ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

မဲခေါင် 25 Jun - 2024
ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ချ်ရဲ့ မိသားစုဝင်တွေပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြနေကြပါတယ်။

မဲခေါင်၊ ဇွန် ၂၅

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ချ်ရဲ့ မိသားစုဝင်တွေပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြနေကြပါတယ်။

တချို့သတင်းတွေမှာ အယောက် ၂၀ ကျော် သေဆုံးကြောင်းဖော်ပြသလို တချို့သတင်းတွေမှာတော့ ကာတာမှာအခြေစိုက်ပြီး ပါလက်စတိုင်းမြေမှာ ဟားမက်စ်တွေကို ဦးဆောင်အုပ်ချုပ်နေတဲ့ နိုင်ငံရေးခေါင်းဆောင် ဟာနီယက်ချ်ရဲ့ ဂါဇာမိသားစုနေအိမ်ပါ ထိမှန်လို့ ညီမဖြစ်သူနဲ့ အမျိုးတွေ သေဆုံးမှုဟာ ၁၀ ယောက်အထိ ရှိနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

အစ္စရေးဘက်ကတော့ ရှာတီဒုက္ခသည်စခန်းမှာ စစ်စခန်းအဖြစ် နေထိုင်တဲ့ ဟားမက်စ်အကြီးအကဲတွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လူအစုအပြုံလိုက်သတ်သွားလို့ တိုက်ခိုက်ရှင်းလင်း ရတာဖြစ်ကြောင်း ဒီလူတွေဟာ သူတွေလည်းဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။

အစ္စရေးပြည်တွင်း နိုင်ငံရေးအခြေအနေကလည်း အပြင်းထန်ဆုံးဖြစ်နေပြီး ဝန်ကြီးချုပ် နက်တန်ယာဟုကို တပ်မတော်အကြီးအကဲတွေက စီမံခန့်ခွဲပုံ မကျေနပ်လို့ ရာထူးချပြီး နေရာအစားဝင်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

နက်တန်ယာဟုကို ပြည်သူသိန်းချီ လမ်းပေါ်ဆန္ဒပြနေကြပြီး ဟားမက်စ်နဲ့စစ်ပွဲက အမြန် မပြီးပြတ် နိုင်သလို အိမ်နီးချင်းလက်ဘနွန်က ဟစ်ဇ်လိုလာနဲ့လည်း တိုက်ခိုက်နေရလို့ ပေးဆပ်မှု များတဲ့အပေါ် မကျေ မနပ်ဖြစ်ကုန်တာပါ။

ဒါကြောင့် နက်တန်ယာဟု အခွင့်ထူးခံအဖြစ်ပေးထားတဲ့ သူ့အဓိက ထောက်ခံပါတီ အစွန်းရောက် အော်သိုဒေါ့ ဘာသာရေးကျောင်းတက်သူတွေ စစ်မှုမထမ်းရဥပဒေကို လွှတ်တော်မှာ အားလုံးက ပယ်ဖျက်ပြီး အော်သိုဒေါ့ ကျောင်းသားအားလုံးလည်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ဇွန် ၂၅ ရက်မှာ အတည်ပြုထုတ်ပြန်သွားပါတယ်။

Ref: voanews
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

Microsoft 365 App ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာကွန်ရက် ပြတ်တောက်လို့ လေကြောင်း၊ တယ်လီကွန်း၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းများ ကမောက်ကမဖြစ်

ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ကမ္ဘာကျော်အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft တီထွင်ထုတ်လုပ်တဲ့ Microsoft 365 App ဟာ Window
ကမ္ဘာ့သတင်း

ထိုင်ဝမ်ကို လက်နက်ရောင်းချနေလို့ အမေရိကန်နဲ့ နျူကလီးယားထိန်းချုပ်ရေး သဘောတူညီချက် တရုတ် ရပ်ဆိုင်း

တရုတ်အစိုးရက အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်တွေ ဆက်လက် ရောင်းချပေးနေလို့ နှစ်နိုင်ငံကြား နျူကလီးယားထိန်းချုပ်ရေး ဆွေးနွေးမှုတွေကို ရပ်ဆိုင်းကြောင်း ဇူလိုင် ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်ကို လုပ်ကြံမှုနောက်မှာ ခိုင်းစေသူလို့ စွပ်စွဲခံရမှု အီရန် ငြင်းပယ်

ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် စည်းရုံးဟောပြောပွဲမှာ အမေရိကန် သမ္မတဟောင်း ရီပါဘလစ်ကန်ပါတီ အကြီးအကဲ ဒေါ်နယ်ထရမ့်ကို အထက်တန်းကျောင်းသားလေးက သေနတ်နဲ့ပစ်ခတ်လုပ် ကြံမှုနောက်ကွယ်မှာ စေခိုင်းသူဟာ အီရန်ဖြစ်တယ်လို့ ဇူလိုင် ၁၆ ရက်နေ့က CNN သတင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမ်ဘာနီ မင်္ဂလာပွဲ ဗြိတိန်မင်းသား ဟယ်ရီမင်္ဂလာဆောင်ထက် ၁၅ ဆ ပိုကုန်ပြီး ပေါင် ၅၆၃ သန်းကုန်တဲ့ ကမ္ဘာ့အခမ်းနားဆုံး မင်္ဂလာပွဲဖြစ်ခဲ့

အိန္ဒိယနိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီ ရဲ့သား အန်းနန့်အမ်ဘာနီနဲ့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း အမွေဆက်ခံသူ ရတ်ဟီကာမားချန့်တို့ရဲ့ မင်္ဂလာပွဲဟာ ပေါင် ၅၆၃ သန်း ကုန်ချခဲ့ပြီး ဗြိတိန်မင်းသား ဟယ်ရီနဲ့ ကြင်ယာ မဂ္ဂဟန်တို့ ပေါင် ၃၄ သန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန် ဒုံးကျည်တွေ ဥရောပမှာ အခြေစိုက်ရင် ဥရောပဟာ ရုရှားဒုံးကျည်တွေရဲ့ ပစ်မှတ်ဖြစ်ပြီလို့ ပက်စ်ကော့ဗ် ခြိမ်းခြောက်

ရုရှား ကရင်မလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် က အမေရိကန်ရဲ့ ဒုံးကျည်တွေကို ဥရောပမှာ အခြေစိုက်ထားရှိခြင်းဟာ ရုရှားကို ပစ်မှတ်ချိန်ရွယ်တာဖြစ်လို့ ရုရှားရဲ့ ဒုံးကျည်တွေရဲ့ ပစ်မှတ်ဟာလည်း ဥရောပ ဖြစ်သွားစေရမယ်လို့ ခြိမ်းခြောက်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

လူပေါင်း ၉၀ ကျော်သေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရတဲ့ ဂါဇာတိုက်ခိုက်မှု ဟားမက်စ်တပ်မှူးကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ အစ္စရေးထုတ်ပြန်

ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းမှာ အစ္စရေးဘက်က ဂါဇာတောင်ပိုင်းကို ၄ ကြိမ်ခွဲတိုက်ခိုက်မှုပြုလုပ်လို့ အယောက် ၉၀ ကျော်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်ကို လုပ်ကြံသူအမည် FBI ထုတ်ပြန်ပြီး ထရမ့်ပါတီ ရီပါဘလစ်ကန်ကို မှတ်ပုံတင်မဲပေးခဲ့သူဖြစ်

ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်လာမြို့ ဘီသယ်ပန်းခြံမှာ မဲဆွယ်စည်းရုံးပြောဆိုနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့ လုပ်ကြံပစ်ခတ်သူဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ပန်ဆယ်ဗေးနီးယားသား သောမတ်စ်မက်သရူးကွတ်ခ် ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်အစောပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားမှာ အဆင့်အမြင့်ဆုံး အရပ်သားဂုဏ်ထူးဆောင်ဆု မိုဒီကို ပူတင်ပေးအပ်

ဇူလိုင် ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရုရှားနိုင်ငံ မော်စကိုမြို့ကို နှစ်ပတ်လည် အိန္ဒိယ - ရုရှား ထိပ်သီးအစည်း အဝေးပွဲသွားတက်ခဲ့တဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကို ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now