ကမ္ဘာ့သတင်း

လမ်းဖြတ်ကူးတဲ့ ၄ နှစ်သားလေးကို လက်မတင်ကယ်တင်ခဲ့တဲ့ ဒလီဗာရီသမား သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရ

မဲခေါင် 8 Mar - 2023
မဲခေါင်၊ မတ် ၈ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး၊ ပသမ်သာနီခရိုင်၊ ဖရာအွန်ခေးယို့ဆိုင်း လမ်းပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကလေးငယ် တစ်ဦးကို ကယ်တင်လိုက်တဲ့ ဒလီဗာရီသမားရဲ့ CCTV ကင်မရာ မှတ်တမ်းဟာ ထိုင်းအင်တာနက် သုံးသူတွေ အကြား ရေပန်းစားနေခဲ့ပြီး ဒလီဗာရီ သမားကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က သူရဲကောင်းဘွဲ့ ပေးအပ်သလို ပြည်သူတွေကလည်း သူရဲကောင်း အဖြစ် ဂုဏ်ပြုမဆုံး ဖြစ်နေပါတယ်။

မဲခေါင်၊ မတ် ၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး၊ ပသမ်သာနီခရိုင်၊ ဖရာအွန်ခေးယို့ဆိုင်း လမ်းပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကလေးငယ် တစ်ဦးကို ကယ်တင်လိုက်တဲ့ ဒလီဗာရီသမားရဲ့ CCTV ကင်မရာ မှတ်တမ်းဟာ ထိုင်းအင်တာနက် သုံးသူတွေ အကြား ရေပန်းစားနေခဲ့ပြီး ဒလီဗာရီ သမားကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က သူရဲကောင်းဘွဲ့ ပေးအပ်သလို ပြည်သူတွေကလည်း သူရဲကောင်း အဖြစ် ဂုဏ်ပြုမဆုံး ဖြစ်နေပါတယ်။

မတ်လ ၅ ရက်နေ့၊ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ ၄ နှစ်သားအရွယ် ကောင်လေး တစ်ယောက်ဟာ လမ်းတစ်ဖက်တစ်ချက်မှာ ရှိနေတဲ့ ဖခင်ဖြစ်သူဆီ ပြေးအသွား မီးပွိုင့်လွတ်လို့ လမ်းမကြီးပေါ် ချိုးကွေ့သွားတဲ့ ၃၂ နှစ်အရွယ် အစားအသောက်ပို့ ဒလီဗာရီသမား ပါရာပေါင်ဟာ ဆိုင်ကယ် နောက်ကြည့်မှန် ကနေ မြင်မြင်ချင်း ဆိုင်ကယ်ပေါ်က ခုန်ချပြီး ကလေးငယ်ကို ပြေးပွေ့လိုက်ရာမှာ အရှိန်နဲ့ မောင်းလာတဲ့ ကားတွေ တိုက်လုတိုက်ခင် အနေအထားကနေ ကယ်တင်လိုက်နိုင်တာ ဖြစ်ပါတယ်။

ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ရဲချုပ် ဒမ်ရောင်းဆက်ကစ်တီပရာပက်စ်က လူသားတွေအားလုံး ပါရာပေါင်ကို စံပြပုဂ္ဂိုလ် အဖြစ်ထားရှိပြီး အသက်ကို ပဓာနမထား လူမှုအကျိုး ပြုလုပ်နိုင်ကြစေလိုတယ်လို့ ဖွင့်ပြောရင်း ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။

ဆိုင်ကယ်မှောက်သွားလို့ အစားအသောက် သိုလှောင်အိတ် ပျက်စီးပြီး မှာထားတဲ့ အစားအသောက်တွေ လမ်းပေါ် ပျံ့ကျဲသွားပေမယ့် စားသောက်ဆိုင်ပိုင်ရှင်က ကုန်ကျစားရိတ် မယူတဲ့အပြင် ဂုဏ်ပြုမှုတောင် လုပ်ခဲ့ပါတယ်။

ဒီသတင်းဟာ ထိုင်းက TikTok ၊ ဖေ့စ်ဘုတ် စတဲ့ လူမှုကွန်ရက်တွနဲ့ မီဒီယာတွေပေါ်မှာ ပေါက်သွားခဲ့ပြီး ပါရာပေါင်ဟာ မိန်းကလေးငယ်တွေ အကြား ချစ်သူဖြစ်ချင်တဲ့ စံပြယောက်ျားမျိုးက ဒီလိုဆိုတဲ့ မှတ်ချက်တွေနဲ့ သူရဲကောင်း ဖြစ်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ၁၂ နှစ်အရွယ် ကောင်လေး တစ်ယောက် ဓာတ်လိုက်နေတာကို အသက်စွန့်ပြီး ကူညီခဲ့တဲ့ ၁၉ နှစ်သား ကျောင်းသားလေး အက်တဟာချိုင်အာဂူဒိုဟာ အင်တာနက်ပေါ်မှာ သူရဲကောင်း အဖြစ် ချီးကျူးခံရပြီး ကယ်ဆယ်စဉ် ပျက်စီးသွားတဲ့ ဖုန်းအတွက် ဝိုင်းပြီး ဖုန်းအသစ်တစ်လုံး ဝယ်ယူ ဂုဏ်ပြုပေးမှု ခံခဲ့ရ ပါသေးတယ်။

Ref: thethaiger
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

နျူကလီးယား တိုက်ခိုက်မှုကြောင့် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေသောက်ထားဖို့ သတိပေးချက်ကြောင့် ရုရှားတွေ ဝရုန်းသုန်းကားဖြစ်

မဲခေါင်၊ မတ် ၁၀ ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။