မဲခေါင်၊ စက်တင်ဘာ ၂၆
စက်တင်ဘာ ၂၅ ရက်နေ့မနက်ပိုင်းက လက်ဘနွန်နိုင်ငံထဲကနေ ဟစ်ဇ်ဘိုလာတပ်ဟာ အစ္စရေးနာမည်ကျော် ထောက်လှမ်းရေး မောဆက်အဖွဲ့ ရုံးချုပ်ကို ပစ်မှတ်ထားပြီး တဲလ်အဗစ်မြို့အရောက် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီး ပထမဆုံးအကြိမ် တဲလ်အဗစ်မြို့အထိ ဒုံးကျည် ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရှိရပါတယ်။
ဟစ်ဇ်ဘိုလာတွေကို မောဆက်နဲ့ အစ္စရေးစစ်တပ်ဟာ မက်ဆေ့ချ်ပို့တဲ့ ပေဂျာထောင်ပေါင်းများစွာထဲ ဖောက်ခွဲ ရေးပစ္စည်းတွေထည့်ပြီး အသေအပျောက်များအောင် ဖောက်ခွဲရှင်းလင်းသလို နောက်ရက် ဈာပနအခမ်းအနားမှာပါ ထပ်ပြီး ဝေါ်ကီတော်ကီတွေကိုပါ ဖောက်ခွဲတိုက်ခိုက်လို့ အစ္စရေးနိုင်ငံရဲ့ လူနေအထူထပ်ဆုံး တဲလ်အဗစ်မြို့ကိုလက်စားချေခြင်းအဖြစ် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာအတွက် ပထမဆုံးအကြိမ် တဲလ်အဗစ်မြို့အထိအရောက် ဒုံးကျည်နဲ့ ပစ်ခတ်နိုင်ခဲ့တာဖြစ်ပေမယ့် အစ္စရေးဂျက်လေယာဉ်တစ်စီးက ဒုံးကျည်ကို မြေမကျမီ ဖျက်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါ တယ်။
ပစ်ခတ်လာတဲ့ ဒုံးကျည်က Qadar 1 ပဲ့ထိန်းဒုံးဖြစ်ပြီး အစ္စရေးဘက်က ပစ်ခတ်ဖျက်ချလိုက်တဲ့ တာလတ် ပစ်ဒုံးကတော့ နည်းပညာအဆင့်မြင့် ကြားဖြတ်ဒုံစနစ် David’s Sling ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးဘက်မှာ လေကြောင်းရန်ကာကွယ်ရေး ဒုံးများစွာလည်း လွှတ်တင်ပြီး လက်ဘနွန်တိုက်ခိုက်မှုတွေကို ကာကွယ်ခဲ့တဲ့အပြင် ချက်ချင်းဆိုသလို လက်ဘနွန်ဘက်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုနဲ့ တုံ့ ပြန်ခဲ့လို့ ဘက်ဘနွန်ရဲ့ တိုင်ရေးအရပ်မှာ မီးလုံးကြီးတွေ ပေါက်ကွဲတောင်လောင်နေတာလည်း မြင်တွေ့ကြရပါ တယ်။
အစ္စရေးဘက်က ဗီဒီယိုဖိုင်တင်ပြလာမှုမှာ ဟစ်ဇ်ဘိုလာလက်နက်သိုလှောင်ရာနေရာနဲ့ တက်ဘ်နီနီနယ်မြေက အဆောက်အအုံကို တိုက်ခိုက်ဖောက်ခွဲနိုင်ခဲ့တာလည်း မြင်တွေ့ရပါတယ်။
အစ္စရေးရဲ့ အင်အားသုံးတိုက်ခိုက် မှုကြောင့် ဗြိတိန်ကွန်မန်ဒိုတွေဟာလည်း လက်ဘနွန်ထဲက နိုင်ငံသား ၁၀၀၀၀ ကျော်ကို ချက်ချင်းထွက်ခွာဖို့နဲ့ ကယ်ထုတ်ရေးလုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
Ref:Thesun
MKF-001












