မဲခေါင်၊ ဇွန် ၂၅
ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲလို့ အီးယူဟာ ရုရှားဗဟိုဘဏ် ရန်ပုံငွေ ယူရို ၂၀၀ ဘီလီယံ သိမ်းဆည်းထားမှုကနေ တစ်နှစ်အတိုးနှုန်း ရရှိမှုကို ယူကရိန်းထံ ပေးအပ်ဖို့ အကျေအလည် တိုင် ပင်ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။
ရုရှားနဲ့မဟာမိတ် ဟန်ဂေရီက ကန့်လန့်တိုက်ပြီး ကျန်အီးယူအဖွဲ့ဝင် ၂၆ နိုင်ငံ တောင်းဆိုတဲ့ ဒီငွေတွေ ယူကရိန်းကို ပေးမယ့်အရေးအတွက် နောက်ဆုံးဆွေးနွေးမှုမှာ နောက်လထဲ ယူရို ၁ဒဿမ၄ ဘီလီယံကို ယူကရိန်းရရှိမှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ နောက်ထပ် ယူရို ဘီလီယံချီတဲ့ ဒုတိယအသုတ် ပေးအပ်မှုလုပ်ဖို့ သဘောတူညီနိုင်ခဲ့တာဖြစ်ပါတယ်။
အီယူက ရုရှားဆီကနေ သိမ်းယူထားတဲ့ ၉၀ ရာခိုင်နှုန်းသော ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေဟာ ဘယ်လ်ဂျီယံမှာ အခြေစိုက်တဲ့ နိုင်ငံတကာအပ်ငွေအဖွဲ့ Euroclear မှာရှိနေလို့ အလွယ်တကူ သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။
Ref: newvision








