ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၁

တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဆန္ဒမဲပေါင်း ၂,၉၃၆ မဲက ထောက်ခံမဲ ဖြစ်ပြီး ၃ မဲက ကန့်ကွက်မဲ၊ ၈ မဲက ပျက်ကွက်မဲတွေ ဖြစ်လို့ ၆၃ နှစ်ရှိပြီဖြစ်တဲ့ လီချန်းဟာ နိုင်ငံ့ ဒုတိယ အကြီးဆုံး ခေါင်းဆောင် ရာထူးကို ရရှိသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ပေါ်လစီအရ ဝန်ကြီးချုပ်ဟာ နိုင်ငံ စီးပွားရေး တိုးတက်မှု အတွက် အဓိက တာဝန်ပိုယူရတာ ဖြစ်လို့ ကိုဗစ် ကပ်ဆိုး ၃ နှစ်အလွန် နိုင်ငံ စီးပွားရေး တိုးတက်ဖို့ ကြီးမားတဲ့ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခု အတွင်း နိုင်ငံ သမ္မတရာထူး ရယူခဲ့တဲ့ ရှီကျင်းဖျင် လက်ထက်မှာတော့ နိုင်ငံစီးပွားရေး တာဝန်ကိုပါ သမ္မတကပဲ အဓိက တာဝန်ယူ ဆုံးဖြတ်မှုတွေ လုပ်လာခဲ့လို့ ၂၀၁၃ ခုနှစ်က စပြီး ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ လီကျားရှင်း အတွက် အခန်းကဏ္ဍက မှေးမှိန်လာခဲ့ပါတယ်။

ရှန်ဟိုင်း ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်းဖြစ်တဲ့ လီချန်း ကတော့ ရှီကျင်းဖျင်အ အတွက် နှစ်ပေါင်းများစွာ အနီးကပ် နေထိုင်ခဲ့သူဖြစ်လို့ ဝန်ကြီးချုပ် ဖြစ်လာရာမှာ နိုင်ငံ စီးပွားရေး တိုးတက်ရေး အတွက် တာဝန်တွေ ခွဲယူရမယ့်သဘော ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ၂၀၂၂ GDP ဟာ ၅ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ဒီနှုန်းဟာ ဆယ်စုနှစ်တစ်ခု အတွင်း အနိမ့်ကျဆုံး ဖြစ်ခဲ့လို့ စီးပွားရေး ပြန်ဦးမော့လာဖို့ လီချန်းကို တာဝန်ပေးအပ်တာ ဖြစ်ပါတယ်။

နိုင်ငံစီးပွားရေးရဲ့ အရေးပါတဲ့ အိမ်ယာမြေ ဈေးကွက်၊ စားသုံးသူ ဈေးကွက် ကျဆင်းလာခြင်း၊ လူငယ်တွေ အကြား အလုပ်လက်မဲ့နှုန်း မြင့်မားလာခြင်း၊ ဒေသတွင်း အစိုးရအဖွဲ့တွေမှာ ကြွေးမြှီတွေ တင်ရှိနေခြင်း၊ နည်းပညာ ရင်းနှီးမြှုပ်နှံခြင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံခြင်းတွေမှာ တင်းမာမှုတွေနဲ့ အဆင်မပြေမှုတွေ ရှိနေခြင်းတွေဟာ ဝန်ကြီးချုပ်သစ် လီချင်း ဖြေရှင်းရမယ့် ပြဿနာတွေဖြစ်ပါတယ်။

Ref: cnn
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။