မာရှယ်လောထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ဖို့ အတိုက်အခံတွေ တောင်းဆို
မဲခေါင်၊ ဒီဇင်ဘာ ၄
အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေရှိနေခြင်းအတွက် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ မာရှယ်လောထုတ်ပြန်ခဲ့မှုကို လွှတ်တော်အမတ်တွေက နာရီပိုင်းအတွင်း မဲပေးပြီး ပြန်လည်ဖျက်သိမ်းခဲ့ရပြီးနောက် အဓိကအတိုက်အခံပါတီ ခေါင်းဆောင်တွေက သမ္မတကို ရာထူးက နှုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီစနစ် ထွန်းကားနေချိန် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် မာရှယ်လောထုတ်မှုဖြစ်လို့ လွှတ်တော်ကို စစ်တပ်က ဝိုင်းထားပြီး ၄ နာရီအတွင်း အမတ်တွေကယွန်းဆက်ယိုအမိန့်ကို မဲပေးဖျက်သိမ်း လိုက်ရခြင်းဟာ တိုင်းပြည်ပိုမို မငြိမ်မသက်ဖြစ်ရသလို ဒီမိုကရေစီ ခြိမ်းခြောက်ခံရခြင်းဖြစ်လို့ သမ္မတရာထူးက နှုတ်ထွက်ပေးဖို့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာပဲ လစ်ဘရယ်အတိုက်အခံ ဒီမိုကရက်တစ်ပါတီက တောင်းဆို လိုက်တာဖြစ်ပါတယ်။
တောင်ကိုရီးယားလွှတ်တော်မှာ အမျိုးသားညီလာခံကျင်းပချိန် သူ့ရှေ့လမ်းစဉ်တွေအပေါ် အတိုက်အခံပါတီ အမတ်တွေ ပိုမိုနေရာရထားတဲ့ လွှတ်တော်က လက်မခံခြင်းနဲ့ ပြည်သူ့ ဆန္ဒပြမှုတွေ တိုးမြင့်လာလို့ ယွန်းဆက် ယိုက အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းလိုက်တာဖြစ်ပြီး စစ်သားတွေက လွှတ်တော်ကို ဥဒဟို ဝိုင်း ပိတ်လာကြချိန် အမတ်တွေက အမြန်ဆုံး မဲပေးပြီး သမ္မတ အမိန့်ကို ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲမှာ လွှတ်တော်က ပြန်လည်ပယ်ဖျက်ပေးခဲ့တာပဲဖြစ်ပါတယ်။
တောင်ကိုရီးယားလွှတ်တော်မှာ လွှတ်တော်အမတ် ၃၀၀ ထားရှိပြီး ယွန်းဆက်ယိုရဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို အမတ်တွေ မဲ ၁၉၀-၀ နဲ့ အတည်ပြုလို့ ပြန်လည်ဖျက်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ယွန်းဆက်ယိုရဲ့ အာဏာရ ပြည်သူ့အာဏာပါတီအမတ် ၁၀ ယောက်ကတောင် စစ်အုပ်ချုပ်ရေးဥပဒေကို ဆန့်ကျင်မဲပေးခဲ့တဲအထဲမှာပါဝင် ခဲ့ပြီး အခု အတိုက်အခံ ဒီမိုကရက်ပါတီက သမ္မတ နှုတ်မထွက်ခဲ့ရင် လွှတ်တော်မှာ မဲ ၂၀၀ ပြည့်တာနဲ့ သမ္မတကို ပြစ်တင်ရှုတ်ချ ရာထူးက ထုတ်ပယ်ခွင့်ရှိနေပါတယ်။
လက်ရှိမှာ တောင်ကိုရီးယားလွှတ်တော်အမတ် ၁၉၂ နေရာ အထိကို ဒီမိုကရက်ပါတီနဲ့ မဟာမိတ်ပါတီငယ်တွေက ချုပ်ကိုင်ထားနိုင်လို့ သမ္မတ မနှုတ်ထွက်ခဲ့ရင် မဲပေးပြီး ဖြုတ်ချနိုင်ဖွယ်များနေပါတယ်။
တောင်ကိုရီးယားဟာ ၁၉၈၇ ခုနှစ်မှာစတင်ပြီး ဒီမိုကရေစီအသွင်းကူးပြောင်းခဲ့ပြီးနောက် အခုတစ်ကြိမ် စစ်အုပ် ချုပ်ရေးပြဌာန်းမှုဟာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးသော စစ်အုပ်ချုပ်ရေးပြဌာန်းမှုက စစ်အာဏာ ရှင်ဟောင်း ပတ်ချုံဟီးလုပ်ကြံခံရမှုဖြစ်စဉ်အပြီး ၁၉၇၉ ခုနှစ်က ဖြစ်ပါတယ်။
တောင်ကိုရီးယား စစ်အုပ်ချုပ်ရေး စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားမှုအရ ကာကွယ်ရေးဦးစီးချုပ် ပက်အန်ဆု အာဏာလက်လွှဲယူပြီး နိုင်ငံရေးလှုပ်ရှားမှု၊ ဆန္ဒပြမှု၊ လူစုလူဝေးမှု၊ မီဒီယာ ထိန်းချုပ်ကန့်သတ်မှု၊ ဆန္ဒပြနေတဲ့ ဆရာဝန်တွေ ၄၈ နာရီ အတွင်း လုပ်ငန်းခွင်ပြန်ဝင်ဖို့ အမိန့်တွေကို စစ်တပ်ထံ လွှဲအပ်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ပွဲအခြေအနေ သို့မဟုတ် တိုင်းပြည်အရေးပေါ် အခြေအနေမျိုးမဟုတ်ဘဲ ပြဌာန်းခွင့်မရှိလို့ ထည့်သွင်း ရေးဆွဲထားတာဖြစ်ပါတယ်။
Ref:AP
MKF-001
#MeKongNews









