားက အဆင့်အမြင့်ဆုံး ခုန်တက်လာခဲ့လို့ အံ့ဩမှုတွေရှိနေကြပါတယ်။

မဲခေါင်၊ မတ် ၅

မကြာသေးခင်က Economist Intelligence Unit (EIU) ထုတ်ပြန်တဲ့ ကမ္ဘာ့ ဒီမိုကရေစီစံညွှန်းအညွှန်း ကိန်းမှာ ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းလွန်းတဲ့ နိုင်ငံဖြစ်တဲ့ကြားက အဆင့်အမြင့်ဆုံး ခုန်တက်လာခဲ့လို့ အံ့ဩမှုတွေရှိနေကြပါတယ်။

ထိုင်းမှာ မကြာခဏစစ်တပ်က အာဏာသိမ်းပြီးနောက်ဆုံးအာဏာသိမ်းမှုအဖြစ် ၂၀၁၄ မေ ၂၂ ရက်က သိမ်းခဲ့ပြီး စစ်ခေါင်းဆောင် ပရာယွတ်ဟာ လက်ရှိ နိုင်ငံဝန်ကြီးချုပ်တာဝန်ကိုယူထားတဲ့ကြားက ၂၀၂၁-၂၀၂၂ ဒီမိုကရေစီ အညွန်းကိန်းမှာ ထိုင်းဟာ အဆင့် ၇၇ ကနေ ၅၅ နေရာအထိ ခုန်တက်ခဲ့တာဖြစ်ပါတယ်။

EIU ဟာ ဒီမိုကရေစီအညွှန်းကိန်းထုတ်ပြန်ရာမှာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို စာရင်းသွင်းခဲ့ပြီး အာဖဂန်နစ္စတန် ပြီးရင် စစ်အာဏာသိမ်းမြန်မာက အဆိုးရွားဆုံး နိုင်ငံတွေအဖြစ် ရပ်တည်ကြောင်း ဖော်ပြခဲ့တယ်။

ဒီအညွှန်း ကိန်းမှာ စံချိန်စံညွှန်းအဖြစ် ဒီမိုကရက်တစ်ကျန်းမာကြံ့ခိုင်မှုအခြေအနေ၊ အပြည့်အ၀ ဒီမိုကရေစီစနစ်ကနေ အာဏာရှင်စနစ်ကြား သတ်မှတ်ချက် ၁၀ မျိုး၊ နိုင်ငံ့ကျန်းမာရေးနဲ့ စီးပွားရေးတိုးတက်မှု၊ ဒီမိုကရေစီအရေးနဲ့ ဖိနှိပ်မှုအဆင့်သတ်မှတ်ချက်တွေကို ထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်။

စစ်အာဏာမကြာခဏ သိမ်းနေတဲ့ အာဏာရှင်နိုင်ငံက ဒီမိုကရေစီအညွန်းကိန်း တစ်နှစ်အတွင်းအမြင့်ဆုံး ခုန်တက်သွားခြင်းအပေါ် နိုင်ငံရေးသုတေသီ ဘော့စကော့က အခုလို သုံးသပ်ပြခဲ့ပါတယ်။

“လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ရဲ့အာဏာရ ပါတီကို ယှဉ်ပြိုင်ပြီး တချို့သောရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေ အနိုင်ရနေကြတာ ရှိတယ်။ ဒီတော့ ဖိနှိပ်မှုရှိသလို ဒီမိုကရေစီလမ်းဖွင့်ပေးထားနိုင်တဲ့ အနေအထားလည်းရှိတယ်။ ထိုင်းဟာ အရှေ့ တောင်အာရှနိုင်ငံတွေထဲမှာ အစောဆုံးကိုဗစ် တင်းကျပ်စည်းမျဉ်းတွေကို ဖြေလျှော့ပေးနိုင်တဲ့ နိုင်ငံလည်းဖြစ်ခဲ့တယ်”

ဆက်လက်ပြီး ဘော့စကော့ “စစ်တပ်က အာဏာသိမ်းရမှာ မြို့ထဲတင့်ကားတွေလှည့်ပြပြီး နိုင်ငံပိုင်ရုပ်သံကနေ အာဏာသိမ်းကြောင်း ကြေညာလိုက်တာနဲ့ သွေမြေတစ်စက်မှမကျဘဲ ပြီးသွားတယ်။ နိုင်ငံစီးပွားရေးလည်း မထိခိုက်သလို ပိုပြီးတောင် မြင့်တက်လာနိုင်တယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဟွမ်ဆန်ရဲ့ ကမ္ဘောဒီးယားလည်း ဖိနှိပ်မှုတွေလုပ်ပေမယ့် ဒီမိုကရေစီအညွှန်းကိန်းမှ မြင့်တက်လာတာပဲ။ ထိုင်းလည်း ဒီသဘောပဲ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့လို့ ဒီမိုကရေစီအညွှန်းကိန်းမှာ အဆင့်မြင့်တက်လာတာဖြစ်တယ်” လို့ ရှင်းလင်းပြောကြားသွားပါတယ်။

MKF – 001
Ref: thethaiger

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဟူသီအဖွဲ့ထံ ဒုံးကျည်ပစ္စည်းများနှင့် IRGC တပ်မှူးများကို အီရန် ပို့ဆောင်ခဲ့

မဲခေါင်၊ ဇူလိုင် ၂၄ ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

မဲလ်ဘုန်းတွင် အမျိုးသမီး ၂ ဦးကို နေ့ခင်းကြောင်တောင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ရန် ကြိုးစားသူကို ခွေးတစ်အုပ်လိုက်ဆွဲ

မဲခေါင်၊ ဇူလိုင် ၁၇ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကိုယောင်းဆင်ခြေဖုံးရပ်ကွက်ရှိ ဂါဒီနာချောင်းဧရိယာတွင် အမျိုးသမီး ၂ ဦး မနက်ခင်းလမ်းလျှောက်ထွက်စဉ် အမျိုးသားတစ်ဦး ခြုံထဲမှ ခုန်ထွက်လာပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက် မှုပြုလုပ်ရာ ခွေးတစ်အုပ်က လိုက်ဆွဲသဖြင့် အသည်းအသန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လိင်တူချစ်သူ ဆန့်ကျင်ရေးသမား နာဇီလက်သစ်ဝါဒီ မာလာဆဗန်ဂျာလိုင်းဘစ်ချ် လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံမည်

မဲခေါင်၊ ဇူလိုင် ၁၇ ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now