ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မဲခေါင် 20 Jun - 2024
မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့ Tass နဲ့ RIA Novosti တို့ထံ ပြောကြားလိုက်ပါတယ်။

မဲခေါင်၊ ဇွန် ၂၀

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့ Tass နဲ့ RIA Novosti တို့ထံ ပြောကြားလိုက်ပါတယ်။

ပူတင်ဟာ ကင်ဂျုံအန်နဲ့ အရေးအပါဆုံး မဟာမိတ်ဖွဲ့ပြီး ယူကရိန်းစစ်ပွဲအတွက် အစုလိုက်အပြုံလိုက်ရှိတဲ့ အမြောက်ဆံနဲ့ ဒုံးကျည်တွေကို မြောက်ကိုရီးယားဘက်ကနေ ယူသုံးနေတဲ့အပြင် အခုလို မြောက်ကိုရီးယားနိုင်ငံကို ကိုယ်တိုင် လာရောက်ခြင်းအားဖြင့် စစ်ရေးမှာ ကူရာကယ်ရာ မရှိရှိတာ ရှာနေရတဲ့အထိ အကျပ်ရိုက်နေတာ ဖြစ်ကြောင်း အမေရိကန်ဘက်က သုံးသပ်ချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ကင်ဂျုံအန်ဟာ ပူတင်နဲ့ ပြုံယမ်းမြို့ မှာ အမိုးပွင့်ကားနဲ့အတူ လှည့်လည်စဥ် ပြည်သူသိန်းချီကို ပူတင်ဓာတ်ပုံတွေ၊ ရုရှားအလံတွေ ဝေ့ယမ်းစေပြီး ဂုဏ်ပြုခံခဲ့သလို နိုင်ငံပိုင်သတင်းစာကနေ ရုရှားနဲ့ မြောက်ကိုရီးယား မဟာမိတ်ပူပေါင်းမှု ထပ်မံတိုးမြင့်ခြင်းစာချုပ်ဟာ ဘယ်တုန်းကမှ မရှိဖူးတဲ့ ရင်းနှီးမှုအသွင်ဆောင်ခဲ့ပြီး ခေတ်သစ်တစ်ခု ပွင့်လင်းလာခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းခြင်းဟာ ဘယ်သူမှ ဖျက်ဆီးမရတဲ့ ရေရှည်ညီညွတ်မှုကို ဖြစ်စေခဲ့ကြောင်း၊ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားနိုင်ငံ၊ ရုရှားစစ်တပ်၊ ရုရှားပြည်သူအားလုံး ဘက်ကနေ အပြည့်အ၀ ထောက်ခံရပ်တည်ပြီး ဒီမဟာမိတ်အဆင့် ထပ်တိုးခြင်းဟာ အမြန်ဆုံး ဆိုးရွားလာပြီး ပြောင်းလဲလာတဲ့ ကမ္ဘာ့အခင်းအကျင်း အရေးပါတဲ့ ကမ္ဘာ့တည်ငြိမ်ရေး မဟာဗျူဟာကျတဲ့ ပူးပေါင်းမှုဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားပါတယ်။

မြောက်ကိုရီးယားကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက နျူကလီးယားလက်နက် ဆက်လက်အဆင့်မြှင်တင် ထုတ်လုပ်နေလို့ ပိတ်ဆို့အရေးယူမှု လုပ်ထားတာ ကြာပြီဖြစ်လို့ နိုင်ငံတံခါးပိတ်ဝါဒ ကျင့်သုံးတဲ့အတွက် အထီးကျန်နေချိန် ယူကရိန်း ကျူးကျော်စစ်ကြောင့် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေရဲ့ ပိတ်ဆို့အရေးယူမှုခံနေရတဲ့ ရုရှားတို့ အပြန်အလှန်မှီခိုဖို့၊ နျူကလီးယားစွမ်းရည် ပိုမိုမြှင့်တင်ပြီး ကမ္ဘာကိုခြိမ်းခြောက်ဖို့ အခုလို ပူးပေါင်းကြတာဖြစ်ပြီး ရုရှားစစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ဆက်တိုက်ဆိုသလို မြောက်ကိုရီးယားကို လာရောက်ခဲ့ခြင်းက နျူးကလီးယားလက်နက် အဆင့်မြှင့်တင်မှုနဲ့ လက်နက်လိုအပ်ချက်ကို မီးမောင်းထိုးပြနေကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Ref: telegraphindia
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ

ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ISIS တွေ တစ်ကျော့ပြန်လာမှာမို့ 9/11 လိုဖြစ်ရပ်ဆိုးတွေ ထပ်လာမယ်လို့ CIA အကြီးအကဲဟောင်း သတိပေး

အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲဟောင်း မိုက်ကယ်မိုရဲလ်က အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာပြီဖြစ်လို့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ကုန်သွယ်ရေးစင်တာကို လေယာဉ်ပြန်ပေးဆွဲပြီး ဝင်တိုက်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်ကြုံလာရ နိုင်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်က မင်္ဂလာဆောင်မှာ သေနတ်သမားတွေ ဝင်ပစ်လို့ ၁ ယောက်သေ ၅ ယောက်ဒဏ်ရာရ

ပြင်သစ်နိုင်ငံ၊ သီယွန်ဗီလီမြို့မှာ မင်္ဂလာအခမ်းအနားပွဲကျင်းပနေစဉ် စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် ဂိုဏ်းသားတွေ ဝင်ရောက်ပစ်ခတ်လို့ ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဓာတ်မြေဩဇာရှားပါးလို့ ကိုယ့်မစင်ကိုယ် စုဆောင်းအခြောက်ခံထားဖို့ ကင်ဂျုံအန် အမိန့်ထုတ်

မြောက်ကိုရီးယားအာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်ဟာ နိုင်ငံအတွင်း စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေ ဩဇာ ရှားပါးမှုအခြေအနေကြောင့် နိုင်ငံသားတိုင်း ကိုယ့်မစင်ကိုယ် ပြန်စုဆောင်း အခြောက်ခံထားရှိဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားဆီက သိမ်းဆည်းထားတဲ့ငွေတွေထဲက ယူရို ၁.၄ ဘီလီယံကို ယူကရိန်းဆီပေးဖို့ အီးယူ သဘောတူ

ဥရောပသမဂ္ဂ(အီးယူ)ဟာ ရုရှားဆီက သိမ်းဆည်းထားတဲ့ ငွေတွေကို ယူကရိန်းဆီ ပေးအပ်ဖို့ ဇွန် ၂၅ ရက်နေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် မိသားစုဝင်တွေပါ သေဆုံး

ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းက အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ရှာတီ ဒုက္ခသည်စခန်းအပါ နေရာ ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ချ်ရဲ့ မိသားစုဝင်တွေပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now