အာဏာရှင်အာဆတ် ထွက်မပြေးခင် သူ့တပ်မှူး ၂၇၃ ယောက်ကို ကွပ်မျက်ပြီး ဒေါ်လာ ၁၃၅ ဘီလီယံ ယူသွား
မဲခေါင်၊ ဒီဇင်ဘာ ၁၁
ပူတင် ခိုလှုံခွင့်ပေးလိုက်တဲ့ ဆီးရီးယားပြေး အာဏာရှင်သမ္မတဟောင်း ဘာရှားအယ်လ်အာဆတ်ဟာ သူ့အာဏာ ကျရှုံးမှုအတွက် ရက်ပိုင်းအတွင်း အဆင့်မြင့်တပ်မှူး ၂၇၃ ယောက်ကို ကွပ်မျက်ခဲ့ပြီး နိုင်ငံပိုင်ငွေ ဒေါ်လာ ၁၃၅ ဘီလီယံ ခိုးယူထွက်ပြေးသွားကြောင်း သူ့လက်ထက် ဆီးရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ တစ်ဦးဖြစ်သူ ခါလစ်ဘေယီက ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့မှာ လက်နက်ကိုင် အစ္စလာမ္မစ်အတိုက်အခံတပ်တွေဟာ ဆီးရီးယားကို ရုတ်ချည်းတိုက်ခိုက် လာပြီး ကြားမှာ စေ့စပ်ညှိနိုင်းမှုလုံး၀မရှိခဲ့ဘဲ ၁၂ ရက်အတွင်း မြို့ကြီးများစွာနဲ့ နိုင်ငံတော်အာဏာကိုပါ သိမ်းပိုက်သွားမှုမှာ အာဆတ်အစိုးရအဖွဲ့ထဲ အီရန်ထောက်ခံနဲ့ ရုရှားထောက်ခံ တပ်မှူးတွေကြား ဆက်ဆံရေး ဆိုးရွားစွာ ပြိုကွဲရာက တွန်းလှန်တိုက်ခိုက်မှု လွန်စွာနည်းပါးတဲ့ အခြေအနေနဲ့ အာဆတ်ရဲ့ အာဏာရှင်ခေတ် ကျရှုံးသွားခဲ့ရတာဖြစ်ကြောင်း ခါလစ်ဘေယီက ဖွင့်ဟလာပါတယ်။
ပထမဆုံး အာဆတ်စစ်တပ်တွင်းပြိုကွဲမှုဟာ အလက်ပိုမြို့ စစ်သေနာပတိချုပ် မိုဟာမက်ဆာဖက်ဒ်လီနဲ့ ရုရှား သစ္စာတော်ခံ ဗိုလ်ချုပ်ဆူဟီးလ်ဟက်ဆန်တို့ကြား ညှိမရတဲ့ အကွဲအပြဲဖြစ်ခဲ့ရာက အလက်ပိုမြို့ကျဆုံးတဲ့နေ့က စလို့ စစ်ထောက်လှမ်းရေးနဲ့ စစ်တပ်အကြား သတင်းအချက်အလက်တွေ ပြတ်တောက်ရာက အမြန်ဆုံးနည်းနဲ့ ဒမက်စကက်မြို့ပါ ကျဆုံးသွားတာဖြစ်ပါတယ်။
ဒီ အကွဲအပြဲကာလတိုအတွင်း ရက်စက်တဲ့ အာဏာရှင် အာဆတ်ဟာ အဆင့်မြင့်တပ်မှူး ၂၇၃ ယောက်ကို ကွပ်မျက်ပြီးမှ နိုင်ငံဘဏ္ဍာ ဒေါ်လာ ၁၃၅ ဘီလီယံ ယူဆောင်ပြီး ရုရှားကို ထွက်ပြေးသွားတာဖြစ်တယ်လို့ ခါလစ်ဘေယီက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
Ref: haberler
MKF-001
#MeKongNews








