မဲခေါင်၊ နိုဝင်ဘာ ၂၈
အမေရိကန်နဲ့ ဗြိတိန်ထုတ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်တိုက် ခိုက်လာတာကြောင့် ရုရှားသမ္မတပူတင်ဟာ လက်တုံ့ပြန်ဖို့ ကျိန်ဆိုထားပြီး စစ်ရေးတင်းမာမှုမြင့်တက်လွန်း လာတာကြောင့် စမ်းသပ်မှု မအောင်မြင်သေးတဲ့ ကမ္ဘာ့လူသေနိုင်မှုနှုန်းအများဆုံးလို့ သတ်မှတ်ထားတဲ့ စေတန် ( ၂ ) နျူကလီးယာဒုံးကျည်ကို ပစ်ခတ်ဖို့ အသင့်ပြင်ထားဖို့နဲ့ တပ်တော်ဝင်ဖို့ အမိန့်ပေးထားပြီဖြစ်ပါတယ်။
စေတန် ( ၂ ) နျူကလီးယားဒုံးကျည်ဟာ အလေးချိန်အားဖြင့် ၂၀၈ တန်ရှိပြီး ၁၄ ထပ်တိုက်လောက် အရွယ် ပမာဏရှိကာ တစ်နာရီ ၁၅၈၈၀ ကီလိုမီတာ အလျှင်နဲ့ ပစ်ခတ်နိုင်တာကြောင့် ကမ္ဘာမှာ သေစေနိုင်ဆုံးသော လက်နက်လို့ ဆိုပြီး RS-28 Sarmat ဆိုတဲ့ နျူကလီးယားထိပ်ဖူး ၁၅ လုံးတပ်ဆင်ကာ အကွာအဝေး မိုင် ၁၁၀၀၀ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ရုရှားရဲ့ မဟာဗျူဟာ နျူလက်နက်ဖြစ်ပါတယ်။
ရုရှားအစိုးရပိုင်မီဒီယာ Tass ရဲ့ ထုတ်ပြန်ခဲ့မှုအရ ဒီဒုံးကျည်ကို ၄ ကြိမ် စမ်းသပ်ပစ်ခတ်မှုမှာ ၂၀၂၂ ဧပြီ လက တစ်ကြိမ်သာအောင်မြင်သေးပြီး ကျန်တဲ့အကြိမ်တွေမှာမအောင်မြင်ခဲ့ဘူးလို့ သိရှိရပေမယ့် အမေရိကန်၊ နေတိုး နဲ့အနောက်အင်အားစုတွေစုပေါင်းအားကို တွန်းလှန်ခြိမ်းခြောက်နိုင်ဖို့ ပူတင်ဟာ ပစ်ခတ်နိုင်ရေး အသင့်ပြင်ထားဖို့နဲ့ တပ်တော်ဝင်ဖို့ အမိန့်ပေးထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုံးကျည်မဟာဗျူဟာတပ် ဗိုလ်မှူးကြီး ဆာဂျီကာရာကာယက်ဗ်က ပြောဆိုသွားပါတယ်။
ဒါ့အပြင် ပဉ္စမမျိုးဆက်ဖြစ်တဲ့ Yars နဲ့ Avangard တိုက်ချင်းပစ် နျူကလီးယားတင်ဆောင်နိုင်စွမ်းရှိ ဧရာမ ဒုံးကျည်တွေကိုလည်း မိတ်ဆက်ပစ်ခတ်မှုတွေလုပ်ဖို့ အသင့်ပြင်ထားကြောင်းနဲ့ လက်တုံ့ပြန်အရေးယူမှုတွေ အတွက် ပြင်ဆင်နေကြပြီလို့ ဆာဂျီကာရာကာယက်ဗ်က ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#စေတန်နှစ်
#ဒုံးကျည်
#တပ်တော်ဝင်
#ပူတင်
#နျူလက်နက်








