မဲခေါင်၊ ဒီဇင်ဘာ ၂၂
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်တွင် ၂ စီးမြောက် ရေနံတင်သင်္ဘောကို အမေရိကန် ကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်များပေါ်မှ ဆင်းသက်ကာ စီးနင်းသိမ်းပိုက်ပြီး နောက်တစ်ရက် ယမန်နေ့တွင်လည်း ဗင်နီဇွဲလားနှင့် ပတ်သက်သည့် နောက်ထပ် ရေနံတင်သင်္ဘောတစ်စီးကို ထပ်မံစီးနင်း သိမ်းပိုက်လိုက်ကြောင်း အမေရိကန်အစိုးရ အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
ပိတ်ဆို့အရေးယူ ခံထားရသော ရေနံတင်သင်္ဘောများ ဆက်လက်မောင်းနှင် သယ်ဆောင်နေမှု အားလုံး ဗင်နီဇွဲလားသို့ အဝင်အထွက် လုပ်နေသမျှ အကုန် သိမ်းပိုက်သွားမည်ဟု ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီးနောက် ယခု တစ်ကြိမ် ဗင်နီဇွဲလားသို့ ဦးတည် ခုတ်မောင်းနေသည့် ပနားမားအလံတင် Bella 1 ရေနံတင်သင်္ဘောအား ထပ်မံစီးနင်း သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်ဟု Bloomberg သတင်းက ဖော်ပြခဲ့သည်။
ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး အမေရိကန် ကမ်းခြေစောင့်တပ်က ဗင်နီဇွဲလား ရေနံတင်သင်္ဘောတစ်စီးကို စီးနင်းသိမ်းပိုက်ခဲ့ရာ ယခု ၂ ရက်ဆက်တိုက် နောက်ထပ် ရေနံတင်သင်္ဘော ၂ စီးကို ထပ်မံစီးနင်း သိမ်းပိုက်ခဲ့သဖြင့် ဗင်နီဇွဲလားနှင့် အမေရိကန်အကြား တင်းမာမှုများ ဆက်လက် မြင့်တက်နေပြီး ရေနံ ဓားပြတိုက်နေမှုဟု ဒေါ်နယ်ထရကို ဗင်နီဇွဲလားဘက်က တန်ပြန်ဝေဖန်ခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#ရေနံတင်သင်္ဘော
#အမေရိကန်
#စီးနင်း








