ကမ္ဘာ့သတင်း

ပူတင်နေအိမ်အား ဒရုန်းဖြင့် မတိုက်ခိုက်ခဲ့ဟု ယူကရိန်း ငြင်းဆို

မဲခေါင် 30 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၀ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်တစ်လုံးကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသော ရုရှားတို့၏ စွပ်စွဲမှုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ငြင်းဆိုလိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို လမ်းလွဲအောင် မော်စကိုက လုပ်နေသည်ဟု ပြောသည်။ ရုရှားနိုင်ငံ၊ အ‌နောက်မြောက်ပိုင်း နော့ဗ်ဂိုရော့ဒေသရှိ ပူတင်၏ နိုင်ငံတော်နေအိမ် တစ်လုံးကို ဒရုန်း ၉၁ စီးဖြင့် ယမန်နေ့ညတွင် ယူကရိန်းက တိုက်ခိုက်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ဆိုသည်။ ပူတင်၏နေအိမ်ဆီသို့ ပစ်လွှတ်လိုက်သည်ဆိုသော ဒရုန်း ၉၁ စီးစလုံးကို ကြားဖြတ်ပစ်ချခဲ့ကာ ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များက ဖျက်ဆီးပစ်ခဲ့သည်ဟု အင်စတာဂရမ်ပေါ်မှ ထုတ်ပြန်ချက်တွင် လက်ဗ်ရော့က ဆိုသည်။ ယင်းတိုက်ခိုက်မှုကြောင့်

မဲခေါင်၊ ဒီဇင်ဘာ ၃၀

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်တစ်လုံးကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသော ရုရှားတို့၏ စွပ်စွဲမှုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ငြင်းဆိုလိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို လမ်းလွဲအောင် မော်စကိုက လုပ်နေသည်ဟု ပြောသည်။

ရုရှားနိုင်ငံ၊ အ‌နောက်မြောက်ပိုင်း နော့ဗ်ဂိုရော့ဒေသရှိ ပူတင်၏ နိုင်ငံတော်နေအိမ် တစ်လုံးကို ဒရုန်း ၉၁ စီးဖြင့် ယမန်နေ့ညတွင် ယူကရိန်းက တိုက်ခိုက်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ဆိုသည်။

ပူတင်၏နေအိမ်ဆီသို့ ပစ်လွှတ်လိုက်သည်ဆိုသော ဒရုန်း ၉၁ စီးစလုံးကို ကြားဖြတ်ပစ်ချခဲ့ကာ ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များက ဖျက်ဆီးပစ်ခဲ့သည်ဟု အင်စတာဂရမ်ပေါ်မှ ထုတ်ပြန်ချက်တွင် လက်ဗ်ရော့က ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခြင်း ၊ ပျက်စီးမှုများ မဖြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းနှင့်အတူ ငြိမ်းချမ်းရေးဆွေး‌‌နွေးပွဲမှ ၎င်းတို့၏ အနေအထားကို ပြန်လည်သုံးသပ်သွားမည်ဟု ရုရှားကပြောသည်။

“နိုင်ငံ‌တော် အကြမ်းဖက်မှုဝါဒဆီ ကူးပြောင်းသွားတဲ့ အပြစ်သား ကိဗ်အစိုးရရဲ့ နောက်ဆုံးပြိုကွဲမှုကို ထောက်ရှုရရင် ရုရှားရဲ့ ညှိနှိုင်းဆွေးနွေးမှု အနေအထားကို ပြန်သုံးသပ်ရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ရုရှားကစွပ်စွဲထားသော တိုက်ခိုက်မှု ဖြစ်ချိန်၌ ပူတင် မည်သည့်နေရာတွင် ရှိနေသည်မှာ ရှင်းရှင်းလင်းလင်း မရှိ‌ပေ။

ထိုပြောဆိုမှုများမှာ ယူကရိန်းကို ဆက်လက် တိုက်ခိုက်နိုင်ရေး အကြောင်းပြချက်တစ်ခု ကရင်မလင်ကပေးရန် ရည်ရွယ်ထားသော ရုရှားတို့၏ ထုံးစံ လိမ်ညာမှုများ ဖြစ်ကြောင်း ဇီလန်စကီးက ပယ် ချပြောဆိုသည်။

“ အခုအချိန်မှာ ကမ္ဘာကြီးက နှုတ်ဆိတ်မနေဖို့ အရေးကြီးပါတယ်။ ရေရှည်ငြိမ်းချမ်းရေး ရရှိနိုင်မယ့်အလုပ်ကို အားနည်းသွားအောင် ရုရှားက လုပ်ဆောင်မှာကို ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး” ဟု ၎င်းက X လူမှုကွန်ရက်တွင် ပြောသည်။

သို့ရာတွင် အမေရိကန်နှင့် ညှိနှိုင်းဆွေး‌နွေးမှု လုပ်ငန်းစဉ်မှ ထွက်ခွာသွားရန် ရုရှားက မရည်ရွယ်ကြောင်း လက်ဗ်ရော့က ဆက်လက် ပြောကြားခဲ့ကြောင်း ရုရှားအစိုးရ တာ့စ် သတင်းဌာနက ဖော်ပြသည်။

အမေရိကန်သမ္မတ ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့ နှစ်ဦး စစ်ပွဲအဆုံးသတ်နိုင်ရန် ပြန်ပြင်ထားသော ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပြီးနောက် မော်စကို၏ ယင်းပြောကြားမှုများ ထွက်လာခြင်း ဖြစ်သည်။

စစ်ပွဲကို ၂၀၂၆ ခုနှစ်တွင် အဆုံးသတ်နိုင်ဖွယ်ရှိကြောင်း ဖလော်ရီဒါတွေ့ဆုံပွဲ အပြီးတွင် ယူကရိန်းသမ္မတက ‌ဖောက်စ်သတင်းဌာနကို ပြောကြားခဲ့သည်။

အေးကျော်
Ref: BBC
#MeKongNews
#ပူတင်နေအိမ်
#ဒရုန်း
#ယူကရိန်း
#ငြင်းဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now