ကမ္ဘာ့သတင်း

အချုပ်အခြာအာဏာထိပါးရင် တရုတ်ကို အရေးယူမယ်လို့ ဘိုင်ဒန်ပြော 

မဲခေါင် 9 Feb - 2023
အမေရိကန် လေပိုင်နက်ထဲ တရုတ်စပိုင် မိုးပျံဘောလုံး တွေ့ရှိပြီးနောက် တရုတ်အနေနဲ့ အချုပ်အခြာအာဏာကို ထိပါးလာရင် တုံ့ပြန်အရေးယူသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်ပြောကြားသွားပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၈ 

အမေရိကန် လေပိုင်နက်ထဲ တရုတ်စပိုင် မိုးပျံဘောလုံး တွေ့ရှိပြီးနောက် တရုတ်အနေနဲ့ အချုပ်အခြာအာဏာကို ထိပါးလာရင် တုံ့ပြန်အရေးယူသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်ပြောကြားသွားပါတယ်။

 ဂျိုးဘိုင်ဒန်က လက်ရှိအမျိုးသားအကျိုးစီးပွားအတွက် တရုတ်နဲ့ပြိုင်ဆိုင်မှုဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့်ရောက်နေတဲ့အတွက် အမေရိကန်အကျိုးစီးပွား၊ ကမ္ဘာ့အကျိုးစီးပွားအတွက် တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်မယ့်အချိန် စပိုင်မိုးပျံဘောလုံး ကျူးကျော်လာမှုဟာ လက်မခံနိုင်စရာ လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အတင်းမာဆုံးဆက်ဆံရေးဖြစ်သွားချိန် ပစ္စိဖိတ်နဲ့အတ္တလန္တိတ်ဒေသတွေမှာ အမေရိကန်ရဲ့ မဟာမိတ်တံတားတွေ သွယ်တန်းနေပါတယ်။ အမေရိကန်ကို ဆန့်ကျင်တဲ့ဘက်က အလောင်းအစားလုပ်သူတွေဟာ သူတို့ လုပ်ရပ်ဘယ်လောက်မှားသလဲ သင်ခန်းစာယူသွားရလိမ့်မယ်။ အမေရိကနဲ့ ဆန့်ကျင်လာရင်ဘယ်တော့မှ ကောင်းတဲ့ အလောင်းအစားဖြစ်လာမှာမဟုတ်ဘူးလို့လည်း အမေရိကန်သမ္မတက ဆိုပါတယ်။

ဝါရှင်တန်ပို့စ်က ဖော်ပြတဲ့သတင်းမှာ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမေရိကန်တစ်နိုင်ငံတည်းကိုသာ လျှို့ဝှက်ထောက်လှမ်းရေးမိုးပျံဘောလုံးတွေနဲ့ ပစ်မှတ်ထား စပိုင်လုပ်နေတာမဟုတ်ဘဲ ဟိုင်နန်ကျွန်းမှာအခြေ စိုက်လို့ အိန္ဒိယ၊ ဂျပန်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတွေကိုပါ ဒီနည်းအတိုင်း ထောက်လှမ်းအချက်အလက် ယူနေခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဟာဝါယီ၊ တက္ကဆက်၊ ဖလော်ရီဒါ၊ ဂူအမ်နိုင်ငံတွေမှာ ဒီလိုမိုးပျံဘောလုံး အနည်းဆုံး လေးလုံးအထိ တွေ့ရှိခဲ့ကြောင်း၊ ဒီသတင်းထုတ်ပြန်မှုမှာ များစွာသော စစ်ထောက်လှမ်းရေးအကြီးအကဲတွေနဲ့ အင်တာဗျူးထားမှု တွေကနေ ခိုင်မာတဲ့သတင်းရင်းမြစ်တွေရထားတာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တယ်။

တရုတ်အစိုးရက အမေရိကန်တို့ ပစ်ချလိုက်တဲ့သူတို့တရုတ်မိုးပျံဘောလုံးဟာ အရပ်ဘက်သုံး မိုးလေဝသ လေ့လာရေးလို သုတေသနလုပ်ငန်းတွေအတွက် လွှတ်တင်ခဲ့ရာက လေကြောင်းပြောင်းပြီး ပိုင်နက်ပြောင်း ရောက်ရှိသွားတာဖြစ်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူရှာယီက ဆိုပါတယ်။

အမေရိကန်က စစ်ဆေးအဖြေရှာဖို့လုပ်နေတဲ့ မိုးပျံဘောလုံးအပျက်အစီးအပိုင်းအစ တွေကို မိမိတို့နိုင်ငံကို ပြန်လွှဲပေးသင့်ကြောင်း သူက ပြောထားပါတယ်။

MKF-001

#Mekongnews

Ref:NewYork Times

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။