ကမ္ဘာ့သတင်း

၃ နှစ်သားအရွယ် အင်္ဂလိပ်ခွေးလေး ကမ္ဘာ့သက်ရှိထင်ရှား လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်တင်

မဲခေါင် 23 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ အင်္ဂလိပ် ဆက်တာမျိုးနွယ်ခွေးကလေး ဘစ္စဘီဟာ ကမ္ဘာ့သက်ရှိထင်ရှား လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

အင်္ဂလိပ် ဆက်တာမျိုးနွယ်ခွေးကလေး ဘစ္စဘီဟာ ကမ္ဘာ့သက်ရှိထင်ရှား လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

၃နှစ်သားအရွယ် ခွေးကလေး ဘစ္စဘီရဲ့ လျှာဟာ ပါးစပ်အပြင်ဘက်ကို ရေခဲချောင်း တစ်ချောင်းထက်ပိုရှည်အောင်ထွက်နေပြီး ၃ ဒဿမ ၇၄ လက်မ (၉ ဒဿမ ၄၉ စင်တီမီတာ) အထိရှည်ထွက်နေပါတယ်။

ခွေးပိုင်ရှင်တွေဖြစ်တဲ့ ဂျေနဲ့အီရီကာဂျွန်ဆင်တို့က “ ပထမ ခွေးလေး လေ့ကျင့်ခန်းလုပ်အပြီး မောနေချိန် ရှည်ထွက်လာတဲ့ လျှာကိုကြည့်ပြီး မိသားစုဝင်တွေက တော်တော်ရှည်တဲ့ လျှာလို့ သတိပြုမိကြတယ်။ တချို့က စံချိန်တင်လောက်မယ်လို့ အကြံပေးတာနဲ့ ရယ်မောကြရသေးတယ်။ နောက်မှ လျှာရှည်ထွက်နေတဲ့ ဓာတ်ပုံနဲ့ အတိုင်းအတာတွေကို ဓာတ်ပုံရိုက်ပို့ပေးလိုက်တာ’ လို့ ပြောပြသွားပါတယ်။

ခွေးလေး ဘစ္စဘီယာ တင်ပါးဆုံရိုးပုံမှန်မဟုတ်တဲ့အနေအထားရှိပေမယ့် နေ့စဉ် ရေကူး၊ လမ်းလျှောက်လေ့ကျင့် ခန်းတွေ မပျက်တမ်းလုပ်ပြီး ကလေးထိန်းတတ်သလို အဝါရောင်ဂျာကင်ဝတ်သူနောက် လိုက်ရှာတတ်တဲ့ ဉာဏ်ကောင်းပြီးချစ်စရာကောင်းတဲ့ ခွေးလေးဖြစ်တယ်လို့လည်း ပိုင်ရှင် အီရီကာက ညွှန်းဆိုပါတယ်။

မကြာသေးခင်က ဘော်ဘီဆိုတဲ့ခွေးလေးတစ်ကောင်ဟာ အသက် ၃၀ နဲ့ ၂၆၆ ရက်သားရှိတဲ့အတွက် ခွေးသမိုင်း မှာ အသက်အရှည်ဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါသေးတယ်။

အရင်က အသက်အကြီးဆုံးခွေးအဖြစ် ၁၉၁၀ ပြည့်နှစ်ကနေ ၁၉၃၉ ခုနှစ်အထိ သက်တမ်း ၂၉ နှစ် ၅ လကြာ ရှင်သန်နေထိုင်သွားတဲ့ ဩစတြေးလျ ခွေးလေး ဘလူးရေးက စံချိန်တင်ထားတာဖြစ်ပြီး ဒါကို ဘော်ဘီက စံချိန်ချိုးဖျက်ခဲ့တာလည်းဖြစ်ပါတယ်။

MKF – 001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။