ကမ္ဘာ့သတင်း

ဇမ်ဘီယာနိုင်ငံ၏ အရေးပါသောမြစ်ကြီး တရုတ် ကြေးနီစီမံကိန်းကြောင့် ပျက်သုဉ်း

မဲခေါင် 16 Mar - 2025
မဲခေါင်၊ မတ် ၁၆ ဇမ်ဘီယာနိုင်ငံမှ ပြည်သူများ၏ အသက်သွေးကြောဖြစ်သော မိုင် ၉၃၀ ရှည်သော Kafue မြစ်ကြီးသည် တရုတ်အစိုးရပိုင် ကြေးနီစီမံကိန်းမိုင်းတွင်းမှ စွန့်ပစ် အက်ဆစ်များကြောင့် တစ်မုဟုတ်ချင်း ကော (ပျက်သုဉ်း) သွားခဲ့ပြီ ဖြစ်သည်။ တောင်အာဖရိက နိုင်ငံတစ်ခုဖြစ်သော ဇမ်ဘီယာသည် တရုတ်အား ကြွေးမြီဒေါ်လာ ၄ ဘီလီယံ တင်ရှိနေသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စမတ်ဖုန်းနှင့် တခြားသော နည်းပညာထုတ်ကုန်များအတွက် ကမ္ဘာ့စျေးကွက်တွင် အဓိကတင်ပို့ရာ တရုတ်အစိုးရသည် ဇမ်ဘီယာ၌ ကြေးနီ စီမံကိန်းမိုင်းတွင်းများ လုပ်ဆောင်နေရာမှ ဇမ်ဘီယာသည် ကမ္ဘာပေါ်တွင် ကြေးနီထုတ်လုပ်မှုအများဆုံး ၁၀ နိုင်ငံထဲ စာရင်းပေါက် ခဲ့ပြီး တရုတ်အစိုးရပိုင် Sino-Metals ကုမ္ပဏီမှ

မဲခေါင်၊ မတ် ၁၆

ဇမ်ဘီယာနိုင်ငံမှ ပြည်သူများ၏ အသက်သွေးကြောဖြစ်သော မိုင် ၉၃၀ ရှည်သော Kafue မြစ်ကြီးသည် တရုတ်အစိုးရပိုင် ကြေးနီစီမံကိန်းမိုင်းတွင်းမှ စွန့်ပစ် အက်ဆစ်များကြောင့် တစ်မုဟုတ်ချင်း ကော (ပျက်သုဉ်း) သွားခဲ့ပြီ ဖြစ်သည်။

တောင်အာဖရိက နိုင်ငံတစ်ခုဖြစ်သော ဇမ်ဘီယာသည် တရုတ်အား ကြွေးမြီဒေါ်လာ ၄ ဘီလီယံ တင်ရှိနေသော နိုင်ငံဖြစ်သည်။

ထို့ကြောင့် စမတ်ဖုန်းနှင့် တခြားသော နည်းပညာထုတ်ကုန်များအတွက် ကမ္ဘာ့စျေးကွက်တွင် အဓိကတင်ပို့ရာ တရုတ်အစိုးရသည် ဇမ်ဘီယာ၌ ကြေးနီ စီမံကိန်းမိုင်းတွင်းများ လုပ်ဆောင်နေရာမှ ဇမ်ဘီယာသည် ကမ္ဘာပေါ်တွင် ကြေးနီထုတ်လုပ်မှုအများဆုံး ၁၀ နိုင်ငံထဲ စာရင်းပေါက် ခဲ့ပြီး တရုတ်အစိုးရပိုင် Sino-Metals ကုမ္ပဏီမှ ကြေးနီမိုင်းတွင်းလုပ်ကွက်မှ အက်ဆစ်နှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော ဓာတ်သတ္တု လီတာ သန်း ၅၀ ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က Kafue မြစ်အတွင်း စွန့်ပစ်ခဲ့သည့်အတွက် အချိန်တိုအတွင်းမှာပင် မြစ်မှာ မြစ်ညှာမှ မိုင် ၆၀ အတွင်း ရေးစီးဆင်းမှု မရှိတော့ဘဲ ကောသွားခြင်းဖြစ်သည်။

အဆိုပါမြစ်သည် မိုင်အားဖြင့် ၉၃၀ ရှည်လျှားပြီး ဇမ်ဘီယာနိုင်ငံမှ လူဦးရေ သန်း ၂၀ အနက် ၆၀ ရာခိုင် နှုန်း မှီခိုအားထားနေရသော မြစ်ဖြစ်ကာ မြို့တော် လူဆာကာတွင် နေထိုင်သူများအပါ လူဦးရေ ၅ သန်း ၏ သောက်သုံးရေး မှီခိုအားထားရာလည်း ဖြစ်သည်။

အက်ဆစ်များစွန့်ပစ်ခြင်းကြောင့် လူဦးရေ ၇ သိန်း နေထိုင်သော Kitwe မြို့ တစ်မြို့လုံး ရေပေးဝေမှု ရပ်တန့်လိုက်ရသည့်အတွက် ဇမ်ဘီယာအစိုးရသည် လုပ်ငန်းခွင်မှ တရုတ်မန်နေဂျာ နှစ်ဦးအား ဖမ်းဆီးလိုက်ပြီး မြစ်တစ်လျှောက် ရေပြန်စီးဆင်းနိုင်ရေး ရည်ရွယ်ကာ ထုံးတန်ချိန်ရာချီပြီး မြစ်အတွင်း လိုက်လံ ကျဲဖြန့်မှုများ ပြုလုပ်ခဲ့သည်။

Ref: independent
ကိုကလင်း
#MeKongNews
#ဇမ်ဘီယာ
#မြစ်ကြီးကော
#တရုတ်စီမံကိန်း
#ကြေးနီ
#ပျက်သုဥ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now