မဲခေါင်၊ အောက်တိုဘာ ၂၅
အောက်တိုဘာ ၂၄ ရက် နှောင်းပိုင်းမှာ အိန္ဒိယအရှေ့ဘက်ကမ်းခြေ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာဖို့ ရှိနေတဲ့ ဒါနာဆိုင်ကလုန်းမုန်တိုင်းဟာ အလွန်အင်အားကြီးတဲ့ ပြင်းအားအရှိတာကြောင့် ဒီဒေသမှာနေထိုင်တဲ့ လူဦးရေ ၁ . ၁ သန်းဟာ ကုန်းတွင်းပိုင်း မုန်တိုင်းရှောင် စခန်းတွေဆီ ပြောင်းရွှေ့နေထိုင်နေရပြီဖြစ်ပါတယ်။
အိန္ဒိယမိုလေဝသဗျူရိုရဲ့ ချင့်တွက်ကြေညာမှုအရ မုန်တိုင်းမျက်စိဟာ အောက်တိုဘာ ၂၅ ရက် အစောပိုင်းမှာ ကိုးလ်ကတ္တာမြို့ အနောက်တောင်ဘက် မိုင် ၁၄၀ မှာရှိတဲ့ ဒမ်ရာဒေသကို ဝင်ရောက်မှာဖြစ်ပြီး ကုန်းတွင်းပိုင်း ဝင်လာမယ့် မုန်တိုင်းတိုက်ခိုက်နှုန်းက အနည်းဆုံး တစ်နာရီ ၁၂၀ ကီလိုမီတာ (၇၄ မိုင်) အနည်းဆုံး ရှိမှာဖြစ်လို့ အလွန်ပြင်းအားရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တွက်ချက်ကြောင်းနဲ့ လူဦးရေ သန်း ၁၅၀ နေထိုင်တဲ့ အနောက် ဘန်ဂေါနဲ့ အိုဒီရှာပြည်နယ်တွေကို ဝင်ရောက်တိုက်ခိုက်သွားမှာဖြစ်လို့ ကမ်းနီးပြည်သူ ၁ . ၁ သန်းကို ကြိုတင် ရွှေ့ပြောင်းစေခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။
ဒါနာဆိုင်ကလုန်းဟာ အိန္ဒိယအပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါ သက်ရောက်မှာဖြစ်ပြီး ကမ်းခြေဒေသ တွေကို တိုက်ခတ်လာမယ့် ဒီရေလှိုင်းဟာ သာမန်ဒီရေလှိုင်းတွေထက် ၂ မီတာ (၆ . ၅ ပေ) အထိရှိမာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမှာဖြစ်လို့ ယာယီနိုင်ငံခေါင်းဆောာင် မိုဟာမက်စ်ယူနက်စ်က အစွမ်းကုန် ကြို တင်ပြင်ဆင်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို ဒီရက်ထဲ တောင်တရုတ်ပင်လယ်ကနေလာတဲ့ အပူပိုင်းမုန်တိုင်း ထရာမီကြောင့်လည်း မိုးသည်း ရေကြီးမှုတွေ ထပ်မံဖြစ်ပွားတာကြောင့် အနည်းဆုံး ၂၆ ယောက်သေဆုံးပြီး နေအိမ်ပေါင်း ၁၅၀၀၀၀ ကျော်က ပြည်သူတွေ ရွှေ့ပြောင်းနေထိုင်နေရကြောင်း အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Ref: easterneye
MKF-001













