ကမ္ဘာ့သတင်း

အိန္ဒိယမှာ ကိုဗစ်ကြောက်လို့ ၃ နှစ်လုံး အိမ်တံခါးသော့ပိတ်နေထိုင်တဲ့ သားအမိကို ကယ်ထုတ်ရ

မဲခေါင် 25 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ အိန္ဒယနိုင်ငံ၊ နယူးဒေလီ အနောက်တောင်ပိုင်း ဂူရူဂရမ်မှာ အသက် ၃၃ နှစ်အရွယ် မိခင် တစ်ယောက်ဟာ ခင်ပွန်းကိုပါ အိမ်ထဲအဝင်မခံဘဲ ကိုဗစ် ကြောက်လို့ အိမ်သော့ ပိတ်နေခဲ့တာ ၃ နှစ်ရှိသွားပြီ ဖြစ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ ခေါ်ပြီး အိမ်တံခါးဖျက်ကာ ဝင်ကယ်ခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

အိန္ဒိယနိုင်ငံ၊ နယူးဒေလီ အနောက်တောင်ပိုင်း ဂူရူဂရမ်မှာ အသက် ၃၃ နှစ်အရွယ် မိခင် တစ်ယောက်ဟာ ခင်ပွန်းကိုပါ အိမ်ထဲအဝင်မခံဘဲ ကိုဗစ် ကြောက်လို့ အိမ်သော့ ပိတ်နေခဲ့တာ ၃ နှစ်ရှိသွားပြီ ဖြစ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ ခေါ်ပြီး အိမ်တံခါးဖျက်ကာ ဝင်ကယ်ခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ကတည်းက လော့ဒေါင်း ပယ်ဖျက်လိုက်ပြီးနောက် ခင်ပွန်းသည် အင်ဂျင်နီယာ ဆူဂျန်မာဟီ ဆိုသူဟာ မနက် အလုပ်သွားပြီး ညနေ ပြန်လာတော့ အိမ်တံခါးသော့ အသေပိတ်ထားတာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဇနီးနဲ့ သားငယ်ကို ဖြောင်းဖျပြီး တံခါးဖွင့်ပေးဖို့ ပြောတာ မရလို့ တခြားမှာ အိမ်ငှားနေပြီး ဗီဒီယိုကောကနေ နေ့တိုင်း ကြိမ်ဖန်များစွာ ဖြောင်းဖျပေမယ့် မရခဲ့သလို ဆွေမျိုး မိဘ အိမ်နီးနားချင်းတွေကို ဖြောင်းဖျခိုင်းလည်း မရတဲ့အတွက် သားအမိ စားသောက်ဖို့ လိုအပ်တာတွေကို နေ့စဉ် အိမ်တံခါးဝမှာသာ ထားပေးခဲ့ရပါတယ်။

ကျောင်းမတတ်တဲ့ သူ့ရဲ့ သားလေး အတွက် ကျောင်းလခတွေကို မပြတ်တမ်း ပေးခဲ့ပြီး နောက်ဆုံး ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကို အကူအညီတောင်းပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့ကမှ အိမ်တံခါးဖျက်ကာ ဝင်ရောက် ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

ကလေးအမေ မာဟီဟာ သားနဲ့အတူ နေရောင်တောင် အထိမခံဘဲ အိမ်ထဲမှာ ၃ နှစ်လုံး မပစ်ဘဲထားတဲ့ အမှိုက်တွေ၊ အဝတ်ပုံတွေနဲ့ ရှုပ်ယှက်ခတ် ညစ်ပတ်နေတာကို ကယ်ဆယ်ရေးလုပ်စဉ်မှာThe Indian Express မီဒီယာက ရိုက်ကူး ဖော်ပြခဲ့ပါတယ်။

သူတို့ကို ကယ်ထုတ်ပြီးနောက် မိခင်မာဟီနဲ့ သားဖြစ်သူကို ဆေးရုံတင်ထားပြီး စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်လာတဲ့အထိ စောင့်ရှောက်နေကြောင်း သိရပါတယ်။

Ref: The Indian Express
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။