မဲခေါင်၊ အောက်တိုဘာ ၂၂
တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ယူကရိန်းမှာလက်ရှိ ရုရှားအတွက် စစ်ဝင်တိုက်ပေးဖို့ စေလွှတ် ပေးထားတဲ့ အထူးမြောက်ကိုရီးယားစစ်သည် ၁၅၀၀ ရောက်နှင့်နေပြီး ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း နောက်ထပ် မြောက်ကိုရီးယားစစ်သည် ၁၀၀၀၀ ထပ်မံ စေလွှတ်ဖို့ ပြင်ဆင်နေကြောင်း ထုတ်ပြန်အပြီး တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုးလ်မြို့က ရုရှားကောင်စစ်ဝန်ကို ဆင့်ခေါပြီး ပြင်းပြင်း ထန်ထန် ကန့်ကွက်စကားဆိုခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေး ဒုဝန်ကြီး ကင်ဟောင်ကျန်းက ရုရှားကောာင်စစ်ဝန်ဂျော်ဂျီ ဇီနိုဗိဗ်ကို ဆိုးလ်မြို့ မှာ ဆင့်ခေါ်ပြီး ရုရှားဟာ မြောက်ကိုရီးယား စစ်သားတွေကို ခေါ်ယူအသုံးပြုနေမှုဟာ တစ်ဖက်က နျူကလီးယားလက်နက်အပါ စစ်ရေးနည်းပညာတွေကို မြောက်ကိုရီးယားဆီ ပြန်ပေးရတာဖြစ်လို့ တောင်ကိုရီးယားအတွက် ဒီအရေးဟာ ကြီးမားတဲ့ ခြိမ်ခြောက်မှုဖြစ်စေတယ်၊ ဒါကြောင့် မြောက်ကိုရီးယားစစ်သားတွေကို ရုရှားခေါ်ယူအသုံးပြုနေမှု ရပ်ဆိုင်းပြီး ပြန်စေလွှတ်ဖို့ စကားလုံး ကြမ်းကြမ်းသုံးပြီး ကန့်ကွက်ကြောင်း ပြောဆိုခဲ့ တာဖြစ်ပါတယ်။
ရုရှားကောင်စစ်ဝန်ကတော့ နိုင်ငံတော်အဆင့်ကို ခုလိုခေါ်ယူသတိပေးတာ တင်ပြမှာဖြစ်ကြောင်း ပြန်ပြောဆိုခဲ့ပြီး ရုရှားနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လုပ်ဆောင်နေတာသာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။ အမေရိကန်နဲ့ နေတိုးအဖွဲ့ကတော့ မြောက်ကိုရီးယား စစ်သားတွေ ယူကရိန်းမြေထဲ ရုရှားဘက်က ဝင်တိုက်ခိုက်နေတယ်ဆိုတာကို အတည်ပြုခြင်း မရှိသေးပါဘူး။
Ref: irishexaminer
MKF-001








