သေဆုံးနေသည့် ဓားစာခံ မိသားစုဝင်လေးယောက် အခေါင်းများ ဟားမက်စ်က အစ္စရေးထံ ပြန်ပို့
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ထိရှလွယ်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့် ဖမ်းဆီး ဓားစာခံ ပြန်လွှတ်ပေးမှုအဖြစ် ဟားမက်စ်ဘက်က ဖေဖော်ဝါရီ ၁၉ ရက်တွင် သေဆုံးပြီးဖြစ်သော အစ္စရေး ဘီဘက်စ်မိသားစုဝင်လေးယောက် အခေါင်းများကို အစ္စရေးထံ Red Cross အဖွဲ့မှတစ်ဆင့် ပြန်ပို့ဆောင်ပေးခဲ့သည်။
၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်စစ်သွေးကြွများ အစ္စရေးနယ်စပ်မြို့သို့ အလုံးအရင်း ဝင်ရောက်ပြီး အရပ်သား ၁၂၁၁ ယောက်ကို သတ်ဖြတ်ကာ ၂၅၁ ယောက်ကို ပြန်ပေးဆွဲသွားခြင်းဖြစ်ရာ ယခင် ဓားစာခံ အယောက် ၇၀ ကို ဟားမက်စ်ဘက်မှ ပြန်လွှတ်ပေးရာတွင် သေဆုံးသူ အယောက် ၃၀ ပါဝင်ခဲ့သည်။
ယခု ၆ ပတ်တာ အပစ်အခတ်ရပ်စဲခြင်းနှင့်အတူ ပထမအဆင့် ဓားစာခံပြန်လွှတ်ရာတွင် ဦးဆုံး ပြန်လွှတ်ပေး လိုက်သော ဘိဘက်စ်မိသားစုမှာ အစ္စရေးဘက်မှ ဂါဇာအတွင်း ဗုံးကြဲတိုက်ခိုက်မှုမှ စောလျှင်စွာ သေဆုံးခဲ့သူ များဖြစ်ကြောင်း၊ မိခင် ရှီရီဘီဘက်စ်၊ ၄ နှစ်အရွယ်သားကြီး ကေဖာနှင့် ၇ လအရွယ်သားငယ် အေရီရယ်၊ တခြား ဆွေမျိုးနီးစပ် ၈၃ နှစ်အရွယ် အိုဒက်ဆိုသူတို့ အခေါင်းများကို ပြန်ပို့ပေးခြင်းဖြစ်သည်။
အခေါင်းများတွင် ဒုံးကျည်ပုံများနှင့် အမေရိကန်ဗုံးများကြောင့် ထိုမိသားစုသေဆုံးရခြင်းဖြစ်ကြောင်း စာတန်းရေးထိုးထားသလို စစ်ဝတ်စုံနှင့်ထိုင်နေသူတစ်ယောက်ပုံတွင် သွေးဆာနေသော သွေးစုပ်ဖုတ်ကောင် နက်တန်ယာဟု ဟု ရေးခြယ် ထားသည်။
ပထမအဆင့် ဓားစာခံစေလွှတ်မှုအဖြစ် ဟားမက်စ်ဘက်မှ ဓားစာခံ ၁၄ ယောက်စေလွှတ်မည်ဖြစ်ပြီး အစ္စရေး ဘက်က ဖမ်းဆီးထားသော ပါလက်စတိုင်း ၁၁၀၀ ကို ပြန်လွှတ်ပေးရမည်ဖြစ်သည်။
အစ္စရေးနှင့်ဟားမက်စ်တို့၏ စစ်ပွဲတွင် ပါလက်စတိုင်းဘက်မှ ၄၈၂၉၇ ယောက် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဟားမက်စ်ထောက်ခံ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။
Ref: nzherald
ကိုကလင်း
#MeKongNews








