ကမ္ဘာ့သတင်း

ယူကရိန်းအတွက် သံချပ်ကာကား အစင်း ၂၀၀ ကနေဒါပေးလှူ

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ ရုရှားကိုတွန်းလှန်စစ်ဆင်နွှဲမှုမှာ စစ်သုံးယာဉ်လုံလောက်ရေးအတွက် ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျှောပြီး စစ်သည်တင် သံချပ်ကာကျည်ကာကားအစီး ၂၀၀ ပေးလှူသွားမယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက် ကိဗ်မြို့ခရီးစဉ်မှာ အတည်ပြုပြောကြားသွားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

ရုရှားကိုတွန်းလှန်စစ်ဆင်နွှဲမှုမှာ စစ်သုံးယာဉ်လုံလောက်ရေးအတွက် ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျှောပြီး စစ်သည်တင် သံချပ်ကာကျည်ကာကားအစီး ၂၀၀ ပေးလှူသွားမယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက် ကိဗ်မြို့ခရီးစဉ်မှာ အတည်ပြုပြောကြားသွားပါတယ်။

ကနေဒါထုတ် သံချပ်ကာကားတွေဟာ ခေတ်မီ၊ အဆင့်မြင့် အကောင်းဆုံးနည်းပညာတွေနဲ့ ထုတ်လုပ်ထားပြီး နောက်ဆုံးပေါ်လက်နက်တွေကို အလွယ်တကူတပ်ဆင်အသုံးပြုနိုင်တယ်လို့ ကိဗ်ခရီးစဉ်မှာ ယူကရိန်းကာကွယ် ရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ကနေဒါ ကာကွယ်ရေးဝန်ကြီး အနီတာအန်နန့်ဒ်က ပြောကြားသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလက ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီယိုက ယူကရိန်းကို ကနေဒါဒေါ်လာ သန်း ၅၀၀ (ကန်ဒေါ်လာ ၃၇၃ သန်း)ကို စစ်ရေးအထောက်အကူအတွက် ပံ့ပိုးလှူဒါန်းမယ်လို့ ကြေညာခဲ့တဲ့ အစီအစဉ်ထဲက တစ်ခုအဖြစ် သံချပ်ကာတင့်ကား အစင်း ၂၀၀ ကို လှူဒါန်းသွားဖို့ အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ကနေဒါဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၁ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကာ သံချပ်ကာ ကား၊ ဟောင်ဝစ်ဇာ အမြောက်၊ ဆောင်းဝတ်စုံ၊ ဒရုန်းကင်မရာနဲ့ လက်နက်ခဲယမ်းတွေ ပေးလှူခဲ့ပြီး ဖြစ်ကာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ယူကရိန်းအတွက် နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အမေရိကန်ထံက ဝယ်ပြီးလှူမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

အခုပေးလှူမယ့် သံချပ်ကာကျည်ကာကားတွေဟာ ကနေဒါထုတ် ဒီဇယ်သုံးယာဉ်ဖြစ်ပြီး အွန်တာရီယိုအခြေစိုက် Roshel ကုမ္ပဏီက ထုတ်လုပ်ပေးထားတာဖြစ်ပြီး လက်နက်ငယ်ကျဉ်တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင် သလို ပေါ့ပါးလျှင်မြန်စွာ သွားလာနိုင်ပါတယ်။

MKF – 001
Ref: thedefensepost

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

မြန်မာ့ဒုက္ခသည်ဦးရေ တိုးလာနိုင်သဖြင့် အကူအညီလိုအပ်နေကြောင်း ကုလထုတ်ပြန်

မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံခန့်က လူသားချင်း စာနာနားလည်မှုဆိုင်ရာ အကူအညီအထောက်အပံ့တွေ လိုအပ်နေပြီလို့ မြန်မာ စစ်အာဏာသိမ်းမှု
ကမ္ဘာ့သတင်း

ကမ္ဘာသစ်ပြန်မွေးဖွားနိုင်မယ့် ဒုံးပျံကို ၂၀၂၅ မှာ လွှင့်တင်နိုင်ဖို့ အစ္စရေးသိပ္ပံကုမ္ပဏီ စီစဥ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ၂၀၂၅ ခုနှစ်ရောက်ရင် ကမ္ဘာပတ်လမ်းထဲကို လူသားဉာဏ်ရည်၊ DNA နဲ့ ကမ္ဘာ့သဘာ၀ရင်းမြစ်တွေဖြစ်တဲ့ သစ်ပင်ပန်းမန် မျိုးစေ့ဗီဇတွေပါတဲ့
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဒေါ်နယ်ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့် ပြန်ဖွင့်ပေးတော့မယ်

မဲခေါင်၊ ဇန်နဝါရီ ၂၆ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့် တွေပိတ်ပင်ထားမှုကနေ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ဖွင့်ပေးတော့မယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ Meta က အတည်ပြုကြေညာပါတယ်။
ကမ္ဘာ့သတင်း

ရှောင်တာနယ်ကို တရားရင်ဆိုင်ဖို့ စစ်ကောင်စီအမိန့်ထုတ်ခြင်းအပေါ် စိတ်ပျက်မိကြောင်း ဩစတြေးလျ အစိုးရ တုန့်ပြန်

မဲခေါင်၊ ဇန်နဝါရီ ၂၆ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ရှောင်တာနယ်ကို လွတ်ငြိမ်းခွင့်ရုပ်သိမ်းပြီး မြန်မာတရားရုံးပြန်လာ အစစ်ဆေးခံဖို့ စစ်ကောင်စီက ထုတ်ပြန်ခြင်းအပေါ် စိတ်ပျက်စရာကောင်းကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့သတင်း

စစ်ကောင်စီကို ဒေါ်လာ ၁ သန်းကျော် ဂျပန်ဘက်ကထောက်ပံ့ခဲ့သဖြင့် HRW ဝေဖန်

မဲခေါင်၊ ဇန်နဝါရီ ၂၄ မြန်မာ စစ်ကောင်စီကို ဂျပန်အစိုးရ ဖွံ့ဖြိုးရေးထောက်ပံ့ကူညီမှုအစီအစဉ်အဖြစ် ဂျပန်ကုမ္ပဏီ Yokogawa Bridge Corp က ဒေါ်လာ ၁ သန်းကျော်ပေးခဲ့တဲ့အပေါ် Human Rights Watch (HRW)အဖွဲ့က ဇန်နဝါရီ
ကမ္ဘာ့သတင်း

စစ်ကောင်စီကို Fortify Rights နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးက ဂျာမဏီဗဟိုအစိုးရရှေ့နေရုံးမှာ စွဲချက်တင်

မဲခေါင်၊ ဇန်နဝါရီ ၂၄ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Rights နဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၆ ဦးက စစ်ကောင်စီကို ဂျာမဏီ ဗဟိုအစိုးရရှေ့နေရုံးမှာ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့က ဘန်ကောက်မှာ
ကမ္ဘာ့သတင်း

မြန်မာ အပါအဝင် ယူကရိန်း၊ ပီရူး၊ ကင်မရွန်းက ပဋိပက္ခတွေ ငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီး အနူးအညွတ်ပန်ကြား

မဲခေါင်၊ ဇန်နဝါရီ ၂၃ စိန့်ပီတာရင်ပြင်မှာ ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ယေရှုလူ့ဇာတိခံယူခြင်း နဲ့ မယ်တော်မာရီ ကိုးကွယ်ဆုတောင်းခြင်းအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က မြန်မာ၊ ယူကရိန်း၊ ပီရူးနဲ့ ကင်မရွန်းနိုင်ငံတွေမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေရပ်ပြီး ငြိမ်းချမ်းစေဖို့
ကမ္ဘာ့သတင်း

ဆေးထိုးအဆုံးသတ်ခဲ့သူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အများဆုံးပြန်လည်လှူဒါန်းပေးနိုင်ငံအဖြစ် ကနေဒါရပ်တည်

ကနေဒါနိုင်ငံဟာ ဆေးထိုးပြီး ညင်သာစွာ သေဆုံးစေတဲ့လူနာတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အစားထိုးကုသနိုင်ဖို့ အများဆုံး ပြန်လည်လှူဒါန်းတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်ဂျာနယ် Transplantation ရဲ့ လေ့လာမှုစစ်တမ်းမှာ  ဖော်ပြလာပါတယ်။