ကမ္ဘာ့သတင်း

ရှောင်တာနယ်ကို တရားရင်ဆိုင်ဖို့ စစ်ကောင်စီအမိန့်ထုတ်ခြင်းအပေါ် စိတ်ပျက်မိကြောင်း ဩစတြေးလျ အစိုးရ တုန့်ပြန်

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ရှောင်တာနယ်ကို လွတ်ငြိမ်းခွင့်ရုပ်သိမ်းပြီး မြန်မာတရားရုံးပြန်လာ အစစ်ဆေးခံဖို့ စစ်ကောင်စီက ထုတ်ပြန်ခြင်းအပေါ် စိတ်ပျက်စရာကောင်းကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ရှောင်တာနယ်ကို လွတ်ငြိမ်းခွင့်ရုပ်သိမ်းပြီး မြန်မာတရားရုံးပြန်လာ အစစ်ဆေးခံဖို့ စစ်ကောင်စီက ထုတ်ပြန်ခြင်းအပေါ် စိတ်ပျက်စရာကောင်းကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရှောင်တန်နယ်ဟာ စစ်အာဏာသိမ်းပြီးနောက် ချက်ချင်းဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ ၂၁ လကြာ နေထိုင်ခဲ့ရာက နိုဝင်ဘာလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးပြီး ဩစတြေးလျနိုင်ငံကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

နိုင်ငံ ပြန်ရောက်ပြီးနောက် ရှောင်တာနယ်ဟာ ထောင်ထဲက မိတ်ဆွေတစ်ယောက် ရန်ဖြစ်ပြီး သတ်ဖြတ်ခံရမှု၊ နိုင်ငံ ရေးအကျဉ်းသားတွေနဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေကို နှိပ်စက်ညှင်းပန်းမှုတွေကို ကမ္ဘာသိစေဖို့ မီဒီယာ တွေမှာ ဖော်ပြသလို သူ့လူမှုကွန်ရက်မှာလည်း အတွေ့အကြုံဆိုးတွေကို ဆက်တိုက် ရေးတင်ခဲ့ပါတယ်။

ဒါကြောင့် ပြည်တွင်းသတင်းတွေရဲ့ အဆိုမှာ စစ်ကောင်စီဟာ ရှောင်တာနယ်ကို မဟုတ်မမှန်သတင်းတွေ ဖြန့်လို့ လွတ်ငြိမ်းချမ်းသာခွင့်ပြန်ရုပ်သိမ်းပြီး မြန်မာတရားရုံးကိုပြန်လာ အမှုရင်ဆိုင်ဖို့ အမိန့်ပေးခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။

ဩစတြေးလျအစိုးရဟာ မစ္စတာရှောင်တာနယ်အပေါ် ချုပ်နှောင်ခဲ့ခြင်းအပေါ်တောင် အခြေခံအားဖြင့် ဘယ်တုန်းကမှ လက်မခံခဲ့ဘဲ အရေးယူခဲ့တာကိုလည်း ဆန့်ကျင်ခဲ့ပါတယ်။

လက်ရှိ လွတ်မြောက်လာပြီးနောက်တကြိမ် မသေချာတဲ့ ပြစ်မှုတစ်ခုအကြောင်းပြပြီး တရားရုံးက ဆင့်ခေါ်တာကို စိတ်ပျက်မိတယ်လို့ ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

MKF-001

#MilitaryInMyanmar #Mekongnews

Ref: ABC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။