ကင်ဂျုံအန် AI စနစ်သုံး Suicide Drone များ တီထွင်စမ်းသပ်နေ
မဲခေါင်၊ မတ် ၂၇
နောက်ဆုံးပေါ် AI နည်းပညာကိုအခြေခံသည့် Suicide Drone များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ဦးစီးလမ်းညွှန်ပြီး စမ်းသပ်နေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က ထုတ်ပြန်သည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားခြင်းကြောင့် ကမ္ဘာကို ခြိမ်းခြောက်နေနိုင်သည့် မြောက်ကိုရီးယားအတွက် ယခုအသစ် ထုတ်လုပ်နေသော AI စနစ်သုံး Suicide Drone မှာ ကမ္ဘာကို ထပ်မံခြိမ်းခြောက်မှုဖြစ်သလို ယင်းဒရုန်းများအတွက် နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို ရုရှားမှ ထောက်ပံ့ပေးအပ်နေခြင်းဖြစ်ကြောင်းလည်း သုံးသပ်နေကြသည်။
မြောက်ကိုရီးယား၏ မောင်းသူမဲ့ ဝေဟင်နည်းပညာ အဖွဲ့က ယင်း AI Suicide Drone များကို ထုတ်လုပ်နေခြင်းဖြစ်ကာ KCNA ၏ ထုတ်ဖော်ပြသမှုတွင် ကင်ဂျုံအန်ကိုယ်တိုင် လမ်းညွှန်စမ်းသပ်မှုပြုလုပ်သည့်ပုံရိပ်များအရ ယင်းဒရုန်းများသည် သာမန်ဖိုက်တာဂျက်လေယာဉ်ထက်ပင် အရွယ်အစားပိုမို ကြီးမားကြောင်း မြင်တွေ့ရသည်။
ယင်းဒရုန်းအသစ်သည် မတူညီသော မဟာဗျူဟာပစ်မှတ်များစွာကို လမ်းကြောင်းရှာဖွေ စောင့်ကြည့်နိုင်သလို ရွေ့လျားနေသော ရန်သူတပ်ဖွဲ့များကိုပါ အာရုံခံပစ်မှတ်ရှာနိုင်ကာ မြေပြင်နှင့် ပင်လယ်ပြင် ပစ်မှတ်များကိုပါ နည်းစနစ်မျိုးစုံဖြင့် တိုက်ခိုက်နိုင်ကြောင်းလည်း KCNA ထုတ်ပြန်မှုအရ သိရှိရသည်။
ရုရှားသည် မြောက်ကိုရီးယားအတွက် အဆိုပါ အဆင့်မြင့်နည်းပညားနှင့် ဆက်စပ်ပစ္စည်းများပေးနေ ပြီး အပြန်အလှန်အားဖြင့် ကင်ဂျုံအန်သည် ၂၀၂၅ ခုနှစ်အတွင်း ရုရှားသို့ မြောက်ကိုရီးယား စစ်သည် နောက်ထပ် ၃၀၀၀ ထပ်မံစေလွှတ်ပူးပေါင်းတိုက်ခိုက်စေမည်ဖြစ်ကြောင်းလည်း တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းရင်းမြစ်များက ဖော်ပြနေကြသည်။
ကိုကလင်း
Ref: cryptotimes
#MeKongNews









