မဲခေါင်၊ ဇွန် ၁၈
ရုရှားသမ္မတ ပူတင်ဟာ ပူတင်မင်းဆက်ကို ထူထောင်ဖို့ ကြိုးစားနေတယ်လို့ ခန့်မှန်းနေကြချိန် လက်ရှိအုပ်ချုပ်ရေးနဲ့ စစ်ရေးယန္တယားထဲက ထိပ်သီးခေါင်းဆောင်ပေါင်း များစွာကို ရာထူးက ထုတ်ပစ်ပြီး လူယုံတွေ အစားထိုးနေရာ ဇွန် ၁၇ ရက်မှာပဲ စစ်ရေးအတွေ့အကြုံ ဘာမှမရှိတဲ့ တူမတော်သူကို ဒု-ကာကွယ်ရေးဝန်ကြီးရာထူး ပေးအပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့လကပဲ ပူတင်ဟာ ကာလရှည် ကာချုပ်အဖြစ် လက်တွဲခဲ့တဲ့ ဆာဂျီရှီအိုဂူကို ရာထူးကထုတ်ပယ်ပြီး လူရုံ အန်ဒရေးဘီလျူဆော့ဗ်ကို အစားထိုးလိုက်ပြီးနောက် အများအပြား ခန့်ထားတဲ့ ဒု-ကာကွယ်ရေးဝန်ကြီး တွေထဲက နီကိုလိုင်ပန်ကော့ဗ်၊ ရုစ်လန်ဆာလီကော့ဗ်၊ တာတီယာနာရှတ်ဆိုဗာနဲ့ ပါဗယ်ပိုပေါ့တို့ကို ထုတ်ပယ်လိုက်ပြီး ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ယက်ဗ်ဂီနီပူတင်ရဲ့ သမီး အန်နာဆီဗီလီဗာကို ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။


အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ အန်နာဆီဗီလီဗာဟာ စိတ်ပညာရှင်အဖြစ် ပညာသင်ကြား အောင်မြင်ခဲ့သူ သာဖြစ်ပြီး စစ်ရေးအတွေ့အကြုံ မရှိသူဖြစ်ကာ ဖခင်နိုင်ငံတော်ကိုကာကွယ်သူများ ဆိုတဲ့ ယူကရိန်းစစ်ပွဲ ပါဝင်သူတွေအပေါ် အကူအညီပေးရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရမှာဖြစ်ကြောင်း သိရှိရပါတယ်။
The Times ရဲ့ဖော်ပြမှုမှာ ဒီအဖွဲ့ဟာ တရားမဝင် ယူကရိန်း ကျူးကျော်စစ် ဆင်နွှဲနေသူတွေကို ကူညီနိုင်ရေး ပေါင် ၈၉ သန်း ရန်ပုံငွေရှာထားတဲ့ အဖွဲ့လို့ ဆိုပါတယ်။
အန်နာရဲ့ခင်ပွန်းဟာ မကြာသေးခင်က စွမ်းအင်ဝန်ကြီးရာထူး ရရှိသွားသူဖြစ်ပြီး ၂၀၂၂ ခုနှစ်က ယူကေအစိုးရရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူလည်းဖြစ်ပါတယ်။
ပူတင်ဟာ အစိုးရ အကြီးအကဲသစ်တွေကို အစားထိုးနေရာမှာ အရင်ဝန်ကြီးချုပ်ဟောင်း ထောက်လှမ်းရေးခေါင်းဆောင် မစ်ခေးဖရတ်ကော့ဗ်ရဲ့သားဖြစ်သူ ပါဗယ်ဖရတ်ကော့ဗ် ကိုလည်း သူ့လက်ထောက် အတွင်းဝန်ရာထူးကို ပေးအပ်လိုက်ပါတယ်။
ပူတင်ကို ဆန့်ကျင်ခဲ့တဲ့ ရုရှား Punk ဂီတအဖွဲ့ Pussy Riot ကို ကိုယ်စားပြုတဲ့ ရုရှား လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ရှေ့နေလည်းဖြစ်တဲ့ မာ့ခ်ဖိုင်ဂင် (၅၂ နှစ်)က အာဏာရှင်ပူတင်ဟာ သူ့မျိုးဆက် ပူတင်မင်းဆက်ကို ထူထောင်နေသူဖြစ်ပြီး ပထမဇနီးကမွေးတဲ့ သမီးနှစ်ယောက်ကို ကျန်းမာရေး ဖောက်လာခဲ့ရင် သူ့နေရာ ယာယီဆက်ခံစေဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရုရှားကျွမ်းဘားမယ်နဲ့ ရခဲ့တဲ့ ၉ နှစ်အရွယ် သားအကြီးကို ၁၈ နှစ်ပြည့်တာနဲ့ သူ့နေရာမှာ ရုရှားဘုရင်အဖြစ် ခန့်ထားဖို့ ၃၅ နှစ်မကျော်ဘဲ သမ္မတမလုပ်ရဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ဖျက်သိမ်းဖို့ လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Ref:Thesun
MKF-001










