ကမ္ဘာ့သတင်း

မြန်မာ့ဒုက္ခသည်ဦးရေ တိုးလာနိုင်သဖြင့် အကူအညီလိုအပ်နေကြောင်း ကုလထုတ်ပြန်

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံခန့်က လူသားချင်း စာနာနားလည်မှုဆိုင်ရာ အကူအညီအထောက်အပံ့တွေ လိုအပ်နေပြီလို့ မြန်မာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံခန့်က လူသားချင်း စာနာနားလည်မှုဆိုင်ရာ အကူအညီအထောက်အပံ့တွေ လိုအပ်နေပြီလို့ မြန်မာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ဒါရိုက်တာ ဒန်နီရယ်ပီ ဆူလီဗန်က မြန်မာနိုင်ငံရဲ့ နိုင်ငံ့ လူဦးရေ သုံးပုံတစ်ပုံအထိ လူသားချင်း စာနာနားလည်မှုဆိုင်ရာ အကူအညီအထောက်အပံ့တွေ လိုအပ်နေပြီလို့ ခန့်မှန်းထားပါတယ်။

Refugees International ရဲ့ အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဒါရိုက်တာဖြစ်တဲ့ ဆူလီဗန်က စစ်အာဏာသိမ်းဖို့ မြန်မာနိုင်ငံမှာ ကြိုးစားနေမှုက နှစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ တစ်နိုင်ငံလုံးလည်း အတိဒုက္ခ တွေရောက်နေကြရပြီး ပြန်လည်နေရာချထားပေးရမယ့်ကိစ္စတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကလည်း မြေပြင်ကို အလုံးစုံ မရောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

နေအိမ်စွန့်ခွာထွက်ပြေးရသူဟာ ၁.၅ သန်းကနေ လာမယ့်တစ်နှစ်အတွင်း ၂.၄ သန်းအထိ တိုးလာမှာဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်မပါရှိဘူးလို့ ဆိုပါတယ်။

နှစ်နှစ်ကြာ အာဏာသိမ်းမှုအတွင်း အမေရိကန်အပါအဝင် နိုင်ငံကြီးတွေက စစ်ကောင်စီကို ပုဂ္ဂိုလ်ရေးပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ၊ ပူးပေါင်း ပိတ်ဆို့မှုတွေ၊ လက်နက်၊ လောင်စာ၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့က ဝင်ငွေမရှိအောင် အရေးယူခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်တွင်း တောင်ကြားနယ်စပ်မကျန် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေ တကယ့်မြေပြင်ရောက်ရှိစေဖို့ ချက်ချင်းလိုအပ်နေပြီး လှူဒါန်းတဲ့နိုင်ငံတွေက ပိုလှူစေကာ စစ်ကောင်စီကို ပိုမိုဖိအားပေးဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

MKF-001

#ပြည်တွင်းဒုက္ခသည် #ကုလသမဂ္ဂ

Ref: refugeesinternational

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဟူသီအဖွဲ့ထံ ဒုံးကျည်ပစ္စည်းများနှင့် IRGC တပ်မှူးများကို အီရန် ပို့ဆောင်ခဲ့

မဲခေါင်၊ ဇူလိုင် ၂၄ ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

မဲလ်ဘုန်းတွင် အမျိုးသမီး ၂ ဦးကို နေ့ခင်းကြောင်တောင် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ရန် ကြိုးစားသူကို ခွေးတစ်အုပ်လိုက်ဆွဲ

မဲခေါင်၊ ဇူလိုင် ၁၇ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကိုယောင်းဆင်ခြေဖုံးရပ်ကွက်ရှိ ဂါဒီနာချောင်းဧရိယာတွင် အမျိုးသမီး ၂ ဦး မနက်ခင်းလမ်းလျှောက်ထွက်စဉ် အမျိုးသားတစ်ဦး ခြုံထဲမှ ခုန်ထွက်လာပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက် မှုပြုလုပ်ရာ ခွေးတစ်အုပ်က လိုက်ဆွဲသဖြင့် အသည်းအသန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လိင်တူချစ်သူ ဆန့်ကျင်ရေးသမား နာဇီလက်သစ်ဝါဒီ မာလာဆဗန်ဂျာလိုင်းဘစ်ချ် လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံမည်

မဲခေါင်၊ ဇူလိုင် ၁၇ ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ဧပြီလကတည်းက ပျောက်နေသည့် ကမ္ဘာ့ကြီးဆုံး ငါးမန်းဖြူကြီး အတ္တလန္တိတ်သမုဒ္ဒရာတွင် ပြန်ပေါ်လာ

မဲခေါင်၊ ဇူလိုင် ၁၇ မှတ်တမ်းပြုစုနိုင်သမျှထဲ ကမ္ဘာ့အကြီးဆုံး ငါးမန်းဖြူကြီးအဖြစ် စံချိန်တင်မှတ်တမ်းဝင်ခဲ့သော “ပြိုင်ဘက်”ဟု အမည်ပေးထားသည့် ငါးမန်းဖြူကြီးသည် ဧပြီ ၂၃ ရက်က ခြေရာခံအချက်ပြစနစ်တွင် နောက်ဆုံးတည်နေရာ သိရပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ ဇူလိုင် ၁၄ ရက်အရောက်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now