တွစ်တာ၊ ဖေ့စ်ဘွတ်နှင့် စနပ်ကုမ္ပဏီတို့က ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏အကောင့်များကို ယာယီပိတ်သိမ်းခဲ့သည်။
အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်ရောက်စီးနင်းမှုများနှင့် အမေရိကန်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထရမ့်၏ အခြေအမြစ်မရှိသည့်ပြောဆိုမှုများကို ဖြိုခွဲသည့်အနေဖြင့် ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။
ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ်အတည်ပြုသည့်လွှတ်တော်အစည်းအဝေးကို ပိတ်ဆို့ရန်ကြိုးစားသည့်အနေဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး မကြုံစဖူးထိုဖြစ်ရပ်များကြောင့် ထရမ့်၏တွစ်တာမှပို့စ် ၃ ခုကို တွစ်တာက ဖျက်ချခဲ့သည်။
ထိုစီးနင်းမှုကြောင့် လွှတ်တော်အဆောက်အဦအတွင်း သေနတ်ဖြင့်ပစ်ခံရသူ အမျိုးသမီးတယောက်အပါအဝင် လွှတ်တော်ဝင်းအတွင်းလူ ၄ ယောက်သေဆုံးခဲ့သည်။
လများစွာကြာအောင် သမ္မတနှင့်မိတ်ဖက်များက ရွေးကောက်ပွဲမဲလိမ်မှုများရှိသည်ဟုပြောသည်။
သမ္မတရွေးကောက်ပွဲတွင် လိမ်လည်မှုများရှိနေသည်ဟု စွပ်စွဲထားပြီး ဆန္ဒပြသူများကိုအိမ်ပြန်ရန်တိုက်တွန်းထားသည့်ဗီဒီယိုနှင့် တွိများကိုဖျက်ပြီးနောက် ထရမ့်၏အကောင့်ကို တွစ်တာက ၁၂ နာရီကြာပိတ်သိမ်းခဲ့သည်။
အကယ်၍ တွိများကိုမဖျက်ပါက အကောင့်ကိုပိတ်ထားမည်ဖြစ်သည်။
ဖေ့စ်ဘွတ်နှင့် ယူတျူ့တို့ကလည်း ထိုဗီဒီယိုများကို ဖျက်သိမ်းခဲ့သည်။
ထရမ့်၏စာမျက်နှာကို ၂၄ နာရီကြာ ပို့စ်တင်ခွင့်ပိတ်ကြောင်း နောက်ပိုင်းတွင် ဖေ့စ်ဘွတ်ကပြောသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အိမ်ဖြူတော်ပြောခွင့်ရသူတယောက်ကို မှတ်ချက်တောင်းခံခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဟု ရိုက်တာသတင်းအေဂျင်စီကဖော်ပြသည်။