ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

မဲခေါင် 17 May - 2024
တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

မဲခေါင်၊ မေ ၁၇

ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့ကတည်းက ပူတင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

ရုရှားတပ်တွေဟာ အခု ခါကိဗ်ရဲ့ အော့စ်နော့ဗ်ယန်းစကီးဒေသထဲ စစ်ကြောင်း ထိုးဝင်လာနိုင်လို့ ဒေသခံ ၁ . ၅ သန်းဟာ ဒေသတောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရုရှားတပ်တွေဟာ ရွာပေါင်း ၃၀ ကျောက်ကို ဖျက် ဆီးတိုက်ခိုက်လို့ မြို့နား နီးကပ်လာနေကြောင်း အီဟော်တာရက်ဟော့ဗ်က ရှင်းလင်းပြောကြား သွားပါတယ်။

မေ ၁၆ ရက်က ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင် ခါကိဗ် စစ်မြေပြင်ကို ရောက်ရှိလာပြီး အားပေးစကား ပြောဆိုပေမယ့် သူတို့တပ်တွေမှာ တာတိုပစ်ဒုံးကျည်ရန်တွေကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ မရှိသလောက် နည်းပါးလာခြင်း၊ ရုရှားရဲ့ ခါကိဗ်ဒေသကို ဒီရက်ထဲ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ပွဲကာလ ၂ နှစ် အတွင်း အကြာမြင့်ဆုံးအဖြစ် ၁၆ နာရီခွဲအထိ ဆက်တိုက် ဆင်နွှဲခဲ့လို့ နယ်မြေတွေ ဆုံးရှုံးနေရတာဖြစ်ကြောင်း တာရက်ဟော့ဗ်က ပြောဆိုသွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေ တစ်ရက်တည်း ရုရှားတပ် ၁၇၄၀ စံချိန်တင် သေဆုံးမှုကိုကြည့်ရင် ဒီလောက် ရက်တိုတို အတွင်း ခါကိဗ်ကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်ဖို့ မလုံလောက်ကြောင်း နေတိုးထိပ်တန်းတပ်မှူး ခရစ္စတိုဗာ ကာဗိုလ်လီက သုံးသပ်ပါတယ်။

“သူတို့မှာ ဒီလောက် စွမ်းရည်ပြည့်၀တဲ့ စစ်သည်အင်အားရှိမယ်လို့မထင်ဘူး” လို့ သုံးသပ်ခဲ့တယ်။

ယူကရိန်းအတွက် စစ်ရေးအကူအညီ လက်နက်တွေဟာလည်း ရှေ့တန်းရောက်ဖို့ လမ်းမှာ အမြန်ပို့ဆောင်နေတယ်လို့လည်း ပြောသွားပါတယ်။

မေ ၁၇ ရက်မှာ ရုရှားသမ္မတပူတင်ဟာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပြီး တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ရာမှာ သူတို့ ၂ ယောက်စလုံးဟာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေသာဖြစ်တယ်လို့ ဂုဏ်ရည်သွေး ပြောဆိုခဲ့ကြပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ယူကရိန်းကို တောင်ကိုရီးယား စစ်ရေးထောက်ပံ့မှုပေးရင် အမှားကြီးမှားမယ်လို့ ပူတင်ခြိမ်းခြောက်

ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။
ကမ္ဘာ့သတင်း

ယူရို ၂၀၂၄ ဘောလုံးပွဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ISIS အဖွဲ့ဝင်ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ တတိယအကြိမ် ဝင်လာပြန်လို့ တောင်ကိုရီးယားခြောက်လှန့်ပစ်ခတ်ရပြန်

ဇွန် ၂၀ ရက်နေ့က မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံခြား စစ်မဲ့ဇုန်ကိုကျော်ပြီး ပိုင်နက်ထဲ ကျော်ဝင်လာခဲ့လို့ တောင်ကိုရီးဘက်က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ပူးပေါင်းခြင်းမှ ခေတ်သစ်ဆီ ချီတက်လာပြီလို့ ကင်ဂျုံအန် ကြုံးဝါး

မေ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲမှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုံးစုံထောက်ခံ အားပေးကြောင်း ရုရှား သတင်းအေဂျင်စီတွေဖြစ်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်ရဲ့ နျူကလီးယားထိပ်ဖူး ၁၂ လုံး တင်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘောကြီး ရေပေါ် ပေါ်လာခဲ့

ထိုင်ဝမ်ဒေသတွင်း သတင်းတွေအရ ပြီးခဲ့တဲ့တစ်ပတ် ဇွန် ၁၃ ရက်နေ့ မနက် ၅ နာရီလောက်မှာ တရုတ်ရဲ့ တန် ၁၁၀၀၀ အလေးချိန်ရှိ ရေဒါဖမ်းမရတဲ့ ကိုယ်ပျောက် ရေငုပ်သင်္ဘောကြီး ထိုင်ဝမ်ရေလက်ကြား နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ဇုန်နား ရေပေါ်မိနစ်အတော်ကြာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

လာ့စ်ဗီးဂတ်မှာ ထူးခြားဆန်းကြယ်တဲ့ ကြေးမုံတိုင်ကြီး ပေါ်လာပြန်ပြီး ရဲတွေ နားမလည်နိုင်ကြောင်းဝန်ခံ

ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကမ္ဘာနေရာတလွှားမှာ ဘယ်ကရောက်လာပြီး တည်ရှိနေမှန်းမသိတဲ့ ထူးခြားဆန်းပြား ကြေးမုံတိုင်ကြီး လာ့စ်ဗီးဂတ်မြို့နားမှာ ပြန်ပေါ်လာတာတွေ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ဘယ်ကလာမှန်း မသိ ဖြစ်နေကြောင်း ဝန်ခံခဲ့ရပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမေရိကန်ဘက်က နျူကလီးယားလက်နက်ပစ်နိုင်တဲ့ ရေငုပ်သင်္ဘော စေလွှတ် စောင့်ကြည့်အပြီး ကျူးဘားက ရုရှား စစ်သင်္ဘောတွေ ပြန်ဆုတ်သွား

ရုရှားတိုက်သင်္ဘော Admiral Gorshkov၊ ကယ်ဆင်ရေး အရန်သင်္ဘော၊ ဆီတင်သင်္ဘောနဲ့ နျူကလီးယား တင်ဆောင်နိုင်တဲ့ Kazan တို့ ကျူးဘားကို ၅ ရက်ကြာ ရောက်ရှိလာအပြီး ဇွန် ၁၇ ရက်မှာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားစစ်သားတွေ နယ်စပ်ကျော်လာပြန်လို့ တောင်ကိုရီးယား သတိပေး ပစ်ခတ်ရပြန်

ဇွန် ၁၈ ရက် အစောပိုင်းက အယောက် ၂၀၊ ၃၀ လောက်ရှိတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ နယ်စပ်ကန့်သတ်စည်း ကျော်ဝင်လာလို့ ခြောက်လှန့်ပစ်ခတ် ခဲ့ရပြန်ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန် သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now