ကမ္ဘာ့သတင်း

၁၉၁၆က ပို့လိုက်တဲ့စာ ဒီနေ့မှ ရည်ညွှန်းလိပ်စာကို ရောက်ရှိလာ

မဲခေါင် 17 Feb - 2023
ပထမကမ္ဘာစစ်လယ်ကာလ ၁၉၁၆ ခုနှစ်က ပို့လိုက်တဲ့ စာတစ်စောင်ဟာ ဒီနေ့ ရာစုနှစ်တစ်ခုကျော်ကြာပြီးမှ လိပ်မူတဲ့ နေရာကို ရောက်ရှိလာခဲ့ကြောင်း CNN သတင်းက ဖော်ပြပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၇

ပထမကမ္ဘာစစ်လယ်ကာလ ၁၉၁၆ ခုနှစ်က ပို့လိုက်တဲ့ စာတစ်စောင်ဟာ ဒီနေ့ ရာစုနှစ်တစ်ခုကျော်ကြာပြီးမှ လိပ်မူတဲ့ နေရာကို ရောက်ရှိလာခဲ့ကြောင်း CNN သတင်းက ဖော်ပြပါတယ်။

ဒီစာကို လန်ဒန်မြို့၊ ဟမ်းလတ်လမ်းကို ပြီးခဲ့တဲ့ ၂နှစ်လောက်က ရောက်ရှိနေတာဖြစ်ပြီး လိပ်စာပါ နေရာထိုင်ခင်း အနေအထားကတော့ နှစ်ပေါင်းများစွာကြာလို့ ရှုပ်ထွေးပြောင်းလဲတဲ့အနေအထားကြောင့် သူတို့အဆောက်အအုံကို ရောက်ရှိလာတာဖြစ်တယ်လို့ စာလက်ခံရရှိထားသူ ဖင်လေဂလန်းက ဖွင့်ဟပါတယ်။

“စာရေးသားပေးပို့တဲ့ နှစ်ကို ၁၆ လို့ ရေးထားတော့ ၂၀၁၆ ဖြစ်မယ် ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရင်မကြီးတံဆိပ် ခေါင်းမဟုတ်ဘဲ ဘုရင်တစ်ပါး တံဆိပ်ခေါင်းဖြစ်နေတော့ ၂၀၁၆ မဟုတ်နိုင်ဘူးလို့ တွေးမိလာတယ်။ စာအိပ်က လည်း အရမ်းအိုဟောင်းနေပြီ။ ဒါကြောင့် ဒေသဆိုင်ရာသမိုင်းသုတေသီတွေဆီ ဒီရက်ထဲစာသွားပေးပြီး လေ့လာစေခဲ့တော့မှာ ၁၉၁၆ ခုနှစ်က ပို့တဲ့စာဖြစ်မှန်း သိရတယ်။ တစ်ပဲနိတန် ဂျော့ချ်ဘုရင် – ၅ တံဆိပ်ခေါင်းနဲ့ပါ။ အဲလိဇဘတ်ဘုရင်မကြီး -၂ မမွေးခင် ဆယ်စုနှစ်တစ်စုကျော်ကတည်းက ပို့လိုက်တဲ့စာဖြစ်နေခဲ့တယ်” လို့ ၂၇ နှစ်အရွယ် ဖင်လေဂလန်းက ပြောဆိုပါတယ်။

သမိုင်းပညာရှင်တွေနဲ့တိုင်ပင်ပြီးမှ စာအိတ်ဖောက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ စာပို့လုပ်ငန်း အက်ဥပဒေ ၂၀၀၀ အရ သူတစ်ပါးစာကို ဖောက်ဖတ်ခွင့်မရှိတာသိပါတယ်။ ဒါပေမဲ့ ကျွန်တော် ရာဇဝတ်မှုကျူးလွန်မိတာမျိုးဆိုရင်လည်း တောင်းပန်ရုံပဲ တတ်နိုင်တော့မယ်လို့ ဖင်လေဂလန်းက ဆိုပါတယ်။

ဒီစာကို ဒေသခံ သမိုင်းသုတေသီ Norwood Review မဂ္ဂဇင်း အယ်ဒီတာ စတီဖင်အောက်စ်ဖို့ဒ်က “အရမ်း အံ့ဩရသလို အရမ်းလည်း ကျေနပ်ပီတိဖြစ်ရတယ်။ ချစ်လှစွာသော ကေတီဆိုပြီး လိပ်မှုပေးပို့ထားတယ်။ ဒေသခံ တံဆိပ်ခေါင်းလုပ်ငန်းသူဌေး အိုစဝဲလ်မာ့ရှ်က ဇနီးသည် ကေတီဆီ လိပ်မူထားတဲ့စာပါ။ လက်ဖက်ရည်ကုန်သည်ကြီး ဟင်နရီတုခဲရဲ့ သမီး ခရစ္စတာဘယ်မန်နယ်က ရေးပေးထားတာ။ သူတို့ လူကုံထံမိသားစုတွေ အပန်းဖြေထွက်နေကြ အင်္ဂလန်အနောက်ပိုင်း ဘတ်သ်ဒေသကို ရောက်တုန်းရေးပို့ခိုင်းလိုက်တာ” လို့ ဖွင့်ဟသွားတယ်။

စာကို လက်ခံရရှိခဲ့တဲ့ ဖင်လေဂလန်းက ဘယ်လိုဖြစ်ပြီး ၁၉၁၆ ခုနှစ်က စာ ရောက်လာသလဲစုံစမ်းပေမယ့် သဲလွန်စကို မရနိုင်ခဲ့ကြောင်း၊ စာက လန်ဒန်အရှေ့တောင်ပိုင်းက ဆီဒန်ဟန် စာတိုက်လိပ်စာအမှတ်နဲ့ ဖြစ်တာပဲ သိရပြီး ဟိုးတုန်းကတည်းက ပို့ထားတဲ့စာဟာ စာတိုက်ထဲ တစ်ချောင်ချောင်ကပ်ပြီး ပျောက်နေခဲ့ရာက အခုမှ တွေ့ပြီး လိပ်စာအတိုင်း ပို့ပေးတာမျိုးလို့သာ ယူဆနိုင်ကြောင်း ပြောသွားခဲ့ပါတယ်။

MKF – 001
Ref: trib

MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဟူသီအဖွဲ့ထံ ဒုံးကျည်ပစ္စည်းများနှင့် IRGC တပ်မှူးများကို အီရန် ပို့ဆောင်ခဲ့

မဲခေါင်၊ ဇူလိုင် ၂၄ ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

မဲလ်ဘုန်းတွင် အမျိုးသမီး ၂ ဦးကို နေ့ခင်းကြောင်တောင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ရန် ကြိုးစားသူကို ခွေးတစ်အုပ်လိုက်ဆွဲ

မဲခေါင်၊ ဇူလိုင် ၁၇ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကိုယောင်းဆင်ခြေဖုံးရပ်ကွက်ရှိ ဂါဒီနာချောင်းဧရိယာတွင် အမျိုးသမီး ၂ ဦး မနက်ခင်းလမ်းလျှောက်ထွက်စဉ် အမျိုးသားတစ်ဦး ခြုံထဲမှ ခုန်ထွက်လာပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက် မှုပြုလုပ်ရာ ခွေးတစ်အုပ်က လိုက်ဆွဲသဖြင့် အသည်းအသန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လိင်တူချစ်သူ ဆန့်ကျင်ရေးသမား နာဇီလက်သစ်ဝါဒီ မာလာဆဗန်ဂျာလိုင်းဘစ်ချ် လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံမည်

မဲခေါင်၊ ဇူလိုင် ၁၇ ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now