ကမ္ဘာ့သတင်း

ယူကရိန်းကိုပစ်တဲ့ ဒုံးကျည်တွေနဲ့ ဗြိတိန်ကို ရုရှားပစ်ရင် ဖျက်ချစရာမရှိဘူးလို့ စစ်ဗိုလ်ချုပ်ဟောင်းဆို

မဲခေါင် 23 May - 2024
ဗြိတိန်ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်း ရစ်ချက်ဘာရွန်နဲ့ The Sun သတင်းဌာနရဲ့ စစ်ရေးအယ်ဒီတာ ဂျရုန်း စတာကေးနဲ့ တွေ့ဆုံပြောကြားတဲ့ World at War ရှိိုးအစီအစဉ်မှာ ရုရှားက ယူကရိန်းကို ပစ်ခတ်တိုက်ခိုက် နေတဲ့ ဒုံးကျည်တွေနဲ့ ဗြိတိန်ရဲ့ မြို့တော်လန်ဒန်ကို ပစ်ခတ်လာရင် ခုခံပစ်ချဖို့ တတ်နိုင်မှာမဟုတ်ဘူးလို့ ရစ်ချက်ဘာရွန် က သုံးသပ်ပြောကြားသွားပါတယ်။

မဲခေါင်၊ မေ ၂၃

ဗြိတိန်ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်း ရစ်ချက်ဘာရွန်နဲ့ The Sun သတင်းဌာနရဲ့ စစ်ရေးအယ်ဒီတာ ဂျရုန်း စတာကေးနဲ့ တွေ့ဆုံပြောကြားတဲ့ World at War ရှိိုးအစီအစဉ်မှာ ရုရှားက ယူကရိန်းကို ပစ်ခတ်တိုက်ခိုက် နေတဲ့ ဒုံးကျည်တွေနဲ့ ဗြိတိန်ရဲ့ မြို့တော်လန်ဒန်ကို ပစ်ခတ်လာရင် ခုခံပစ်ချဖို့ တတ်နိုင်မှာမဟုတ်ဘူးလို့ ရစ်ချက်ဘာရွန် က သုံးသပ်ပြောကြားသွားပါတယ်။

လက်ရှိ ရုရှားတပ်တွေ ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်နေတဲ့ Kh-101 ဒုံးကျည်တွေဟာ ရုရှားပိုင်နက်ထဲကနေပဲ ၃၆၀ ဒီဂရီပတ်လည်ကို တစ်နာရီ မိုင် ၆၀၀ နှုန်းရှိတဲ့ အမြန်နှုန်းနဲ့ ပစ်ခတ်နိုင်တာကြောင့် လန်ဒန်မြို့ကိုလည်း မိနစ် ၉၀ အတွင်း အရောက်ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ရစ်ချက်ဘာရွန်က ဆိုပါတယ်။

ဒီဒုံးကျည်ဟာ ပျံသန်းချိန် ၁၀ နာရီအထိရှိပြီး ပူတင်သာ အမိန့်ပေးခဲ့ရင် အလုံးပေါင်း ၆၀ ကနေ ၉၀ အထိ တစ်ပြိုင်တည်း လန်ဒန်ကို ကျရောက်လာနိုင်ကြောင်း၊ ယူကရိန်းမှာ နိုင်ငံတကာက ထောက်ပံ့ထားတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးဖျက်စနစ်တွေ အများအပြားရှိနေချိန် ဗြိတိန်မှာ ဒီလောက်မရှိလို့ တားဆီးနိုင်ဖို့ မဖြစ်နိုင်ကြောင်း၊ ဒုံးကျည်ဟာ ခေတ်နောက်ကျတယ်ပြောတာတောင် ကီလိုမီတာ ၂၈၀၀ အကွာကို ရုရှားနယ်ထဲက ကိုယ်ပျောက်လေယာဉ်ပေါ်ကနေ ပစ်ရင် မိနစ် ၉၀ သာကြာပြီး လန်ဒန်ကိုရောက်လာမှာဖြစ်ကြောင်း၊ အနီအောက် ရောင်ခြည်ရှောင်လွှဲနိုင်တဲ့ နည်းပညာထည့်သွင်းထားလို့ ရေဒါမိဖို့မလွယ်သလို ပေါက်ကွဲ အား ၅၀၀ ကီလိုဂရမ်ပါတဲ့ ထိပ်ဖူးနဲ့ ၂ မိတာအတွင်းပစ်မှတ်ကို တိကျစွာပစ်နိုင်လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တံခါးပေါက်အထိ ပစ်နိုင်တယ်လို့ ရစ်ချက်ဘာရွန်က သတိပေးပြောကြားသွားခဲ့ပါတယ်။

ရုရှားဟာ လက်ရှိမှာ ယူကရိန်းစစ်မြေပြင်ဆီကို ကီလိုမီတာ ၂၅၀၀ အကွာအဝေးအထိ ရေငုပ်သင်္ဘောကနေ ပစ်တဲ့ Kalibr ဒုံးကျည်တွေနဲ့လည်း ပစ်ခတ်နေပြီး ဒီဒုံးကျည်ဟာလည်း ဗြိတိန်အထိ ပစ်ခတ်နိုင်တဲ့အထဲပါဝင်ကြောင်းနဲ့ လက်ငင်းမှာတော့ ပစ်ခတ်လာစရာမရှိသေးပေမယ့် မကြာခင်ကာလအတွင်း အထူးသတိထားပြင်ဆင်သင့်တဲ့ ကိစ္စ လို့လည်း ရစ်ချက်ဘာရွန်က ဆိုပါတယ်။

MKF – 001
Ref:Thesun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ကမ္ဘာ့အဆိုးရွားဆုံး ဖိလစ်ပိုင်လေဆိပ်မှာ ဗီဇာကျော်လို့ ငွေတောင်းမှု မကျေနပ်လို့ ဗီယက်နမ်သူ ဝတ်လစ်စလစ်နဲ့ လူအုပ်ထဲလျှောက်သွား

ကမ္ဘာ့အစည်ကားဆုံးနဲ့ ဝန်ဆောင်မှု အညံ့ဆုံးအဆင့် သတ်မှတ်ခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က နီနွိုင်အာကွီနိုလေဆိပ်မှာ အသက် ၃၄ နှစ်အရွယ် ဗီယက်နမ်သူ ငုယင်သိုင်ထရန်ဆိုသူဟာ
ကမ္ဘာ့သတင်း

ပူတင်ဘက်ပြောင်း ယူကရိန်းအမျိုးသား သစ္စာဖောက် မြို့တော်ဝန်ဟောင်း ရုရှားနေအိမ်မှာ သုတ်သင်ခံရ

ယူကရိန်းကို ရုရှားကျူးကျော် တိုက်ခိုက်တဲ့ အစောပိုင်းနေ့တွေ ကတည်းက ယူကရိန်းနိုင်ငံ ခါကိဗ်ဒေသကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်အောင် သစ္စာဖောက်ပြီး ဝင်ရောက်ခွင့်ပြုခဲ့တဲ့ ခါကိဗ်ဒေသ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဟာဗားနားဆိပ်ကမ်းရောက်လာတဲ့ ရုရှားရေယာဉ်စုကို ကျူးဘားက သူရဲကောင်းသဖွယ် သေနတ် ၂၁ ချက်ပစ်ဖောက် ကြိုဆို

ဗိုလ်ချုပ်ဂျော့ချ်ကော့ဗ် အမည်ရ တိုက်သင်္ဘော၊ နျူကလီးယားစွမ်းအင်သုံး ကာဇန်ငုပ်သင်္ဘောအပါ အရန်စစ်သင်္ဘော ၂ စီးနဲ့အတူ ဇွန် ၁၂ ရက်မှာ ကျူးဘားနိုင်ငံ ဟာဗားနားကျွန်းကို ဆိုက်ကပ်လာတဲ့ ရုရှားရေယာဉ်စုကို ကွန်မြူနစ်နိုင်ငံ ကျူးဘားက သူရဲကောင်းတွေ ကြိုဆိုမှုအဖြစ် သေနတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မိုးသီးမုန်တိုင်းကြုံလို့ ဩစတြီးယားလေယာဉ် ထိပ်ဖူးပဲ့ထွက် လွင့်စင်ခဲ့ပေမယ့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့

ဇွန် ၉ ရက်နေ့က စပိန်နိုင်ငံ မာယော့ကာလေဆိပ်ကနေ ဩစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်ကို ထွက်ခွာလာတဲ့ ဩစတြီးယား လေကြောင်းလိုင်းပိုင် Airbus A320 ဟာ ကွင်းဆင်းဖို့ မိနစ် ၂၀ လောက်သာ လိုတော့ချိန် မိုးသီးမုန်တိုင်းနဲ့တိုးလို့ လေယာဉ်ဦးပိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားနဲ့ ဘီလာရုစ်ပေါင်းပြီး ဒုတိယအဆင့် နျူကလီးယား စစ်ရေးလေ့ကျင့်မှု စတင်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနိုင်ငံထဲ မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်စစ်သားတွေနဲ့ ရုရှားစစ်သားတွေ ပူးပေါင်းပြီး ဒုတိယအဆင့် နျူးကလီးယား စစ်ရေးလေ့ကျင့်မှု စတင်နေပြီဖြစ်ကြောင်း ဇွန် ၁၁ ရက်မှာ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

နယ်ကျော်ပြီး စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ ဝင်လာလို့ တောင်ကိုရီးယား ခြောက်လှန့် ပစ်ခတ်ခဲ့

ဇွန်လ၊ ၉ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂:၃၀ နာရီ အချိန်လောက်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်ထဲ မြောက်ကိုရီးယားစစ်သားတွေ ဝင်ရောက်လာလို့ တောင်ကိုရီးယားဘက်က ခြောက်လှန်ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း ဆိုးလ်မြို့ ကာကွယ်ရေးဦးစီးချုပ်များရုံးက ဇွန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းစစ်ပွဲအတွင်း လစဉ် ရုရှားစစ်သား ၅၀၀၀ သေဆုံးကြောင်း ပူတင်ပထမဆုံးအကြိမ် ဝန်ခံ

ရုရှားသမ္မတ ပူတင်ဟာ စိန့်ပီတာစဘာ့ဂ်နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ နိုင်ငံတကာဂျာနယ်လစ်တွေနဲ့ရှားရှား ပါးပါးတွေ့ဆုံစဉ် ယူကရိန်းစစ်ပွဲကာလအတွင်းပထမဆုံးအကြိမ်အဖြစ် ရုရှားစစ်သား တစ်လ ၅၀၀၀ နှုန်း ကျဆုံးခဲ့ကြောင်း ဝန်ခံပြောကြားသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အမှိုက်နဲ့ အညစ်အကြေးတွေပါတဲ့ ပူပေါင်း အလုံး ၂၀၀ ကျော် တောင်ကိုရီးယားဘက်ကို မြောက်ကိုရီးယား လွှတ်တင်

မြောက်ကိုရီးယားဟာ နယ်စပ်ကနေ စွန့်ပစ်အမှိုက်နဲ့ အညစ်အကြေးတွေပါတဲ့ ပူပေါင်း အလုံး ၂၀၀ ကျော်ကို တောင်ကိုရီးယားဘက် လွှတ်တင်ကျရောက်စေပြီး စော်ကားခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံးက မေ ၂၉ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now