ကမ္ဘာ့သတင်း

အကြွေးမပေးနိုင်တဲ့ ချစ်သူဟောင်းက သူ့ရှေ့မှာ သေနတ်နဲ့ခေါင်းကို ပြန်ပစ်သေတယ်လို့ အကြွေးရှင် ထွက်ဆို

မဲခေါင် 25 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ ထိုင်းနိုင်ငံမှာ ချစ်သူဟောင်း ဖြစ်သူဟာ အကြွေးမဆပ်နိုင်လို့ စိတ်ဓာတ်ကျပြီး သူ့အိမ်၊ သူ့ရှေ့တင် သေနတ်နဲ့ ခေါင်းကို ပစ်သတ်ပြီး အဆုံးစီရင်ကြောင်း အကြွေးရှင် အမျိုးသားက ထွက်ဆိုခဲ့ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

ထိုင်းနိုင်ငံမှာ ချစ်သူဟောင်း ဖြစ်သူဟာ အကြွေးမဆပ်နိုင်လို့ စိတ်ဓာတ်ကျပြီး သူ့အိမ်၊ သူ့ရှေ့တင် သေနတ်နဲ့ ခေါင်းကို ပစ်သတ်ပြီး အဆုံးစီရင်ကြောင်း အကြွေးရှင် အမျိုးသားက ထွက်ဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ အလယ်ပိုင်း ဖစ်စနူလော့ခရိုင်၊ ပီချိုင်းဆောက်ကရမ် လမ်းပေါ်က ကြွေးရှင် ဆွမ်ကီယတ်အိမ်မှာ ဒေသစံတော်ချိန် ည ၈ နာရီခွဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုတယ်။

ဆွမ်ကီယတ် ၅၈ နှစ်က သူ့ချစ်သူဟောင်း ကေဆွန်း ၄၇ နှစ်ဟာ အကြွေးတွေနဲ့ စိတ်ဖိစီးမှုများနေပြီး သေနတ်နဲ့ သူ့အိမ်မှာ သူ့ရှေ့တင် ခေါင်းကို သေနတ်နဲ့ ပစ်သတ်သေသွားတာလို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

အကြောင်းကြားချင်းမှာပဲ ရဲတွေနဲ့ ဗုဒ္ဓချင်နာရာဆေးရုံက ဆရာဝန်တွေ အခင်းဖြစ်ရာကို သွားတော့ သွေးအိုင်ထဲ မှာ သေဆုံးနေတဲ့ ကေဆွန်းကို တွေ့ရကြောင်း၊ ၂၂ မမ ခြောက်လုံးပြူးက ဘယ်ဘက်ပေါင်ပေါ် တင်လျှက် အနေအထားနဲ့ ခေါင်းကို သေနတ်မှန်ထားတဲ့ အနေအထားအ လဲကျ သေဆုံးနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွမ်ကီယတ်က ကေဆွန်းဟာ သူ့ဆီက ဘတ် ၅၀,၀၀၀ ချေးထားပြီး အကြွေးဆပ်ဖို့ အိမ်ကို လာတော့ တကယ် တမ်း သူမပေးနိုင်တော့ကြောင်း ဖွင့်ပြောလာကြောင်း၊ ကေဆွန်းအဖြစ်ကို နားလည်ခွင့်လွှတ်နိုင်ကြောင်း သူ့ဘက်က ပြန်ပြောပေမယ့် ရုတ်တရက် သေနတ်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာလို့ ထွက်ဆိုထားပါတယ်။

သူတို့ ချစ်သူတွေ အဖြစ်က ပြတ်စဲခဲ့တာလည်း လပေါင်း အတော်ကြာခဲ့ပြီလို့ ဆွမ်ကီယတ် က ထွက်ဆိုခဲ့တယ်။

ဒီဖြစ်စဉ်မှာ ကေဆွန်းနဲ့အတူ လိုက်ပါလာပြီး အိမ်ပြင်မှာ နေရစ်ခဲ့တဲ့ သူငယ်ချင်း ချန်တီမာဟာ သေနတ်သံ ကြားလို့ အိမ်ထဲ ပြေးဝင်လာတော့ သေဆုံးနေတာကို တွေ့ရကြောင်း၊ ရဲတပ်ဖွဲ့က ချန်တီမာရဲ့ ထွက်ဆိုချက်ကို လူသိမခံသေးဘဲ ထားရှိပြီး သေနတ်ဟာ ကေဆွန်းနဲ့အတူ ပါလာခြင်း ရှိမရှိဆိုတဲ့ ထွက်ဆိုချက်ကိုလည်း သိုသိပ်ထားဆဲ ဖြစ်ပါတယ်။

ကေဆွန်းရဲ့ ညီမ ပရာပါကတော့ အကြွေးကြောင့် စိတ်ဖိစီးမှုများနေရင် ကြွေးရှင် ဆွမ်ကီယတ် အိမ်ကိုတောင် သွားဖို့မလိုဘဲ ကိုယ့်အိမ်မှာကိုယ် အဆုံးစီရင်လိုက်တာ ပိုဖြစ်နိုင်ကြောင်း၊ ကေဆွန်းမှာ သေနတ်ရှိတယ်လို့ တစ်ခါမှ မကြားသိရကြောင်း မီဒီယာမှာ ဖွင့်ဟထားပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့က ဒီအမှုဟာ သတ်သေမှုလား၊ လူသတ်မှုလား ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ မနှစ် အောက်တိုဘာလ တုန်းကလည်း ထိုင်းတောင်ပိုင်း ဆောင်ခလာခရိုင်မှာ ကြွေးရှင်က ငွေချေးပြီး သတ်မှတ်ချိန် ပြန်မပေးတဲ့ သူရဲ့ ခေါင်းကို သေနတ်နဲ့ ၈ ချက်အထိ ပစ်သတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Ref: thethaiger
MKD-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။