ကမ္ဘာ့သတင်း

အိမ်ရာစီမံကိန်းကို ထိုင်းအမျိုးသမီးတစ်ဦး အတွင်းခံတွေ မိုးပေါ်လှန်းပြီး ဆန္ဒပြ

မဲခေါင် 5 Mar - 2023
မဲခေါင်၊ မတ် ၅ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆာမတ်ပရာကန်ခရိုင်က အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ဘေးနားက ဇိမ်ခံ အိမ်ရာဆောက်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြောင့် သူ့ခြံဝန်းထဲ အဆိပ်ရေးဆိုးတွေ ဝင်နေတာကို ဒေါသထွက် ပြီး ဒီဆိုက်အဝင်လမ်းမှာ အတွင်းခံဘောင်းဘီတွေကို ဝါယာကြိုးနဲ့သီပြီး လှန်းလို့ ဆန္ဒပြခဲ့ပါတယ်။

မဲခေါင်၊ မတ် ၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆာမတ်ပရာကန်ခရိုင်က အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ဘေးနားက ဇိမ်ခံ အိမ်ရာဆောက်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြောင့် သူ့ခြံဝန်းထဲ အဆိပ်ရေးဆိုးတွေ ဝင်နေတာကို ဒေါသထွက် ပြီး ဒီဆိုက်အဝင်လမ်းမှာ အတွင်းခံဘောင်းဘီတွေကို ဝါယာကြိုးနဲ့သီပြီး လှန်းလို့ ဆန္ဒပြခဲ့ပါတယ်။

TikTok အကောင့် @songthaow မှာ ဒီအမျိုးသမီးဟာ သူ့အတွင်းခံဘောင်းဘီ အထည် ၃၀ ကို ဝါယာကြိုးနဲ့ သီပြီး ၅ မီတာလောက်မြင့်တဲ့နေရာမှာ ကြိုးတန်းဆန္ဒပြထားတာကို တင်ခဲ့ရာက ထိုင်းပြည်တွင်းမီဒီယာတွေ ကြားမှာ ဒီဗီဒီယို ပေါက်သွားခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုမှာ “ဒီအတွင်းခံတွေကြိုးတန်းလှမ်းရတဲ့ အဓိပ္ပါယ်ကို သိတဲ့သူတွေပြောကြပါဦး။ အယူသီးမှုတွေက အလုပ်ဖြစ်ပါသလား” လို့လည်း ပြောဆိုထားပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်က အယူသီးတဲ့လူတွေဟာ သူတို့ ကိုယ် မကောင်းဆိုးဝါးတွေရန်က အကာအကွယ်ပေးနိုင်အောင် အတွင်းခံတွေကို ချိတ်ဆွဲလေ့ရှိတာကိုပါ။

ဒီ TikTok ဗီဒီယိုပေါက်သွားတော့ အင်တာနက်ပေါ်မှာ ဒီအကြောင်း မှတ်ချက်ရေးသူတွေလည်း အများအပြားရှိလာပါတယ်။ တစ်ယောက်က ဒီ အတွင်းခံတွေနဲ့ ဖိနပ်တွေကို မိုးပေါ် ကြိုးနဲ့သီထားတာ နှစ်ချီကြာ နေပြီဖြစ်ကြောင်း၊ ဘာရည်ရွယ်ချက်နဲ့လုပ်ထားမှန်းမသိပေမယ့် လုပ်သူဟာ ၆၃ နှစ်အရွယ် ဆွန်ပေါင်းဆိုတဲ့ အမျိုး သမီးကြီးဖြစ်တယ်လို့ ရေးတင်ခဲ့တယ်။

ဒါကြောင့် မတ် ၃ ရက်နေ့မှာ ထိုင်း Channel 7 က အင်တာသွားဗျူးတော့မှ ဆောက်လုပ်ရေးစီမံကိန်းကို ဆန္ဒပြပြီးလုပ်ထားတာလို့ ဖြေကြားပြီး ဒီဆိုက်စကတည်းက ညဘက်အထိ ဆူညံသံတွေနဲ့ အိပ်မရကြောင်း၊ ရေးဆိုးတွေဝင်လာလို့ စိုက်ပျိုးမရတော့ကြောင်း၊ သူမွေးထားတဲ့ ငါးတွေလည်း သေကုန်ကြောင်း၊ ဒါကို မုန်းလို့ လုပ်ထားတာလို့ ဖြေကြားသွားပါတယ်။

ဆိုက်တာဝန်ခံကတော့ ဒီပြဿနာကို သူကိုယ်တိုင် နားလည်သိရှိခြင်းမရှိလို့ မဖြေရှင်းတတ်ဘူးလို့သာ တုံ့ပြန် ဖြေကြားခဲ့ပါတယ်။

MKF – 001
Ref: thethaiger

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။