ကမ္ဘာ့သတင်း

အမေရိကန်ဘက်က နျူကလီးယားလက်နက်ပစ်နိုင်တဲ့ ရေငုပ်သင်္ဘော စေလွှတ် စောင့်ကြည့်အပြီး ကျူးဘားက ရုရှား စစ်သင်္ဘောတွေ ပြန်ဆုတ်သွား

မဲခေါင် 19 Jun - 2024
ရုရှားတိုက်သင်္ဘော Admiral Gorshkov၊ ကယ်ဆင်ရေး အရန်သင်္ဘော၊ ဆီတင်သင်္ဘောနဲ့ နျူကလီးယား တင်ဆောင်နိုင်တဲ့ Kazan တို့ ကျူးဘားကို ၅ ရက်ကြာ ရောက်ရှိလာအပြီး ဇွန် ၁၇ ရက်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဇွန် ၁၉

ရုရှားတိုက်သင်္ဘော Admiral Gorshkov၊ ကယ်ဆင်ရေး အရန်သင်္ဘော၊ ဆီတင်သင်္ဘောနဲ့ နျူကလီးယား တင်ဆောင်နိုင်တဲ့ Kazan တို့ ကျူးဘားကို ၅ ရက်ကြာ ရောက်ရှိလာအပြီး ဇွန် ၁၇ ရက်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

ရုရှားနဲ့ ဒုတိယ ကမ္ဘာစစ်ကတည်းက မဟာမိတ်ဖြစ်ခဲ့တဲ့ ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ဒီသင်္ဘောတွေ ရောက်ရှိလာပြီး စစ်အင်အားပြခြင်းဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်တဲ့ ချစ်ကြည်ရင်းနှီးမှု၊ ညီအစ်ကိုတော်စပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ပြသခြင်းအဖြစ် လာရောက်တာလို့ နှစ်နိုင်ငံစလုံးက ထုတ်ပြန်ခဲ့ပါတယ်။ဩ

အမေရိကန် ကမ်းခြေနဲ့ ၂၅ မိုင်အထိနီးတဲ့ ဟာဗားနားဆိပ်ကမ်းကို ရုရှား စစ်သင်္ဘောအုပ်စု ဆိုက်ရောက် လာခြင်းဟာ ခြိမ်းခြောက်မှု တစုံတရာရှိပုံမရဘူးလို့ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပေမယ့် အမြန်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိသလို နျူးကလီးယား လက်နက်လည်း တင်ဆောင် ပစ်ခတ်နိုင်တဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဂွါတာနာမို ပင်လယ်အော်ဆီ အမေရိကန်ဘက်က ပြန်လည်စေလွှတ်လို့ အနီးကပ် စောင့်ကြည့်စေခဲ့ပါတယ်။

ဒီ ရေငုပ်သင်္ဘောဟာ ရုရှားသင်္ဘောတွေနဲ့ မိုင် ၅၀၀ အနီးအထိ ချဉ်းကပ်စောင့်ကြည့် ခဲ့တာကြောင့် ဇွန် ၁၇ ရက်မှာ ရုရှားစစ်သင်္ဘောတွေ ကျူးဘားက ပြန်လည်ထွက်ခွာသွားအပြီး ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကားလို့စ် ဖာနန်ဒက်စ်ဒီကော့စီယိုက သူတို့ရေပိုင်နက်ထဲ မဖိတ်ခေါ်ဘဲ အမေရိကန်ရေငုပ်သင်္ဘော ဝင်ရောက်လာခြင်းဟာ ကျူးဘားနိုင်ငံမူဝါဒကို ချိုးဖောက် ထိပါးတာဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ရုရှားရဲ့ မိုင် ၆၀၀၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ တင်ဆောင်လာတဲ့ သင်္ဘောအုပ်စု ကျူးဘားရောက်လာခြင်းဟာ ယူကရိန်းကို အမေရိကန်ကပေးတဲ့ လက်နက်တွေနဲ့ ရုရှားပြည်တွင်းထဲအထိ ပစ်ခွင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုပေးခဲ့အပြီး ရုရှားနဲ့ အမေရိကန်အကြား တင်းမာမှုကို ပိုပြီးတင်းမာစေခဲ့ပါတယ်။

Ref:aa
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

နာမည်ကြီး လိပ်နင်ဂျာမှောင်ခိုဂိုဏ်း တင်သွင်းတဲ့ ကုန်းလိပ်အကောင် ၄၀၀ မလေးရှား သိမ်းဆည်းရမိ

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဌာနတို့ ပူးပေါင်းချမှတ်တဲ့ United National Resource မှောင်ခိုနှိမ်နင်းရေး စီမံချက်ကြောင့် ရှားပါးတန်ဖိုးကြီး
ကမ္ဘာ့သတင်း

နေတိုးအရှေ့တံခါးကို ကာကွယ်ဖို့ တင့်ကား အစီး ၁၀၀၊ M2A4 IFV ၁၅၂ စီးနဲ့ M109A7 SPHs ၁၈ စီး ပိုလန်ဆီ အမေရိကန် ပို့ဆောင်

အမေရိကန်စစ်တပ် သတင်းထုတ်ပြန်ရေး ဖော်ပြချက်အရ ဂျာမနီနိုင်ငံ မန်ဟိမ်းမှာ ထားရှိတဲ့ တင့်ကား အစီး ၁၀၀၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် M2A4 ၁၅၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်ဒဏ္ဍာရီသူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ် ၁၃၀၀ စိုက်နေတဲ့ မှော်ဝင်ဓား ခိုးယူခံရ

ပြင်သစ်နိုင်ငံ အလယ်ခေတ် ရော်ကမာဒေါရွာလေးမှာ ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဖမ်းစားနိုင်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်လာ ပြင်သစ်စစ်သူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ်ပေါင်း ၁၃၀၀ ထိုးစိုက်ထားတဲ့ သမိုင်းဝင် ဓားကြီး သူခိုးခိုးခံရလို့ ပျောက်ဆုံးနေကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခရီးစဉ်တွေများလွန်းလို့ စင်ပေါ် အိပ်ပျော်လုဖြစ်ခဲ့ကြောင်း ဂျိုးဘိုင်ဒန်ဝန်ခံ

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့ ဇွန် ၂၇ ရက်မှာ အဓိကပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ သမ္မတလောင်းအချင်းချင်း စကားစစ်ထိုးပွဲ ရုပ်သံထုတ်လွှင့်မှုမှာ စင်ပေါ် အိပ်ပျော်လုနီးနီးဖြစ်ခဲ့ကြောင်း ဝန်ခံသွားတဲ့အတွက် ဒုတိယအကြိမ်မြောက် သမ္မတအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းနယ်စပ်မှာ ဟားမက်စ်စတိုင် မြေအောက်ဥမင်တွေတူးနေတဲ့ ပူတင်စီမံကိန်းကို ကူညီဖို့ မြောက်ကိုးရီးယားက စစ်သည် ၁၅၀၀၀ စေလွှတ်

မြောက်ကိုရီးယား စစ်အင်ဂျင်နီယာ တပ်မ ၅ ခုက စစ်သည်ပေါင်း ၁၅၀၀၀ ကို ကင်ဂျုံအန်က ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ဒေသ မြေအောက်ဥမင်စီမံကိန်းမှာ ပါဝင်ဖို့ စေလွှတ်ပေးထားကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကို ပိုက်နဲ့ ဖမ်းဖို့ ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစု ပူတင်တည်ဆောက်နေ

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကြောင့် ဆုံးရှုံးနစ်နာမှုများနေလို့ ဒီဒရုန်းတွေကို ပိုက်ကွန်နဲ့ဖမ်းစေမယ့် ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစုတွေ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့ ရှားပါး ဓာတ်သတ္တုတွေ ကို ကွန်တိန်နာလိုက် ပေးပို့ပြီး လဲစားနေရကြောင်း ဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂ ရက်နေ့မှာပဲ မတရားသဖြင့် ထောင်ဒဏ် တွေ အသီးသီးချမှတ်ခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now