မဲခေါင်၊ ဇူလိုင် ၁၉
ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ကမ္ဘာကျော်အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft တီထွင်ထုတ်လုပ်တဲ့ Microsoft 365 App ဟာ Window အော်ပရေးရှင်းစနစ်ပြတ်တောက်သွားခဲ့လို့ လေကြောင်းလိုင်း၊ တယ်လီကွန်း၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလို့ အနှောင့်အယှက်ကြီးစွာ ဖြစ်ပွားနေရပြီဖြစ်ပါတယ်။
Microsoft ကုမ္ပဏီကြီးကိုယ်တိုင်က သူတို့ရဲ့ လူမှုကွန်ရက် X မှာ စဖြစ်ပြီး နာရီပိုင်းကြာတဲ့အထိ ပျက်ယွင်းရခြင်း အကြောင်းတရားကို မသိနိုင်သေးကြောင်းနဲ့ ဖြေရှင်းနေမှုပိုင်းကတော့ တိုးတက်မှု ရှိတယ်လို့သာ ထုတ်ပြန်ခဲ့ပါ တယ်။




ဒီလို အပြာရောင် Window (Blue Screen) ဖြစ်ပြီး ကွန်ပျူတာစနစ်တစ်ခုလုံး ဝင်မရတဲ့ ဖြစ်ရပ်ကြောင့် ကမ္ဘာ တစ်ဝန်းလေကြောင်းလုပ်ငန်းအများအပြား ဆက်လက်လည်ပတ်ဖို့ ခက်ခဲနေပြီး လေယာဉ် အဆင်း၊ အတက် ပြဿနာ၊ လက်မှတ် ကြိုတင်မှာယူမှုပိုင်းတွေမှာ အကြီးအကျယ် အခက်တွေ့နေရပြီဖြစ်ပါတယ်။
ဩစတြေးလျပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒီပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာ လုံခြုံရေးလုပ်ငန်း Crowdstrike မှာ ဖြစ်တည်နေတဲ့ ပြဿနာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး စတော့ခ်ရှယ်ယာလုပ်ငန်း၊ ဘဏ် လုပ်ငန်းစတဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအားလုံးလည်း ရပ်တန့်နေရသလို မီဒီယာလုပ်ငန်း၊ တယ်လီကွန်း လုပ်ငန်းနဲ့ အွန်လိုင်းစျေးရောင်းမှု၊ ဆက်သွယ်ရေးပိုင်းဆိုင်ရာ ပြဿနာကြီးတွေကို ကမ္ဘာတစ်ဝန်းလုံးက ခံစား နေခဲ့ရပြီဖြစ်ပါတယ်။
ဩစတြေးလျ ဆိုက်ဘာလုံခြုံရေးညှိနှိုင်းရေးမှူး မစ်ချီလီမက်ဂင်းနက်က ဒီဖြစ်စဉ်ဟာ ဆိုက်ဘာ တိုက်ခိုက်ခံရမှု မျိုးမဟုတ်ဘဲ ဖုန်း Message တွေကို Record လုပ်တဲ့ Crowdstrike ရဲ့ Microsoft Window Operation System မှာ ပါရှိတဲ့ Falcon sensor စနစ်ပိုင်း ပြဿနာကြောင့် ဖြစ်တယ်လို့ သူ့ X လူမှုကွန်ရက်ပေါ် ရေးတင်ထားပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံအားလုံးနီးပါးရဲ့ လေကြောင်းလိုင်း၊ ဘဏ်နဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေအားလုံးနီးနီးဟာ ဒီ Microsoft 365 App ကို သုံးနေကြတဲ့အတွက် အခု ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာကွန်ရက်ပြတ်တောက်မှု (Global cyber outage) ရဲ့ ဆိုးကျိုးသက်ရောက်မှုဟာ များစွာ ဖြစ်တည်လာတော့မှာဖြစ်ပါတယ်။
Ref: gulftoday
MKF-001








