ကမ္ဘာ့သတင်း

သား ၂ ယောက်ကို ထောင်နှစ်ရှည်ချတဲ့တရားရုံးကို ကားမှာဗွီနိုင်းကြီးထောင်ပြီး ဖခင်က ကျေးဇူးတင်ကြောင်းပြသ

မဲခေါင် 1 Mar - 2023
မဲခေါင်၊ မတ် ၁ သားအငယ် ၂ ယောက်လုံးကို တစ်သက် ပြန်မတွေ့ရတော့တဲ့ နှစ်ရှည်ထောင်ဒဏ်ချတဲ့ တရားရုံးနဲ့ ရဲဌာနကို အထူး ကျေးဇူးတင်ကြောင်း ကားမှာ ရုပ်ရှင်ဆိုင်းဘုတ် ကြော်ငြာသလို ဗွီနိုင်းကြီးချိတ်ပြီး မြို့ပတ်နေတဲ့ ဖခင်တစ်ဦးရဲ့ အဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁

သားအငယ် ၂ ယောက်လုံးကို တစ်သက် ပြန်မတွေ့ရတော့တဲ့ နှစ်ရှည်ထောင်ဒဏ်ချတဲ့ တရားရုံးနဲ့ ရဲဌာနကို အထူး ကျေးဇူးတင်ကြောင်း ကားမှာ ရုပ်ရှင်ဆိုင်းဘုတ် ကြော်ငြာသလို ဗွီနိုင်းကြီးချိတ်ပြီး မြို့ပတ်နေတဲ့ ဖခင်တစ်ဦးရဲ့ အဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ နောင်ဟန်ရဲစခန်းက အမှုကို စိစစ်ပြီး ယူဒွန်သာနီ တရားရုံးက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဖခင်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ သား ၂ ယောက်ကို တစ်ယောက်က ၂၅ နှစ်၊ တစ်ယောက်က ၃၃ နှစ်ရှိတဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အမှုအသွားအလာ ကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ ဖခင်ကြီး အူအိုင်ကာပရာဒစ်ဟာ မြေပမာဏ ၃၂,၀၀၀ ကုဗမီတာ ပိုင်ဆိုင်ပြီး သား ၄ ယောက်ရှိတဲ့အနက် အငယ် ၂ ယောက်က အမွေအဖြစ် မြေကွက်ခံစားခွင့် တောင်းတာကို မပေးလို့ ပထမတစ်ကြိမ် အိမ်လာပြီး လေးခွနဲ့ပစ်ကာ ဒုတိယတစ်ကြိမ်မှာ ပုစိန်နဲ့ပါ အသေခုတ်သတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သားတစ်ဦးဖြစ်တဲ့ ပရီးဒါးက သူ့ညီငယ် ၂ ယောက်ဖြစ်တဲ့ ဘန်လန်းနဲ့ ဘွန်ချန်းတို့ဟာ ဖခင်ကို သတ်ဖို့ကြိုးစား လို့ အပြန်အလှန် သတ်ပုတ်ကြရင်း အားလုံး ဒဏ်ရာတွေ အသီးသီးရခဲ့ကြကြောင်း၊ မနှစ်က စက်တင်ဘာ ၈ ရက်နေ့မှာ လူသတ်ဖို့ ကြိုးစားမှု ဖြစ်ခဲ့တာဖြစ်ကြောင်း KhaoSod သတင်းက ဖော်ပြပါတယ်။

ဒါကြောင့် သား ၂ ယောက်ကို စီရင်ချက်ချပြီးချိန်မှာ ဖခင်ကာပရာဒစ်က ဗွီနိုင်းပေါ် “နောင်ဟန်ရဲတပ်ဖွဲ့နဲ့ ယူဒွန်သာနီ တရားရုံးကို ကျေးဇူး အထူးတင်ပါတယ်။ သားတွေအတွက် ကံကြီးထိုက်မှုဟာ နောင်ဘ၀ မကူးခဲ့ဘူး” ဆိုတဲ့ စာသားရေးပြီး တရားရုံး၊ ရဲစခန်းနဲ့ အိမ်အနီးအနား တစ်ဝိုက် ကားနဲ့ပတ်မောင်း နေခဲ့တာ ဖြစ်ပါတယ်။

သတင်းသမားတွေက ထောင်ဒဏ် ၃၃ နှစ်ကျသွားတဲ့ ဘွန်ချန်ရဲ့ ဇနီးသည် ဆန်သနီကို အင်တာဗျူးမှု မှာတော့ အထက်က ဖော်ပြပါ အကြောင်းတရားတွေနဲ့ မကိုက်ညီဘဲ စွဲချက်တွေဟာ မမှန်ကန်ဘူးလို့ ဖြေကြားခဲ့ပြီး အသေးစိတ်ကိုတော့ မပြောပြခဲ့ပါဘူး။

ဆွေမျိုးလည်း တော်စပ်တဲ့ အိမ်နီးချင်း ဆူနန် ဆိုသူက ဘွန်ချန်ဟာ လူကောင်းလူတော် တစ်ယောက် ဖြစ်ကြောင်း၊ ဖခင်ဖြစ်သူကို အမြဲ ငွေကြေးရှာဖွေ ထောက်ပံ့ခဲ့ကြောင်း၊ ပြဿနာ မတက်မီ ဖခင်ကို ဘွန်ချန်က ဘတ် ၆၀,၀၀၀ အထိ ပေးခဲ့တာကို မိန်းကလေးငယ်တွေနဲ့ ဖောက်ပြန်ပျော်ပါးခြင်းနဲ့ ကုန်စေခဲ့လို့ ဖခင်ကို ပြောမိရာက ဒေါသထွက်ခံရတာဖြစ်ကြောင်း၊ နောက်ဆုံး ဖြစ်စဉ်က နေမကောင်းတဲ့ မိခင်ကို ညီအစ်ကို ၂ ယောက် တွေ့ခွင့်ရဖို့ မိဘအိမ်အသွား ပေးမဝင်လို့ အစ်ကိုတော်သူ ပရီးဒါး၊ ဖခင်ဖြစ်သူတို့နဲ့ ရန်ဖြစ်ကြတာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Ref: thethaiger
MKF-001
#MeKongNews
#ထိုင်းနိုင်ငံ
#နောင်ဟန်ရဲစခန်း
#KhaoSod

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဟူသီအဖွဲ့ထံ ဒုံးကျည်ပစ္စည်းများနှင့် IRGC တပ်မှူးများကို အီရန် ပို့ဆောင်ခဲ့

မဲခေါင်၊ ဇူလိုင် ၂၄ ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

မဲလ်ဘုန်းတွင် အမျိုးသမီး ၂ ဦးကို နေ့ခင်းကြောင်တောင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ရန် ကြိုးစားသူကို ခွေးတစ်အုပ်လိုက်ဆွဲ

မဲခေါင်၊ ဇူလိုင် ၁၇ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကိုယောင်းဆင်ခြေဖုံးရပ်ကွက်ရှိ ဂါဒီနာချောင်းဧရိယာတွင် အမျိုးသမီး ၂ ဦး မနက်ခင်းလမ်းလျှောက်ထွက်စဉ် အမျိုးသားတစ်ဦး ခြုံထဲမှ ခုန်ထွက်လာပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက် မှုပြုလုပ်ရာ ခွေးတစ်အုပ်က လိုက်ဆွဲသဖြင့် အသည်းအသန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လိင်တူချစ်သူ ဆန့်ကျင်ရေးသမား နာဇီလက်သစ်ဝါဒီ မာလာဆဗန်ဂျာလိုင်းဘစ်ချ် လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံမည်

မဲခေါင်၊ ဇူလိုင် ၁၇ ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now