ယူကရိန်းစစ်တပ်ဟာ ရုရှားသိမ်းပိုက်ထားတဲ့ ဒိုးနက်စ်ဒေသရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားစစ်သည်တွေနဲ့ စီတန်းချီတက်လာတဲ့ တင်ကားတန်းကြီးကို ၂ နာရီအတွင်း အပြတ်ရှင်းလင်းချေမှုန်းမှု ရုပ်သံကို ထုတ်ပြန်ပြသ လာခဲ့ပြီဖြစ်ပါတယ်။
နိုဗိုမီခိုင်လစ်ဗ်ကာ ဒေသမှာ ချီတက်လာတဲ့ ရုရှား စစ်ယာဉ်တန်းကြီးကို ယူကရိန်းက FPV ကာမီကာဇီဒရုန်း တွေ၊ ဒုံးကျည်တွေနဲ့ Pin –Point အတိအကျထောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုကို ကောင်းကင်ရုပ်သံ မှတ်တမ်းတင်ရိုက် ကူးခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် T-72 တင့်ကား ၃ စီး၊ ကုန်း ရေ နှစ်သွယ်တိုက်ခိုက်ရေးကျည်ကာ ယာဉ် ၅ စင်း၊ ခြေလျှင် တိုက်ခိုက်ရေးယာဉ် ၁ စီး၊ ပိုပြီး အဆင့်မြင့်တဲ့ ကုန်းရေနှစ်သွယ် ခြေရာခံ သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂ စီး တို့ ချေမှုန်းခံလိုက်ရတာဖြစ်ပါတယ်။
ယူကရိန်း တယ်လီဂရမ်ချန်နယ် Beluga က ရုရှားတင့်ကားတန်းကြီးကို ၁၂ နာရီ ၅၀ မိနစ်မှာ စတင်တိုက်ခိုက်ရာမှာ ၃ နာရီ ၂၀ မိနစ်မှာ အလုံးစုံ ပျက်သုဉ်းသွားခဲ့ရကြောင်းနဲ့ စစ်သည် ဘယ်လောက်သေဆုံးသလဲဆိုတာကိုတော့ မသိရကြောင်း ရေးသားဖော်ပြသွားပါတယ်။
ပူတင်ထောက်ခံ Z ချန်နယ်မှာတော့ ရုရှားတပ်တွေရဲ့ နည်းပညာဟာ ရှေးဟောင်းခေတ်မှာကျန်ခဲ့လို့ ဒီနေ့ခေတ် ဒရုန်းတိုက်ခိုက်မှု ဒဏ်တွေကနေ ရုရှားတပ်သားတွေ မဆုံးရှုံးဖို့ ကာကွယ်မပေးနိုင်ကြောင်း ဝေဖန်ရေးသားသွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#တင့်ကား
#ဖျက်ဆီး











