မဲခေါင်၊ မေ ၁
လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။
အမေရိကန်ဟာ ဒီလေယာဉ်စီမံကိန်းအတွက် အကြိုယူဆချက်ဓာတ်ပုံတွေကို ထုတ်ပြလာပြီး လက်ရှိ အစိုးရကို ကာကွယ်ဖို့ အသုံးပြုနေတဲ့ လေယာဉ်ကြီး ၄ စီးနေရာမှာ အစားထိုးသွားဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။
Sierra Nevada Corporation (SNC) က သူတို့ကို အမေရိကန်လေတပ်က Doomsday Planes (ကမ္ဘာပျက် လေယာဉ်စု)လို နာမည်ပေးမယ့် ဒီလေယာဉ်တည်ဆောက်ပေးရေး ငွေကြေးအများအပြားပေးတာ လက်ခံရရှိထားတယ်လို့ အတည်ပြုထုတ်ပြန်ပါတယ်။
အမေရိကန်လေတပ်ရဲ့ ကမ်းလှမ်းချက်မှာ ၂၀၃၆ ဇူလိုင်အပြီး ရန်သူတွေ ဖျက်ဆီးလို့မရနိုင်တဲ့ ဒီလေယာဉ်ကို တီထွင်ပေးဖို့မှားထားကြောင်း SNC က ရှင်းလင်းထုတ်ပြန်ပါတယ်။
လက်ရှိ Night Watch လေယာဉ်စုလို့ ခေါ်တဲ့E-4B လေယာဉ် ၄ စီးဟာ ကာကွယ်ရေးဝန်ကြီး အသုံးပြုသွားလာရာရေးအတွက် သုံးနေသလို လိုအပ်ရင် သမ္မတအမိန်နဲ့ နျူကလီးယားလက်နက်တွေကို ဒီလေယာဉ်တွေပေါ်က အမိန့်ပေးပစ်ခတ်ခွင့်ရှိပါတယ်။
ဒီ ၄ စီး ကိုလည်း အဆင့်မြှင့်မွမ်းမံပြီး ထပ်သုံးသွားမှာဖြစ်ပေမယ့် ၂၀၃၆ မှာ Doomsday လေယာဉ်ကြီးကို ပြောင်းလဲ တာဝန်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။
SNC က ထုတ်ပြလာတဲ့ Doomsday လေယာဉ် ပုံကြမ်းဟာ Boeing 747-8s လေယာဉ် ဒီဇိုင်းနဲ့ ခပ်ဆင်ဆင် ဖြစ်နေပြီး ပါဝါပြည့်အင်ဂျင် ၄ လုံးနဲ့ ဝေဟင်ဆီဖြည့်စနစ်တွေပါ ပါဝင်မှာဖြစ်ကြောင်း သိရတယ်။ အတွင်းမှာ အမေရိကန်အစိုးရအကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ လက်စားချေတိုက်ခိုက်ဖို့ အရေး ဆွေးနွေးဖို့ ၄၈၀၀ စတုရန်းပေကျယ်တဲ့ အစည်းအဝေးခန်းကြီးလည်းပါဝင်သလို နျူကလီးယားတိုက်ချင်းပစ်ဒုံးတွေ၊ ကိုယ် ပျောက် ဗုံးကျဲလေယာဉ်တွေပါ ပါဝင်မယ်လို့ Breaking Defense သတင်းစဉ်ဖော်ပြချက်အရသိရပါတယ်။
Ref:Thesun
MKF-001








