ကမ္ဘာ့သတင်း

ဟောလိ၀ုဒ်ရုပ်ရှင်ကြည့်တဲ့ ကလေးငယ်တွေကို မြောက်ကိုရီးယားမှာ ထောင်ဒဏ် ၅ နှစ်ချ

မဲခေါင် 26 Feb - 2023
မြောက်ကိုရီးယားနိုင်ငံမှာ အရင်ကတည်းက အနောက်နိုင်ငံထုတ်ရုပ်ရှင်တွေ ကြည့်ရှုခွင့်ပိတ်ပင်ထားပေမယ့် ဒီနေ့မှာတော့ ကလေးငယ်တွေကိုပါ ဒီလိုဟောလိ၀ုဒ်ရုပ်ရှင်တွေကြည့်ရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ဖို့ အတည်ပြုလိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

မြောက်ကိုရီးယားနိုင်ငံမှာ အရင်ကတည်းက အနောက်နိုင်ငံထုတ်ရုပ်ရှင်တွေ ကြည့်ရှုခွင့်ပိတ်ပင်ထားပေမယ့် ဒီနေ့မှာတော့ ကလေးငယ်တွေကိုပါ ဒီလိုဟောလိ၀ုဒ်ရုပ်ရှင်တွေကြည့်ရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ဖို့ အတည်ပြုလိုက်ပါတယ်။

မြောက်ကိုရီးယား အာဏာရှင်ကင်ဂျုံအန်ဟာ ကေပေါ့ပ်၊ ကိုရီးယားရုပ်ရှင်၊ ဟောလိ၀ုဒ်ထုတ် မာဗယ်အစရှိတဲ့ ရုပ်ရှင်တွေကိုကြည့်ရှုခြင်းဟာ ဆိုရှယ်လစ်ဆန့်ကျင်မှုအဖြစ် ဥပဒေသတ်မှတ်ပြီး  ကလေးတွေကြည့်ရင် ထောင် ၅ နှစ်နဲ့ မဆုံးမတဲ့ မိဘတွေကို ထောင် ၆ လ ချမှတ်ကြောင်း၊ ကလေးတွေကို ကျောင်းမပို့ခင်ကတည်းက မိဘတွေ က နေအိမ်မှာ ကိုရီးယားလို ကခုန် သီချင်ဆိုတာမျိုး၊ ဟောလိ၀ုဒ်ရုပ်ရှင် ကြည့်ရှုအားပေးတာမျိုး မလုပ်ဖို့ သွန်သင် ကြပ်မတ်ထားရမယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတွင်းကလူတွေကို ကမ္ဘာနဲ့ အဆက်ဖြတ်ထားပေမယ့် မြောက်ကိုရီးယားနိုင်ငံတွင်းမှာ အိမ်နီးချင်းတရုတ် နိုင်ငံကနေတစ်ဆင့် ကေပေါ့ပ်၊ ကိုရီးယားဒရာမာဇတ်လမ်းတွဲတွေ၊ မာဗယ်အပါအဝင် ဟောလိ၀ုဒ်အက်ရှင် ဇာတ်ကားတွေဟာ CD၊ USB၊ မန်မိုရီစတစ်တွေထဲခိုးကူးထည့်ပြီး မှောင်ခိုသွင်းလို့ ခိုးကြည့်မှုမြင့်တက် လာတဲ့အတွက် ကင်ဂျုံအန်က ဒီလို ဥပဒေထုတ်ပြီး ကလေးငယ်တွေကိုပါ ပြင်းထန်လွန်းတဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လာတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အောက်တိုဘာလက တရုတ်နိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ ဟိုင်ဆန်မှာ ဆယ်ကျော်သက်လူငယ်နှစ်ယောက် ကို တောင်ကိုရီးယားရုပ်ရှင်ကြည့်မှု၊ ဖြန့်ဖြူးမှုနဲ့ မြို့လယ်ခေါင်မှာ မီးရှိုကွပ်မြက်မှုလုပ်ခဲ့သလို လီလိုအမည်ရတဲ့ မြောက်ကိုရီးယားသားတစ်ဦးကိုလည်း စီဒီရွမ်ထဲမှာ တောင်ကိုရီးယားရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေ၊ ဂီတ ဗီဒီယို တွေထည့်သွင်းမှုနဲ့ သေဒဏ်ချမှတ်ခဲ့ကြောင်း အာအက်ဖ်အေက ရေးသားဖော်ပြသွားပါတယ်။

MKF – 001

Ref: RFA

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။