နှစ်သစ်ကူးရက်မှာ ယူကရိန်းနဲ့ ရုရှား တိုက်ပွဲပြင်းထန်
မဲခေါင်၊ ဇန်နဝါရီ ၂
ရုရှားသံတမန် အမေရိကန်ကိုရောက်ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်း စစ်ပွဲအမြန်ဆုံး ငြိမ်းချမ်းရေးရရှိရေးဆွေးနွေးမှုဟာ ဘာတစ်ခုမှ နားလည်လက်ခံမှုမရဘဲ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်မှာ နှစ်နိုင်ငံစလုံး အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းအရေး ဆွေးနွေးမှုမှာ နှစ်နိုင်ငံကြား စစ်မဲ့ဇုန် မိုင် ၈၀၀ အတွင်း ယူကရိန်းဘက်က နေတိုးတပ်တွေ ကင်းလှည့်ခွင့်ပြုဖို့၊ ယူကရိန်းကို နောက်နှစ် ၂၀ အတွင်း နေတိုးအဖွဲ့ထဲမဝင်စေဖို့ စတာတွေပါတဲ့ ထရမ့်တင်ပြတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပူတင် လက်မခံနိုင်ဘဲ နောက်ဆုံးမိနစ်မှာ ဘယ်လို သဘောတူညီချက်မှ မရဘဲ ပျက်ပြယ်သွားခဲ့တာပါ။
ဒီပျက်ပြယ်မှု ပြီးတာနဲ့ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်ပေါင်းများစွာနဲ့ အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုတွေကို မြို့ပေါင်းများစွာဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်မှာ ယူကရိန်းမြို့တော် ကိဗ်နဲ့ ဆူမီဒေသကို ရုရှားရဲ့ ခရုဇ်ဒုံးကျည်များစွာ ကျရောက်ခဲ့ပြီး ယူကရိန်းရဲ့ တုံ့ပြန်မှုကြောင့် ရုရှား အော်ရိုဒေသ၊ ခရိုင်းမီးယားနဲ့ ကက်ရှ်ဒေသတွေမှာလည်း ပေါက်ကွဲပျက်စီးမှုများစွာ ရှိခဲ့ပါတယ်။
ယူကရိန်းရဲ့ ထုတ်ပြန်မှုမှာ သမိုင်းဝင်အောင်မြင်မှုအဖြစ် သူတို့ရဲ့ ပင်လယ်ဒရုန်း Magura V5 ကနေ ရုရှားရဲ့ Mi-8 ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
Ref:Thesun
MKF-001
#MeKongNews









