ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင် 18 Mar - 2023
မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27 ဖိုက်တာ ဂျက်လေယာဉ်မှူး ၂ ယောက်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

မဲခေါင်၊ မတ် ၁၈

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27 ဖိုက်တာ ဂျက်လေယာဉ်မှူး ၂ ယောက်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

မတ် ၁၆ ရက်နေ့က အမေရိကန် လေတပ်ဟာ သူတို့ဒရုန်းကို ရုရှား တိုက်လေယာဉ် ၂ စီး ကျော်တက်ပြီး အမြင်စနစ်နဲ့ တခြား နည်းပညာ စက်ပစ္စည်းတွေ အလုပ်မလုပ်နိုင်အောင် ဆီတွေ ဖြန်းထုတ် ကျော်တက်တဲ့ ၄၂ စက္ကန့်ကြာ ဗီဒီယို မှတ်တမ်းကို ကမ္ဘာသိ ထုတ်ပြန်ခဲ့ပြီး ဂျက်လေယာဉ် တစ်စီးက ဒရုန်းပန်ကာကို ပျက်စီးအောင် ဝင်တိုက်လို့ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဝေဖန် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါကို ရုရှားဘက်က ဒရုန်းနဲ့ တိုက်မိခြင်း လုံး၀ မရှိကြောင်း၊ ကပ်ရှောင်လိုက်ခြင်း ကနေ ဒရုန်း ပျက်ကျသွားတာသာ ဖြစ်ကြောင်း၊ အထူးစစ်ဆင်ရေး ကိစ္စရှိမှာ သုံးရမယ့် နိုင်ငံတကာ လေပိုင်နက်ထဲ အမေရိကန် ဒရုန်းဟာ ရေဒီယို အချက်ပြစနစ်ကို မဖွင့်ထားလို့ စည်းကမ်းဖောက်ဖျက်ရင်း မတော်တဆ ဖြစ်သွားတာလို့ တုံ့ပြန်ခဲ့ပါတယ်။

တကယ်တမ်းက ယူကရိန်းထံကနေ သိမ်းထားတဲ့ ခရိုင်းမီးယားဒေသ လေပိုင်နက်ထဲကို ရုရှားက တခြား လေယာဉ်တွေ ပေးမဝင်လို့ ယူကရိန်း အတွက် ထောက်လှမ်းရေး လုပ်ပေးတဲ့ အမေရိကန် ဒရုန်းကို ပျက်ကျအောင် လုပ်ခဲ့တာလို့ သုံးသပ်နေကြပါတယ်။

ဒါကြောင့် မတ် ၁၇ ရက်နေ့မှာပဲ ဒီဖိုက်တာဂျက် လေယာဉ်မှူး ၂ ယောက်ကို နိုင်ငံတော် အဆင့် ဂုဏ်ပြုဆု ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက ထုတ်ပြန်ခဲ့ကြောင်း မော်စကိုတိုင်းမ် သတင်းမှာ ဖော်ပြပါရှိခဲ့ပါတယ်။

အမေရိကန်ဟာ မတ် ၁၇ ရက်နေ့မှာကတည်းက ပျက်သွားတဲ့ MQ-9 Reaper ကို ပြန်ရှာဖွေဖို့ ကြိုးစားမယ်လို့ ပြောခဲ့ပြီး နောက်ထပ် RQ-4 Global Hawk ဒရုန်း တစ်စင်းကို အစားထိုးလို့ ကင်းထောက်လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်စေခဲ့ပါတယ်။

ရုရှားဘက်ကတော့ ပင်လယ်နက်ဟာ ရေနက်လွန်းလို့ MQ-9 Reaper ကို ပြန်ရှာဖွေဖို့ မဖြစ်နိုင်ဘူးလို့ တုံ့ပြန် ပြောဆိုခဲ့ ပေမယ့် ရုရှား အစိုးရ မီဒီယာ သတင်းတစ်ရပ်မှာတော့ ရုရှားရေတပ်ဟာ ခရိုင်းမီးယားဆိပ်ကမ်းမြို့ ဆီဗက်စ်တိုပိုနဲ့ ၃၇ မိုင်အကွာ ပင်လယ်နက်ထဲက ရေအောက် ပေ ၂၇၈၈ နဲ့ ၂၉၅၂ ပေအကြားက ဒီဒရုန်း အပျက်အစီးတွေကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref: aljazeera
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။