ကမ္ဘာ့သတင်း

အမေရိကန် ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုတွင် ငြိမ်းချမ်းရေးအား အခြိမ်းခြောက်ဆုံးမှာ ပူတင်မဟုတ်ဘဲ ရှီကျင့်ဖျင် ဟုဆိုထား

မဲခေါင် 27 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၇ အမေရိကန်အစိုးရ ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုအရ ယနေ့ကမ္ဘာကြီး ငြိမ်းချမ်းရေးအား အခြောက်လှန့်ဆုံးသူမှာ ပူတင်မဟုတ်ဘဲ တရုတ်သမ္မတ ရှီကျင့်ဖျင်သာ ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ကမ္ဘာနှစ်ခြမ်းကွဲပြီး နျူကလီးယား တတိယကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလာနိုင်မှုတွင် တရုတ်နှင့် ရှီကျင့်ဖျင်ကသာ အ ခရာကျနေပြီး ရုရှားနှင့် ပူတင်ထက် အဆပေါင်းများစွာ ပိုအန္တရာယ်ကြီးကြောင်း Lau အင်စတီကျုမှ တရုတ်အရေး လေ့လာသူ ပရော်ဖက်ဆာ ကယ်ရီဘရောင်းက သုံးသပ်သည်။ လက်ရှိ ယူကရိန်း ကျူးကျော်စစ်ကို ရုရှား ဆင်နွှဲနေမှုတွင် နေတိုးနှင့် ဥရောပနိုင်ငံများ ရုရှားနှင့် စစ်ဖြစ်လာနိုင်သည့် အနေအထားမျိုးသာ အဆိုးဆုံးအဆင့် ဖြစ်နိုင်ပြီး ထိုင်ဝမ်အား ကျူးကျော် သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားသည့်

မဲခေါင်၊ ဒီဇင်ဘာ ၂၇

အမေရိကန်အစိုးရ ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုအရ ယနေ့ကမ္ဘာကြီး ငြိမ်းချမ်းရေးအား အခြောက်လှန့်ဆုံးသူမှာ ပူတင်မဟုတ်ဘဲ တရုတ်သမ္မတ ရှီကျင့်ဖျင်သာ ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

ကမ္ဘာနှစ်ခြမ်းကွဲပြီး နျူကလီးယား တတိယကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလာနိုင်မှုတွင် တရုတ်နှင့် ရှီကျင့်ဖျင်ကသာ အ ခရာကျနေပြီး ရုရှားနှင့် ပူတင်ထက် အဆပေါင်းများစွာ ပိုအန္တရာယ်ကြီးကြောင်း Lau အင်စတီကျုမှ တရုတ်အရေး လေ့လာသူ ပရော်ဖက်ဆာ ကယ်ရီဘရောင်းက သုံးသပ်သည်။

လက်ရှိ ယူကရိန်း ကျူးကျော်စစ်ကို ရုရှား ဆင်နွှဲနေမှုတွင် နေတိုးနှင့် ဥရောပနိုင်ငံများ ရုရှားနှင့် စစ်ဖြစ်လာနိုင်သည့် အနေအထားမျိုးသာ အဆိုးဆုံးအဆင့် ဖြစ်နိုင်ပြီး ထိုင်ဝမ်အား ကျူးကျော် သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားသည့် ရှီကျင့်ဖျင်သာ တကယ်တမ်း သိမ်းပိုက်ပါက အမေရိကန်သည်လည်း ထိုင်ဝမ်ဘက်မှ မဟာမိတ်အဖြစ် စစ်တလင်း ဖြစ်ပွားလာမှုမှ စတင်ပြီး တရုတ် မဟာမိတ်များနှင့် အမေရိကန် မဟာမိတ်များ ကမ္ဘာနှစ်ခြမ်းကွဲကာ နျူကလီးယား စစ်ပွဲကြီး ဖြစ်ပွားလာနိုင်ကြောင်း ကယ်ရီဘရောင်းက သုံးသပ်ခဲ့သည်။

တရုတ်သည် မကောင်းဆိုးဝါးဝင်ရိုးတန် ၃ နိုင်ငံအဖြစ် မြောက်ကိုရီးယား၊ ရုရှားတို့နှင့် မဟာမိတ် လုပ်ထားသည်သာမက ပါကစ္စတန်နှင့်အီရန်ကိုလည်း သံမဏိ ညီအစ်ကိုတော်နိုင်ငံများအဖြစ် မဟာမိတ် ဖွဲ့ထား သ လို အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိကအစရှိသည့် နိုင်ငံများပါဝင်သော BRICS အဖွဲ့တွင်လည်း ဩဇာအကြီးဆုံး အဖြစ် ရပ်တည်နေသည်။

အမေရိကန်သည်လည်း နေတိုးမဟာမိတ်အဖွဲ့၏ အကြီးမားဆုံး မဟာမိတ်အဖြစ် ဥရောပနှင့် မိတ်ဖွဲ့ထားရာ လက်ရှိ အကြောက်တရားမရှိဆုံး ခေါင်းဆောင်များ ဖြစ်သည့် ရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ကြောင့် ထိုင်ဝမ် အရေး ဖြစ်လာ ပါက ကမ္ဘာနှစ်ခြမ်းကွဲပြီး နျူကလီးယား လက်နက်များ အကုန်ထုတ်သုံးသည့် စစ်ပွဲကြီး ဖြစ် လာနိုင်ကြောင်း၊ စီးပွားရေး အင်အားအကြီးဆုံး ၂ နိုင်ငံ စစ်ဖြစ်ပါက ကျန်တစ်ကမ္ဘာလုံးမှ စီးပွားရေးများလည်း ပြိုလဲကာ ကြောက်စရာ အကောင်းဆုံး ကမ္ဘာပျက်စစ်ကြီး ဖြစ်သွားနိုင်ကြောင်း ကယ်ရီဘရောင်းက သုံးသပ်ပြော ဆိုသည်။

ယခုရက်ပိုင်းများအတွင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှ စစ်တမ်း ပြုစုထားသော ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှုတွင် တရုတ်သည် စျေးပေါသော်လည်း အဆင့်မြင့် နည်းပညာများဖြင့် စစ်လက်နက်၊ ဒုံးကျည်၊ နျူကလီးယား လက်နက်များ အများအပြား ထုတ်လုပ်ထားမှုကြောင့် တကယ်စစ်ဖြစ်ခဲ့လျှင် အမေရိကန်၌ရှိသည့် ဖိုက်တာဂျက်များ၊ သင်္ဘောများ၊ ဂြိုဟ်တုဆက်သွယ်ရေး စနစ်များအင်အားမှာ လုံလောက်သော တိုက်ဖျက်အားမျိုး ရှိမနေနိုင်သဖြင့် တရုတ်သာ စစ်နိုင်လောက်သည်ဟု စစ်တမ်းပြုထားသည့် အဆိုကိုလည်း မြင်သိကြရသဖြင့် လက်ရှိ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံးသူမှာ ရှီကျင့်ဖျင်သာ ဖြစ်သည်ဟု ပရော်ဖက်ဆာ ကယ်ရီဘရောင်းက သုံးသပ်သွားခြင်း ဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#လျှို့ဝှက်ချက်
#ငြိမ်းချမ်းရေး
#ရှီကျင့်ဖျင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now