ကမ္ဘာ့သတင်း

ယူကရိန်းဘက်ခ်မတ်တိုက်ပွဲမှာ တစ်ရက်ထဲ  ရုရှားစစ်သား ၁၀၀၀ ကျော်သေဆုံး

မဲခေါင် 8 Feb - 2023
ယူကရိန်းဘက်ခ်မတ်မြို့ကို ဗဟိုပြုတဲ့တိုက်ပွဲ  စစ်မျက်နှာပြင်မှာ ဖေဖော်ဝါရီ ၆ ရက်နေ့ တစ်ရက်ထဲနဲ့ ရုရှားစစ်သား ၁၀၃၀ ဦး ကျဆုံးခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်က ထုတ်ပြန်ပြောဆိုပါတယ်။ 

မဲခေါင်၊ ဖေဖော်ဝါရီ ၈

ယူကရိန်းဘက်ခ်မတ်မြို့ကို ဗဟိုပြုတဲ့တိုက်ပွဲ  စစ်မျက်နှာပြင်မှာ ဖေဖော်ဝါရီ ၆ ရက်နေ့ တစ်ရက်ထဲနဲ့ ရုရှားစစ်သား ၁၀၃၀ ဦး ကျဆုံးခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်က ထုတ်ပြန်ပြောဆိုပါတယ်။ 

ရုရှားစစ်တပ်ဟာ နေရာစုံဖြန့်ကျက်တိုက်ခိုက်မှုဗျူဟာ မအောင်မြင်လို့ စစ်နယ်မြေအနည်းငယ်ကိုသာရွေးချယ်ပြီး အင်အားအလုံးအရင်းနဲ့ အသေခံတိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

ဘက်ခ်မတ်မြို့တိုက်ပွဲမှာ ရုရှားစစ်သားတွေဟာ ယူကရိန်းခံစစ်ထဲရောက်ဖို့ ပေ ၃၀ နီးတဲ့အထိ အသက်စွန့်တိုက်ခိုက်ကြလို့ အခုလို အသေအပျောက်များရတာဖြစ်တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ထားပါတယ်။

ယူကရိန်းဘက်က တပ်ဖြန့်ခြင်းထက် ကျူးကျော်ခံရတဲ့ တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၂၄ ရက်မှာ အဓိကစစ်မျက်နှာပြင်တွေကို အင်အားအလုံးအရင်းနဲ့ ပြန်တိုက်ဖို့အသင့်ဖြစ်နေပြီလို့ ရက်ဇ်နီကော့ဗ်က ဆိုပါတယ်။

ပူတင်ရဲ့ အတွေ့အကြုံမရှိတဲ့ စစ်သားတွေ  အသားလွတ်အသေခံတိုက်စေတဲ့ ဗျူဟာကို ယူကရိန်းဘက်က ပူတင်ရဲ့အသားကြိတ်စက်လို့ နာမည်ပေးထားပြီး တပ်မဖြန့်ဘဲ တပ်စုပြီး အလုံးအရင်းတိုက်ခိုက်တာတောင် ဘက်ခ်မတ်မြို့မှာ တစ်ပတ်အတွင်း မီတာ ၁၀၀ လောက်ပဲ ရှေ့တိုးသိမ်းပိုက်နိုင်တယ်လို့ ဆိုထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက် တစ်နေ့တာ အနီးကပ်တိုက်ပွဲမှာ ရုရှားစစ်သည် ၁၀၃၀ ဦးကျဆုံးပြီး  တင့်ကား ၂၈ စီး၊ အမြောက်စင်တစ်ခု၊ ဆီဖြည့်ယာဉ်သုံးစီး၊ အထူးစစ်ရေးအသုံးပြုယာဉ် ၅ စီး ပျက်စီးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။

ရုရှားဘက်က ဇန်နဝါရီလအတွင်း ယူကရိန်းစစ်သား ၆၅၀၀ ကို သုတ်သင်၊ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပေ မယ့်  ကျဆုံးမှုကိုတော့  ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ယူကရိန်းဘက်ကတော့ ရုရှားတွေ ကျူးကျော်ခဲ့မှုတစ်နှစ်အတွင်း စစ်သားပေါင်း ၁၃၃၁၉၀ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

MKF-001

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့သတင်း

မိုဘိုင်းဖုန်းကနေ ဘတ် ၅သောင်းအထက်ငွေလွှဲရင် မျက်နှာစကင်ဖတ်စနစ် မဖြစ်မနေသုံးဖို့ ထိုင်းဗဟိုဘဏ် အမိန့်ထုတ်

မဲခေါင်၊ မတ် ၁၁ ဆိုက်ဘာလိမ်လည်မှုတွေ များလွန်းလာတာကြောင့် ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံအတွင်းက ဘဏ်တွေအားလုံး မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးပြီး အကောင့်ပိုင်ရှင်တွေဟာ ငွေပမာဏများများလွှဲရင် ဇီ၀စကင်န်ဖတ်မှုတွေ မဖြစ်မနေ လုပ်ရတော့ပါမယ်။
ကမ္ဘာ့သတင်း

VIP ထောင်ခန်းတွေ ဝယ်နေနိုင်တယ်ဆိုတဲ့သတင်း ထိုင်းအကျဉ်းဦးစီးဌာန ငြင်းဆို

မဲခေါင်၊ မတ် ၁၀ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဗီအိုင်ပီခန်းတွေ ဝယ်နေလို့ရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ထိုင်းအကျဉ်းဦးစီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့သတင်း

နျူကလီးယား တိုက်ခိုက်မှုကြောင့် ဓာတ်ရောင်ခြည်သင့် ကာကွယ်ဆေးတွေသောက်ထားဖို့ သတိပေးချက်ကြောင့် ရုရှားတွေ ဝရုန်းသုန်းကားဖြစ်

မဲခေါင်၊ မတ် ၁၀ ရုရှားနိုင်ငံမှာ နျူကလီးယား တိုက်ခိုက်ခံရပြီဆိုပြီး မတ် ၉ ရက်နေ့က ရုပ်သံတွေ၊ ရေဒီယိုတွေကနေ အန္တရာယ် သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့လို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။