ကမ္ဘာ့သတင်း

ယူကရိန်းရေတပ်ကို ဗြိတိန်စစ်သားတွေ သင်တန်းပေးနေတဲ့ ကျွန်း ဖျက်ဆီးလိုက်ပြီလို့ ရုရှားကြေညာ

မဲခေါင် 7 Mar - 2023
မဲခေါင်၊ မတ် ၇ ယူကရိန်းကို ရုရှား စတင်ကျူးကျော်စဉ် ကတည်းက ယူကရိန်းရေတပ်ကို ဗြိတိန်စစ်တပ်က လျှို့ဝှက်စွာနဲ့ စစ်သင်တန်းတွေ ပေးနေတဲ့ ကျွန်းကို ပစ်ခတ်ဖျက်ဆီး လိုက်ပြီလို့ ရုရှားဘက်က ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၇

ယူကရိန်းကို ရုရှား စတင်ကျူးကျော်စဉ် ကတည်းက ယူကရိန်းရေတပ်ကို ဗြိတိန်စစ်တပ်က လျှို့ဝှက်စွာနဲ့ စစ်သင်တန်းတွေ ပေးနေတဲ့ ကျွန်းကို ပစ်ခတ်ဖျက်ဆီး လိုက်ပြီလို့ ရုရှားဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ပူတင် ထောက်ခံတဲ့ သတင်းမီဒီယာ Moskovskij Komsomolets မှာ စစ်ရေးကျွမ်းကျင်သူ ဗာဆီလီဒန်ဒီကင်က ဒီသတင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပြီး ယူကရိန်းနဲ့ ရုရှားစစ်သားတွေ အများအပြား သေဆုံးခဲ့တယ်လို့လည်း ဖော်ပြပါရှိခဲ့ပါတယ်။

ခံတပ်ကျွန်းဖြစ်တဲ့ ပရီဗိုမိုင်းစကီးကျွန်း (တစ်ခြားအမည် – မိုင်းစကီးကျွန်း) ဟာ အရင်က ရုရှားပိုင်ဖြစ်ပြီး စစ်စခန်း တစ်ခု အခြေချဖို့ လုံလောက်တဲ့ အကျယ်အဝန်းရှိတဲ့ ကျွန်းငယ်လေးဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်မှာ ရုရှား တည်ဆောက်တပ်စွဲခဲ့တဲ့ ဒီကျွန်းကို ၁၉၄၁ ခုနှစ်မှာ ဂျာမနီရဲ့ Lutfwaffe လေယာဉ်နဲ့ ဗုံးကြဲ ဖျက်ဆီးပစ်ခဲ့ပြီး ဆိုဗိယက် ပြိုကွဲပြီးနောက် ယူကရိန်းကို ရုရှားဘက်က လွှဲပေးခဲ့တဲ့ ကျွန်းလည်း ဖြစ်ပါတယ်။

ဒန်ဒီကင်ရဲ့အဆိုအရ ဒီကျွန်းဟာ အနောက်အင်အားစုတွေက ယူကရိန်းကို ကူညီဖို့သင်တန်းပေးနေကြောင်း၊ အဲဒီကျွန်းမှာ ရေအောက်ဒရုန်းများစွာကို တပ်ဆင်ထားပြီး ပင်လယ်နက်အနီး ဆီဗက်စတိုပိုက ရုရှားသင်္ဘောတွေကို တိုက်ခိုက်ဖို့ပြင်ဆင်ထားကြောင်း၊ ဖေဖော်ဝါရီလထဲမှာ ရုရှားတပ်တွေက ကျွန်းတစ်ခုလုံး ရှိသမျှအားလုံးနီးပါး သေဆုံးနိုင်တဲ့ တိုက်ခိုက်ဖျက်ဆီးမှု လုပ်ခဲ့တာဖြစ်ပြီး သေဆုံးမှု ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ယူကရိန်းနဲ့ ဗြိတိန်ဘက်က တစ်စုံတစ်ရာထုတ်ပြန်မှုမပြုသေးပါဘူး။

နောက်ဆုံးရသတင်းတွေအရ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်သား ၆ သိန်းဆုံးရှုံးခဲ့ရပြီး ၇၀ ရာခိုင်နှုန်းက စစ်ပြန်မတိုက်နိုင်တဲ့ ဒဏ်ရာတွေရခဲ့သလို ကျန် ၃၀ ရာခိုင်နှုန်းက သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: dailystar
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

နျူကလီးယား တိုက်ခိုက်မှုကြောင့် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေသောက်ထားဖို့ သတိပေးချက်ကြောင့် ရုရှားတွေ ဝရုန်းသုန်းကားဖြစ်

မဲခေါင်၊ မတ် ၁၀ ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။