မဲခေါင်၊ ဇူလိုင် ၂၅
ဇူလိုင် ၂၃ ရက်နေ့က ဘန်ကောက် လူနေတိုက်တန်းလျားမှာ ဓားဒဏ်ရာ ၉ ချက်နဲ့ ဟောင်ကောင်မော်ဒယ်မလေး သေဆုံးနေကြောင်း တွေ့ရှိရလို့ သူမချစ်သူကို သံသယတရားခံအဖြစ် ဖမ်းဆီးထားကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ ဟောင်ကောင် မှတ်ပုံတင်ကတ်ကိုင်ဆောင်ထားပြီး ဆွစ်ဇာလန်ပတ်စ်ပို့တ်လည်း ရှိသူဖြစ်ကာ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဥရောပ-အာရှသွေးနှောမော်ဒယ် ဂွမ်ဒိုလင်းခရက်တန်ဖြစ်ကြောင်း၊ အိမ်နီးနားချင်း တွေက ည ၆ နာရီ ၁၅ မိနစ်လောက်မှာ သူတို့နေအိမ်ခန်းထဲကနေ စူးစူးဝါးဝါးအော်သံတွေ ကြားရကြောင်း ထွက်ဆိုပါတယ်။
ဂွမ်ဒိုလင်ကို နောက်ဆုံးတွေ့ရတာက နေအိမ်မနီးသူမခွေးလေးနဲ့ လမ်းလျှောက်နေတာကို ညနေ ၅ နာရီခွဲမှာ တွေ့ရတာဖြစ်ပါတယ်။
စီစီတီဗီမှတ်တမ်းတွေအရ ချစ်သူအမျိုးသား ဝေဆိုသူဟာ ကားအဝါနဲ့ အနီးအနား မှာပတ်မောင်းနေတာတွေ့ရသလို၊ အဖော်နှစ်ယောက်က အလောင်းကို သယ်ထုတ်နေတာလည်း တွေ့ရတာကြောင့် ဝေကို ဖမ်းဆီးစုံစမ်းနေတာဖြစ်ပါတယ်။
ဝေကတော့ ဂွမ်ဒိုလင်ဟာ သူ့ကိုယ်သူ အဆုံးစီရင်တာ သာဖြစ်တယ်လို့ ထွက်ဆိုထားပြီး ထိုင်းရဲတပ်ဖွဲ့ဟာ တရုတ်သံရုံးနဲ့ ချိတ်ဆက်လို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: thestandard
MKF-001












