မဲခေါင်၊ နိုဝင်ဘာ ၂၀
ယူကရိန်းသမ္မတဇီလန်းစကီးက လက်ရှိ မြောက်ကိုရီးယားစစ်သား ၁၁၀၀၀ ရုရှားဆီ စေလွှတ်လို့ ယူကရိန်း စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်နေကြပေမယ့် ထပ်တိုးစေလွှတ်မှုတွေကြောင့် စစ်သား ၁၀၀၀၀၀ အထိ ရုရှားနဲ့ ပူးပေါင်းလာဖို့ရှိကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဥရောပပါလီမန်အစည်းအဝေးမှာ ဗီဒီယိုကနေ ပြောဆိုမှုအရ ဇီလန်းစကီးက “ လက်ရှိ ပူတင်ဟာ မြောက်ကို ရီးယားစစ်သား ၁၁၀၀၀ ကို ယူကရိန်းနယ်စပ်ကို တင်သွင်းခေါ်ယူထားတယ်။ ဒီအင်အားဟာ ၁၀၀၀၀၀ အထိ ထပ်တိုးလာဖို့ ရှိနေပါတယ်” လို့ ပြောကြားသွားတာဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ရုရှားကို သွားရောက်ပြီး ပူတင်နဲ့ နှစ်နိုင်ငံ စစ်ရေး မဟာမိတ် အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှားအတွက် ဒုံးကျည်၊ ရော့ကက်လောင်ချာ အစရှိတဲ့ လက်နက်ကြီး တွေကို အများအပြား တင်ပို့ပေးနေတဲ့အပြင် အခုနောက်ဆုံး မြောက်ကိုရီးယား အထူးစစ်သည်တော် ၁၁၀၀၀ ကိုပါ စေလွှတ်ပေးပြီး တချို့က ယူကရိန်းစစ်မျက်နှာပြင်မှာ ဝင်တိုက်နေသလို အများစုက ယူကရိန်းသိမ်းပိုက်ထားတဲ့ ရုရှားရဲ့ ကက်ရှ်ဒေသ ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ပွဲမှာ ဝင်တိုက်နေပြီး ရုရှားလေကြောင်း စစ်ချီအဖွဲ့နဲ့ ရေကြောင်း စစ်သည်အဖွဲ့တွေမှာ ပူးပေါင်း တာဝန်ထမ်းဆောင်နေကြတယ်လို့ တောင်ကိုရီးယား စပိုင်အေဂျင်စီ တစ်ခုက ထောက်လှမ်း ထုတ်ပြန်ထားပါတယ်။
ဒီလထဲ မော်စကိုကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်းဟိုင်သွားရောက်ခြင်းဟာ ရုတ်တရက်ဆန်ပြီး မူမမှန်တဲ့ အစီအစဉ်တွေကြောင့် အရေးပေါ် သွားရောက် တာဖြစ်လို့ ကင်ဂျုံအန် မော်စကိုကို နောက်တစ်ခေါက် ထပ်သွားမယ့် ခရီးစဉ် ရှိလာနိုင်သလို မြောက်ကိုရီးယား စစ်သားတွေကို ရုရှားဆီ ထပ်ပေးပို့တိုက်ခိုက်မယ့် အစီအစဉ်တွေအတွက် ဖြစ်နိုင်တယ်လို့လည်း တောင်ကိုရီးယားလွှတ်တော်အမတ် ပါ့ခ်ဆန်ဝန်က ထုတ်ဖော်ပြောဆိုသွားပါတယ်။
Ref: msn
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#စစ်သည်
#မြောက်ကိုရီးယား








