မဲခေါင်၊ ဖေဖော်ဝါရီ ၂
လက်ရှိ ယူကရိန်းအသုံးပြုနေတဲ့ ဒုံးကျည်တွေထက် ရုရှားနိုင်ငံအတွင်းပိုင်းထဲကို ၂ ဆ ပိုဝေးအောင် တိုက်ခိုက် နိုင်စွမ်းရှိတဲ့ ပွဲအဖြေပြောင်း မိုင် ၁၀၀ ဗုံးကျဲဒုံးကျည်တွေ ယူကရိန်းကို စတင်ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန် စစ်ဘက်အကြီးအကဲတစ်ဦးက Politico ကို အတည်ပြုပြောကြားခဲ့ပါတယ်။
ဒီ ဗုံးကြဲဒုံးကျည်ဟာ ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်စစ်တပ်ကနေ Boeing နဲ့ Saab စစ်လက်နက်ပစ္စည် ထုတ် ကုမ္ပဏီကြီးတွေထံ တီထွင်ဖို့ အပ်ခဲ့တာဖြစ်ပြီး မိုင် ၁၀၀ သွားနိုင်တဲ့ ဒုံးကျည်မှာ ပေါင် ၂၅၀ ဗုံးတွေ ထည့်သွင်းလို့ ပစ်မှတ်နားရောက်ရင် ဒုံကျည်မှာပါတဲ့ မြားအပိုကနေ ဗုံးတွေကို လိုတဲ့ပစ်မှတ်ဆီရောက်အောင် လျော့ချ ဖြာထွက်စေဖို့ တီထွင်ထားတာဖြစ်ပါတယ်။
လပေါင်းများစွာ အချိန်ယူတီထွင်ရာမှာ အမေရိကန်စစ်ဌာနချုပ်က ဘယ်နိုင်ငံကိုမှ မရောင်းတော့ဘဲ ယူကရိန်း အတွက် ဒေါ်လာ ၁၁၁ ဘီလီယံ ကူညီရေးအစီအစဉ်မှာ ထည့်သွင်းပေးအပ်ဖို့ ရည်ရွယ်ပြီး ရုရှားနိုင်ငံ အတွင်းပိုင်း ထဲ ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်စေဖို့ ဦးတည် ထုတ်လုပ်စေခဲ့တာဖြစ်တယ်လို့ အမေရိကန် လက်နက်နဲ့ လုံခြုံ ရေးကျွမ်းကျင်သူ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာက တွမ်ကာရာကိုက ရိုက်တာသတင်းမှာ ပြော ကြားသွားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကတည်းက ဒီ မိုင် ၁၀၀ ဗုံးကျဲ glide missiles တွေကို ယူကရိန်းအတွက် ပေးအပ်သွားမယ်လို့ အတည်ပြုခဲ့ပြီး နောက်ဆုံး စမ်းသပ်မှုအဖြစ် ဇန်နဝါရီ ၁၆ ရက်နေ့က ဖလော်ရီဒါပြည်နယ် အဂ္ဂလင်လေတပ်အခြေစိုက်စခန်းမှာ ဒုံးကျည် ၆ လုံး ပစ်လွှတ်ပြီး အားလုံး ပြည့်စုံတဲ့အတွက် တစ်ခါတည်း ယူကရိန်းကို သင်္ဘောတင် ပေးပို့လိုက်ပြီလို့ သိရပါတယ်။
မြေပြင်ကနေ ဝေဟင် ပစ်နိုင်သလို တခြားလောင်ချတွေကနေလည်း ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒီဒုံးကျည်တွေကိုတော့ အမေရိကန်ဟာ လေကြောင်းကနေ ယူကရိန်းစစ်တပ်ဆီ အကြိမ်ကြိမ်ပို့ဆောင်ထားပြီးဖြစ်လို့ လက်နက်ကြီးနဲ့ ဒုံးကျည်တွေ ရှားပါးလာတဲ့ ယူကရိန်းအတွက် ဘယ်သူမှ မသုံးသေတဲ့ ဒီလက်နက်သစ်ရောက်ရှိလာမှုဟာ ရုရှားအတွက် စိုးရိမ် စရာဖြစ်နေရပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် အလုံး ၂၀၀ ကို ယူကရိန်းအတွက် ပေးပို့မယ်လို့ ပြီးခဲ့တဲ့လကတည်းက အတည်ပြုထားပြီး လက်ရှိ ပို့ဆောင်မှုတွေ လုပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
MKF-001
#MeKongNews
#အမေရိကန်
#ဒုံးကျည်
#ယူကရိန်း
#အတွင်းဘက်
#ဗုံးကြဲ









