မဲခေါင်၊ အောက်တိုဘာ ၁၅
တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအကြား ဒီရက်ပိုင်းထဲ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေပြီး မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေကို အလုံးစုံ ဖောက်ခွဲဖျက်ဆီးဖို့ စီစဉ်နေ ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သွားပါတယ်။
တောင်နဲ့မြောက်ကိုရီးယားဟာ နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက် ဝါဒဖြန့် မိုးပျံပူပေါင်းတွေ လွှတ်တင်မှု၊ တောင်ကိုရီးယားဘက်က ဆောင်းဘောက်စ်တွေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ဝေဖန်မှု၊ တားမြစ်ထားတဲ့ ကေပေါ့ပ် သီချင်းတွေဖွင့်မှုတွေ လုပ်ဆောင်နေခဲ့တာ လအတော်ကြာခဲ့ပြီဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျောင်က ပြီးခဲ့တဲ့တစ်ပတ်အတွင်း တောင်ကိုရီးယားဘက်က လွှတ်တင်တဲ့ အမှိုက်သရိုက်တွေ သယ်ဆောင်လာတဲ့ ဒရုန်းပေါင်း ၃ စင်း ပြုံယမ်းမြို့ပေါ် ပျံသန်းခဲ့လို့ နောက်တစ်ကြိမ် ထပ်ပျံသန်းတာနဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကြီးမားတဲ့ ကပ်ဆိုး ဆိုက်ကပ်သွားစေရမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။
ဒါကို တောင်ကိုရီးယားဘက်ကလည်း ပြည်သူတစ်စုံတစ်ယောက် ထိခိုက်နာ ကျင်စေတာနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ အုပ်စိုးမှု ခေတ်တစ်ခေတ် ပျက်သုဉ်းသွားစေရမယ်လို့ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်က ထုတ်ပြန်ခဲ့လို့ အတင်းမာဆုံးအခြေအနေတွေ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လုံး၀ ရင်ကြားပြန်စေ့စရာမရှိတော့ကြောင်းကို မြောက်ကိုရီးယားဘက်က ပြသဖို့အရေး နှစ်နိုင်ငံ ဆက်သွယ်လမ်းမအားလုံးကို အစောဆုံး မနေ့(အောက်တိုဘာ ၁၄ ရက်) မှာပဲ ဖောက်ခွဲဖျက်ဆီးဖို့ စီစဉ်ထားပြီး ဒီ ဖျက်ဆီးမှုတွေကို ရိုက်ကူးပြသရေး လမ်းဘေးဝဲယာမှာ ပရိုဂျက်တာတွေပါ ထောင်ထားတယ်လို့ တောင်ကိုရီး ယားဘက် ထုတ်ပြန်သွားတာဖြစ်ပြီး မြောက်ကိုရီးယားဟာ နယ်စပ်မှာ အမြောက် တပ်မဟာ ၈ ခုကိုပါ ပို့ဆောင် ထားပြီး ပစ်ခတ်တိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့လည်း KCNA သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Ref: upi
MKF-001











