စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်းကို ဖမ်း၀ရမ်းထုတ်ပြီး ရုံးကို စီးနင်း
မဲခေါင်၊ ဇန်နဝါရီ ၁
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့တဲ့ သမ္မတဟောင်း ယွန်းဆက်ယိုကို ဒီဇင်ဘာ ၃၁ ရက်မှာပဲ ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးက ဖမ်း၀ရမ်းထုတ်သလို ရုံးခန်းကို ဝင်ရောက် စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
တောင်ကိုရီးယား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီက ဒီသတင်းကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖမ်းဆီး စစ်ဆေးမှာက မာရှယ်လောထုတ်ပြန်ခဲ့မှုဟာ တိုင်းပြည်သစ္စာဖောက်မှုအဆင့် ဟုတ်မဟုတ် စစ်ဆေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက တောင်ကိုရီးယားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီရဲ့ အဆင့်မြင့် ရာထူးရှိသူတွေဟာ လွှတ်တော်အမတ်တွေနဲ့ ပေါင်းပြီး သမ္မတကို အယုံအကြည်မရှိအဆိုနဲ့ ရာထူးက ဖယ်ရှား ခဲ့တာဖြစ်ပြီး စစ်ဆေးခံဖို့ အကြိမ်ကြိမ် ထုတ်ပြန်ပေမယ့် ငြင်းပယ်နေခဲ့တာကြောင့် ဖမ်း၀ရမ်းထုတ်ပြီး ဆိုးလ်မြို့လယ် သမ္မတအိမ်တော်ရုံးခန်းကိုပါ စီးနင်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီအရေးကို စောင့်ကြည့်လေလာသူတွေက ယွန်းဆက်ယိုရဲ့ သမ္မတ သက်တော်စောင့်တပ်ဟာ နိုင်ငံရဲ့ အထူးလျှို့ဝှက်ချက်တွေရှိရာ သမ္မတရုံးခန်းထဲ ရှာဖွေစီးနင်းခွင့်မရှိဥပဒေကို လက်ကိုင်ထားပြီး အဝင်မခံ၊ ရှာဖွေမခံဘဲ ခုခံကာကွယ်နေကြလို့ အာဏာပိုင်တပ်နဲ့ ပဋိပက္ခပိုဆိုးလာနိုင်လို့ ရုတ်တရက် ဖမ်း၀ရမ်း ထုတ်ပြီး ရုံးခန်းကို စီးနင်းခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။
Ref: haosodenglish
MKF-001
#MeKongNews








